• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

“စိတ်ထားအဆင်ပြေတဲ့ ချစ်သူမျိုးပါ”လို့ ချစ်သူအကြောင်း ဖွင့်ဟလာတဲ့ မိတ်ကပ် မထက်

by ဧရာဝတီ
27 November 2016
in Lifestyle
A A
မိတ်ကပ် မထက်(Pop Soul) / ဂျေပိုင် / ဧရာဝတီ

မိတ်ကပ် မထက်(Pop Soul) / ဂျေပိုင် / ဧရာဝတီ

46.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ လိင်ခွဲစိတ်ပြုပြင်ထားခြင်းကို ပေါ်ပေါ်တင်တင် ဝန်ခံပြောဆိုထားပြီး လူအများလည်းသိလာကြတဲ့ နာမည်ကျော် မိတ်ကပ်ပညာရှင်တဦးရှိပါတယ်။ သူကတော့ မိတ်ကပ်ပညာရှင် မထက်( Pop Soul) ပဲ ဖြစ်ပါတယ်။ မထက်က ပြီးခဲ့တဲ့ ဧပြီလမှာတုန်းက ထိုင်းနိုင်ငံတွင် လိင်ခွဲစိတ်ပြုပြင်ထားခဲ့ပြီး ယခုအခါမှာ အမျိုးသမီးဘဝကို ခံယူနေထိုင်နေသူလည်းဖြစ်ပါတယ်။မြန်မာ့လူမှုအသိုင်းအဝိုင်းမှာတော့ ဒီလိုမျိုး လိင်ခွဲစိတ်ပြုပြင်ပြောင်းလဲထားတာကို အများပြည်သူ့ရှေ့မှာ ထုတ်ဖော်ပြောပြဖို့ဆိုတာ ရှက်စရာတခုအဖြစ် သတ်မှတ်ကြ မြင်တတ်ကြပေမယ့် မိတ်ကပ် ပညာရှင် မထက်ကတော့ အမျိုးသားလိင်အဖြစ်မှ အမျိုးသမီးလိင်အဖြစ်ကို ခွဲစိတ်ပြုပြင်လိုက်ခြင်းအား ပွင့်လင်းစွာ ဝန်ခံပြောဆိုခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် မထက်က အသံပိုင်းဆိုင်ရာမှာလည်း အမျိုးသမီးနဲ့ အနီးစပ်ဆုံးတူအောင် လည်ချောင်း ခွဲစိတ်ပြုပြင်ခြင်းကိုပါ ပြုလုပ်ထားသူလည်းဖြစ်ပါတယ်။

သူ့ကို မိတ်ကပ်၊ ဒီဇိုင်းပညာရှင်အနေနဲ့ အများနှစ်သက်လက်ခံထားနိုင်ခဲ့ပေမယ့် အများရဲ့နောက်ကွယ်မှာ လူမသိသေးတဲ့ သူတို့ရဲ့ အချစ်ရေး ခံစားချက် တွေလည်း ရှိလို့နေပါတယ်။ သူ့အနေနဲ့ လက်ရှိမှာ အရမ်းချစ်ရတဲ့ ချစ်သူရှိပေမယ့် ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကြောင့် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ သူ့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောပြလာတဲ့ မိတ်ကပ်ပညာရှင် မထက်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
339
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
396
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
898

မေး။ ။အမျိုးသမီးလိင်အဖြစ်ခွဲစိပ်ကုသမှုခံယူပြီးတဲ့နောက်ပိုင်းမှာ ကျန်းမာရေးအခြေအနေနဲ့ လက်ရှိအခြေအနေကို သိချင်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပိုင်းကရော ဘယ်လိုရှိလာလဲ။

