Lifestyle

ကျောက်ကပ်နဲ့ ပလပ်စတစ်

အစားအသောက် ပူပူတွေကို ပလပ်စတစ်အိတ်တွေ၊ ပလပ်စတစ်နဲ့ ပြုလုပ်တဲ့ အသုံးအဆောင်တွေထဲ ထည့်ပြီးစားပါက ကျောက်ကပ်မှာ ကျောက်တည်စေနိုင်တယ်လို့ ကျန်းမာရေး သုတေသန တွေ့ရှိချက်တွေက ဆိုပါတယ်။ ပလပ်စတစ် ပစ္စည်းတွေဟာ ရေနံ (petroleum) ကနေ ပြုလုပ်ထားတဲ့ ဓာတုပစ္စည်းတွေ ဖြစ်ပြီး ဓာတ်တုပစ္စည်းတွေဟာ အပူနဲ့ ထိတွေ့ရင် ဓာတ်ပြုလွယ်တဲ့ သဘောရှိပါတယ်။ အဲဒီလို ဓာတ်ပြုတာကနေ ကျန်းမာရေး အတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင် ပါတယ်။

ဒါကြောင့် လက်ဖက်ရည်၊ ဟင်းရည်ချို၊ ထမင်း၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော် အပါဝင် ပူပူနွေးနွေး ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို ပလပ်စတစ်အိတ်တွေ၊ ပလပ်စတစ် အသုံးအဆောင်တွေထဲ ထည့်ပြီး အသုံးမပြုကြဖို့ ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းထားတာပါ။

ကျောက်ကပ်နဲ့ ပလပ်စတစ်

ပလတ်စတစ် ပန်းကန်တွေနဲ့ အပူချိန်မြင့်တဲ့ အစားအစာကို ထည့်ယူ စားသုံးပါက ကျောက်ကပ်မှာ ကျောက်တည် စေနိုင်တယ်လို့ ထိုင်ဝမ် သုတေသီတွေက လေ့လာဖော်ထုတ်ခဲ့ပါတယ်။

လေ့လာမှု အရ ခေါက်ဆွဲပူပူ စားသုံးသူတွေကို အုပ်စု နှစ်စုခွဲပြီး လေ့လာခဲ့ခြင်း ဖြစ်ပြီး ပထမအုပ်စုကို ပလတ်စတစ် ပန်းကန်နဲ့ စားသုံးစေခဲ့ပြီး ဒုတိယ အုပ်စုကို ကြွေပန်းကန်နဲ့ စားသုံးစေခဲ့ပါတယ်။ စားသုံးပြီး ၂ နာရီတိုင်းမှာ စားသုံးသူတွေရဲ့ ဆီးနမူနာတွေကို ရယူခဲ့ပြီး၊ ၁၂ နာရီ အတွင်း ၆ ကြိမ်တိုင်တိုင် ရယူကာ စမ်းသပ်မှုတွေ ပြုလုပ်ပါတယ်။

၃ ပတ်ကြာတိုင် အုပ်စုနှစ်စုခုရဲ့ ဆီးနမူနာတွေ ရယူ စမ်းသပ်လေ့ပြီးတဲ့ နောက်မှာတော့ ပလတ်စတစ် ပန်းကန် အသုံးပြုသူတွေရဲ့ ဆီးနမူနာမှာ ပလတ်စတစ် ကွန်ပေါင်း 8.5 microgram ပမာဏကို တွေ့ရှိခဲ့ရပြီး၊ ကြွေပန်းကန် အသုံးပြုသူတွေမှာတော့ ကျန်းမာရေးကို အန္တရာယ် ပြုနိုင်တဲ့ အဆိုပါ ကွန်ပေါင်းကို မတွေ့ကြရဘူး လို့ ဆိုပါတယ်။

ထိုင်ဝမ် Kaohsiung Medical University က သုတေသီ Dr. Chia Fang Wu က အစားအစာပူပူကို ပလတ်စတစ် အသုံးအဆောင်တွေနဲ့ စားသောက်ခြင်းဟာ ကျောက်ကပ်မှာ ပလတ်စတစ် ကွန်ပေါင်းတွေ အနည်ထိုင်စေကြောင်း၊ ပလပ်စတစ် ကွန်ပေါင်းတွေဟာ အချိန်ကြာလာတဲ့အခါ ကျောက်ကပ်တွင်းမှာ ကျောက်တည်လာနိုင်ကြောင်း ဆိုပါတယ်။

သူက ဆက်လက်ပြီး ချက်ချင်း မသိသာပေမယ့် အချိန်ကြာလာတဲ့အခါ ဆီးသွားရ ခက်ခဲတာတွေ၊ ဆီးအိမ်မှာ ကျောက်တည်တာတွေ ကြုံရနိုင်ပြီး ခွဲစိပ်ရတဲ့ အခြေအနေကို ရောက်နိုင်ကြောင်း၊ ပလပ်စတစ်က ကျောက်ကပ်ကို ပျက်စီးစေနိုင်ကြောင်း၊ ကျောက်တည်ခြင်းနဲ့ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်ကြောင်း JAMA Internal Medicine အထွေထွေ ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

Loading