ဖြေ။ ။ကိုယ့်ကိုကိုယ်ယုံကြည်မှုအပိုင်းက အရင်ကထက် ပိုပြီးတော့ရှိလာတယ်။ အရင်က မထက် အိမ်သာဆိုရင် တတ်နိုင်သမျှ မဝင်ဘူး။ ကိုယ်သွားခွင့်မရတဲ့နေရာတွေ အရမ်းများတယ်လို့ ကိုယ့်ကိုကိုယ်ခံစားရတယ်။ အခုချိန်မှာ ဘယ်နေရာသွားသွား မထက် ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း ပိုရှိလာသလို ကိုယ့်ကိုပြောလာခဲ့ရင်တောင်မှ ကိုယ့်ကိုစစ်ဆေးလာခဲ့ရင်တောင်မှ ဒီနေ့ဒီအချိန်မှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖန်တီးထားတဲ့အတွက် ကိုယ့်ကိုကိုယ်လုံခြုံမှုရှိတယ်လို့ ပိုခံစားရတယ်။ နောက်ထပ် မထက် ခန္ဓာကိုယ်ပိုင်း ပိုလှချင်တယ်။ Gym လဲ ကစားမယ်။ မသေသရွေ့တော့ အတ္တတွေနဲ့ အပြည့်ပါပဲ။ ကျန်တာအားလုံးအဆင်ပြေပါတယ်။ ကျန်းမာရေးရော စိတ်ရော ပိုအေးချမ်းတယ်။

မေး။ ။အများစိတ်ဝင်စားကြတဲ့ မထက်ရဲ့ အချစ်ရေးက ဘယ်လိုရှိနေလဲ။

ဖြေ။ ။အချစ်ရေးကလား.. တယောက်တည်းတော့နေမယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် မနေချင်ဘူး။ အဲ့ဒီလိုပဲ အမြဲလိမ်ပြောနေကြလေ။ အချစ်ရေးက တကယ်တမ်းစဉ်းစားတဲ့အခါ အသက်အရွယ်အရရော အကုန်စဉ်းစားရတယ်။ ကိုယ်ကကြိုက်လို့ သူကလည်းပြန်ကြိုက်ရင်တော့ သ့ူအသိုင်းအဝိုင်းက လက်ခံလား၊ လက်မခံဘူးလားက ပြန်စဉ်းစားရသေးတယ်။ အဲ့ဒါက ကိုယ်နဲ့ရေရှည်လက်တွဲဖို့ ဖြစ်မဖြစ်က စဉ်းစားရပြန်ရောလေ။ ယောကျာ်းလေးအများစုကလည်း လူသိမှာ အသိုင်းအဝိုင်းက လက်မခံမှာကို အရမ်းကြောက်ကြတယ်လေ။

မေး။ ။မထက်အနေနဲ့ရော အချစ်ရေးနဲ့ပတ်သက်ရင် ကိုယ်ကပံ့ပိုးပေးခဲ့ပြီး ကိုယ်ကိုထားသွားခဲ့တဲ့သူမျိုးနဲ့ ကြုံခဲ့ဖူးလား။

ဖြေ။ ။အဲ့ဒီလိုမျိုးတော့ မရှိဘူး။ မထက်ကို ပံ့ပိုးပေးမှပဲရမယ်။ မထက်ကတော့ ပံ့ပိုးဖို့ အစီအစဉ်လုံးဝမရှိပါဘူး။ အဲဒါနဲ့ ပတ်သက်ရင် နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မယ့် အနေအထားပဲကြိုက်တယ်။ ကိုယ်ဘက်ကချည်းပဲ ပံ့ပိုးရမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မထက်အခြေအနေကလည်း အဲ့ဒီလောက်ထိ ပံ့ပိုးပေးနိုင်တဲ့ အခြေအနေ မျိုးမရှိဘူးလေ။

မေး။ ။အိမ်ထောင်ပြုဖို့ရော အစီအစဉ်ရှိလား။

ဖြေ။ ။ကိုယ့်ဘက်ကတော့ ကျိန်းသေတယ်။ ဖိတ်စာက တခြမ်းရိုက်ပြီးပြီ။ သူဘက်ကတော့ ရဲတိုင်ထားတယ်လေ.. ဟားဟား .. နောက်တာပါ။ အဲ့ဒီလိုမျိုးပေါ့ နှစ်ယောက်က ယူဖို့အထိတော့ စိတ်ကူးကြတယ်။ မိဘချင်း တွေ့ကြဖို့ စဉ်းစားထားကြတဲ့ထိ ရှိဖူးတယ်။ ဒါပေမယ့်ရေရှည်ကြတော့ အသိုင်းအဝိုင်းတွေကြားမှာ အပြောခံရမယ့် အဖြစ်မျိုးတွေ ရှိလာတော့ နှစ်တွေကြာလာတဲ့အခါ ကြောက်လာပြီးတော့ မလုပ်ဖြစ်ကြတော့တာ ဖြစ်တယ်။ အဲ့ဒါကြောင့်မို့ မထက်ကတော့မမျှော်မှန်းတော့ဘူး။ အိမ်ထောင်လည်းပြုချင်ပါတယ်။ ဒါပေမယ့် ဖြစ်ဖို့ကတော့ အရမ်းခဲယဉ်းတယ်။ မထက်က ကလေးချစ်တတ်တယ်၊ မထက်ရည်းစားကလည်း ကလေးချစ်တတ်တယ်။ အငှားကိုယ်ဝန်ဆောင်တာမျိုးပဲဖြစ်ဖြစ်၊ ကလေးမွေးစားတာမျိုးပဲဖြစ်ဖြစ်သူက လုပ်ချင်ပေမယ့် မထက်ကျတော့ အဲ့ဒါမျိုးတွေ မလုပ်ချင်ဘူး။ တကယ်တမ်း ကိုယ့်ကလေးမဟုတ်ဘူးလေ။ ကိုယ်ကလက်ခံနိုင်တောင်မှ တချိန်ကျရင်ကျောင်းတက်တဲ့ အရွယ်ကျရင် ကလေးကို ဝေဖန်ခံရတဲ့အခါမျိုးမှာ ကလေးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ဖြစ်လာမယ့် စိတ်အခြေအနေကို မထက် အားနာ တယ်။ ကိုယ့်ကြောင့် ကလေးကို မထိခိုက်စေချင်ဘူး။ အဲ့ဒါတွေတွေးပြီး မထက် မမျှော်မှန်းတော့ဘူး။ တချိန်ချိန်မှာ ဖြစ်လာခဲ့ရင်တော့ အရမ်းပျော်မိမှာ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က မင်္ဂလာဆောင်ချင်တယ်။ ဂါဝန်လှလှလေးလည်း ဝတ်ချင်တယ်လေ။ ထိုင်မသိမ်းတွေလည်း ဝတ်ချင်သေးတယ်။

မထက်ချစ်သူကတော့ အဲ့ဒီလောက်အများကြီး လျှောက်မတွေးပါနဲ့လို့တော့ ပြောတာရှိတယ်။ မထက်ကျတော့လည်း ဒါက မတွေးလို့မရဘူးလေ။ တကယ်လက်တွေ့ဘဝထဲကို ရောက်တဲ့အခါ ဒဏ်ခံနိုင်ကြမှာ မဟုတ်ဘူးလေ။ အဲဒါတွေ ကြောင့် မင်္ဂလာပွဲကို မစဉ်းစားတော့ဘူး။ ရေရှည်ချစ်ဖို့ မချစ်ဖို့ကိုလည်း မစဉ်းစားတော့ဘူး။ လက်ရှိအဆင်ပြေဆုံး အချိန်လေးမှာပဲ အကောင်းဆုံးနေလိုက်တော့မယ်ဆိုတဲ့ စိတ်ပဲထားတယ်။

မေး။ ။မထက်ချစ်သူနဲ့ပုံကို အွန်လိုင်းမှာတင်တာလဲ မတွေ့ရဘူး။

ဖြေ။ ။ရည်းစားရှိတယ်ဆိုရင် နောက်လူတွေမလာမှာစိုးလို့.. စတာပါ။ မထက်တို့ကျတော့ လူသိခံလို့ရတဲ့ အတိုင်းအတာထဲမှာမပါဘူးလေ။ သူ့ဘက်အသိုင်းအဝိုင်းကျတော့လည်း လူသိမခံဘူးပေါ့နော်။ သူက ပြဿနာ မရှိဘူးဆိုသော်ငြားလည်း သူ့မိဘအသိုင်းအဝိုင်းတွေကျတော့ ပြဿနာရှိတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ရေရှည် သွားနိုင်တယ်ဆိုရင်တော့ ကိစ္စမရှိဘူး။ တလ နှစ်လနဲ့ပြတ်သွားတာမျိုး၊ တနှစ် နှစ်နှစ်နဲ့ ပြတ်သွားတာမျိုး အဲဒါမျိုး လည်း မဖြစ်စေချင်ဘူး။ ဒါကြောင့် မထက်တို့နှစ်ယောက် အစကတည်းက အသိမပေးဘဲ မသိတဲ့အလျောက်ပဲ နေကြတယ်။ အဓိက သူရယ် ကိုယ်ရယ် ချစ်နေဖို့ပဲ လိုတယ်လို့ မထက်ကတော့ထင်တယ်။

မေး။ ။မထက်ကို ချစ်သူက အရမ်းချစ်ပြီး Surprise လက်ဆောင်တွေလည်း ပေးတယ်လို့ကြားတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပါဦး။

ဖြေ။ ။အောင်မလေး အရမ်းများတာပေါ့။ မထက်ချစ်သူကလေ အရမ်းကို ယုယကြင်နာတတ်တယ်။ အထူးတဆန်း တွေ အံ့သြအောင်အမြဲလုပ်ပေးတတ်တယ်။ မထက်က အဲ့ဒီလို လုပ်တတ်တဲ့လူစားမဟုတ်ဘူး။ သူက အဲ့ဒီလို လုပ်တတ်တဲ့ လူစားလေ။ မထင်မှတ်တာတွေ အများကြီးလုပ်ပေးတတ်တယ်။ မွေးနေ့တွေမှာ အထိမ်းအမှတ်နေ့ တွေမှာလေ။ တခါတလေကျရင် ကိုယ်စိတ်ဆိုးတဲ့နေ့တွေမှာလေ။ ကိုယ့်ကို အထူးတလည်လက်ဆောင်တွေ ဖန်တီး ပေးတတ်တယ်။ ဒါပေမယ့် ဖေ့စ်ဘုတ်ပေါ်ကို တင်လေ့တော့မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အပျော်ကို မျှေ၀ ပေးနိုင်မယ့်သူ ရှိပေမယ့် တခါတလေကျရင် ဝေဖန်တိုက်ခိုက်တဲ့အခါမျိုးမှာ သူစိတ်မကောင်းဖြစ်မှာမျိုးတွေကို စိုးရိမ်တယ်။ ဒါပေမယ့် မထက်ချစ်သူက စိတ်ထားက တော်တော်ကိုအဆင်ပြေတဲ့သူမျိုးပါ။ ဝေဖန်တာတွေလည်း သူက သိပ်တော့ ဂရုမစိုက်တတ်ဘူး။ တချို့တွေကတော့ သူ့ကိုသိပါတယ်။ မြင်ဖူးတယ်။ အွန်လိုင်းမှာသာ မထက်က ပုံတွေတင်လေ့မရှိတာ။ အပြင်မှာတော့သူ့ကို မြင်ဖူးကြတယ်။

မေး။ ။မထက်ချစ်သူရဲ့ အကြောင်းကိုနည်းနည်းလောက် ပြောပြပေးပါ။

ဖြေ။ ။မထက်ချစ်သူက မထက် ထက်ငယ်တယ်ဆိုပေမယ့် ကိုယ်ထက်ကြီးသလိုခံစားရတယ်။ သ့ူလုပ်ငန်းတွေလည်း လုပ်နေတော့ သူက တကယ့်ကို လူကြီးတယောက် အသက်အရွယ်ကြီးတဲ့ သူတယောက်လို ခံစားမိတယ်။ ကိုယ့်အပေါ်ကို အရမ်းကိုဦးဆောင်တယ်။ ကိုယ်ဖုန်းတချက်ဆက်ရုံနဲ့ အရာရာကို ဖန်တီးပေးနိုင်တယ်။ အဲ့ဒါကိုလည်း အရမ်းသဘောကျတယ်။ သူ့ကိုကြိုက်တဲ့အချက်တွေက အရမ်းအားကိုးရပြီး ဦးဆောင်နိုင်းစွမ်းအရမ်းရှိလို့ သဘောကျတာ။

မေး။ ။မထက်တို့လို လူမျိုးအတွက် သာမန်လူတွေထက်စာရင် အချစ်ရေးမှာ
အခွင့်အရေးဆုံးရှုံးရတယ်လို့ ခံစားမိလား။

ဖြေ။ ။ကိုယ်က သဘာဝမှ မဟုတ်တာနော်။ အဲ့ဒီအတွက်ကြောင့် သဘာဝနဲ့မတူတဲ့ အခက်အခဲမျိုးတွေရှိမယ်။ အခိုက်အတန့်တွေရှိမယ်။ စိတ်ဆင်းရဲရတာမျိုးတွေလည်းရှိတယ်။ ဒါပေမယ့် မထက်က လက်ခံနိုင်တယ် ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က သဘာဝမှ မဟုတ်တာ။ အဲ့ဒီအတွက်ကြောင့် သူများနဲ့တန်းတူ အခွင့်အရေး ရချင်မှ ရမယ်။ ရတယ် မရဘူးဆိုတာကလည်း ကိုယ့်စိတ်ပေါ်မှာပဲ မူတည်တာပါ။ မထက်အနေနဲ့တော့ပျော်တယ်။ မထက်ရဲ့ လက်ရှိ အနေအထားလေးကို အဲဒါလေးက ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ပဲ ဆိုင်လို့လေ။ မထက်အနေနဲ့ကတော့ ပျော်ပါတယ်။ တခါတလေကျရင်တော့ သူများလိုပေါ့ Relationship တင်တာမျိုး အထိမ်းအမှတ်နေ့တွေမှာ ပိုပျော်ရတဲ့ဟာမျိုးလေး တွေ တင်ချင်တယ်။ တခါတလေကျရင် လက်ဆွဲပြီး လျှောက်သွားချင်တယ်။ လျှောက်စားချင်တယ်။ ဒါပေမယ့် မထက်တို့ကျတော့ ဘုရားသွားတယ်ဆိုရင်တောင် သူသပ်သပ်၊ ကိုယ်သပ်သပ်သွားရတာမျိုးလေ။ သူကတော့ သူ့အသိုင်းအဝိုင်းထဲ ကိုယ်ကို အကုန်ခေါ်သွားတယ်။ အဲဒါကြောင့်မို့ ကိုယ်ကအားနားတာ။ ကိုယ့်ကြောင့်သူ ကွယ်ရာမှာ အပြောခံရမှာ အလှောင်ခံရမှာ ကြောက်တယ်။ သူကတော့ ဂရုမစိုက်ဘူး။ ရုံးလည်းခေါ်သွားတာပဲ။

တခါတလေကျရင် ပါတီလည်းခေါ်သွားတာပဲ။ အဲဒါမျိုးတွေ ရှိတယ်။ သူ့ဝန်ထမ်းတွေကြားထဲလည်းခေါ်သွားတာပဲ ကိုယ်ကိုထားခဲ့တယ်ဆိုတာမျိုး သူမှာ မရှိဘူး။ အလှူတွေ မင်္ဂလာဆောင်တွေ သွားတာမျိုးလည်း ခေါ်သွားတယ်။ သူက ရေရှည်သွားမယ်လို့ပြောတယ်။ ကိုယ်ကတော့ မမျှော်မှန်းထားဘူး။ သူ့မှာလည်း သူ့အသိုင်းအဝိုင်းရှိတယ်လေ။ ဒီအချိန်မှာ သူ့ကို ဘာမှမပြောကြပေမယ့် တချိန်မှာ သူ့ကိုစွက်ဖက်လာမယ့် သူ့အသိုင်းအဝိုင်းတွေဆိုတာ ရှိလာမှာပါပဲ။ အဲ့ဒီအခါကျရင် ဒီလိုကြည်နူးနေတာ၊ သာယာနေတာတွေက ပျောက်ချင်ပျောက်သွားမှာပဲလေ။ အဲဒီအတွက်တော့ မထက် အမြဲ ကြိုတင်ပြင်ဆင်ထားတယ်။

မေး။ ။ ဒါဆို အချစ်ကို အချိန်မရွေးစွန့်လွှတ်နိုင်တယ်လို့ ဆိုလိုတာလား။

ဖြေ။ ။ဟုတ်တယ်။ မထက်သူ့ကိုအမြဲပြောတယ် ထားခဲ့တဲ့နေ့မှာ နေခဲ့မယ်လို့။ ထားခဲ့တဲ့အပေါ်မှာလည်း ဘာမှ ဝမ်းနည်းနေစရာမရှိဘူး။ ဝမ်းနည်းတဲ့အခါမှာ ငိုလိုက်မယ်။ လွမ်းတဲ့အခါမှာ ငိုလိုက်မယ်။ သူ့ကိုဘယ်တော့မှလည်း လိုက်နှောင့်ယှက်မှာလည်း မဟုတ်ဘူး။ မင်္ဂလာဆောင်တော့ လာမဖိတ်နဲ့လို့။ သတို့သမီးက လိမ်းပေးခိုင်းရင် မလိမ်းခိုင်းနဲ့နော်လို့ ခံစားနိုင်မှာမဟုတ်ဘူးလို့ သူကိုပြောထားတယ်။

မေး။ ။ဒီလိုမျိုး ချစ်ကြ ကြိုက်ကြတာကို လူ့အသိုင်းအဝိုင်းက လက်မခံကြတဲ့အခါ ကိုယ်အနေနဲ့ကရော ခံစားချက်က ဘယ်လိုဖြစ်မိလဲ။

ဖြေ။ ။ဒါကတော့ လူအမျိုးမျိုး၊ စိတ်အထွေထွေပေါ့နော်။ ခေတ်မီတဲ့ နိုင်ငံတကာမှာတောင်မှ အထိုက်အလျှောက် ရှိသေးတာဆိုတော့ ပြောတဲ့သူတွေအပေါ်ကိုလည်း အပြစ်မတင်ပါဘူး။ လူဆိုတာ ကိုယ်တိုင်ဖြစ်ဖူးမှ ကိုယ်ချင်းစာ တတ်တာလေ။ ကိုယ်မဖြစ်ဖူးသေးသရွေ့တော့ ကိုယ်ချင်းစာတတ်မှာမဟုတ်ဘူး။ အဲ့ဒီအတွက် မထက်ကတော့ ထူးပြီးတော့ ကိုယ့်အပေါ် ဝေဖန်လာတဲ့သူတွေကို တတ်နိုင်သမျှ မေတ္တာပဲထားတယ်။ ထွေထွေထူးထူးတုံ့ပြန်တာ မရှိပါဘူး။

Your Thoughts …
Tags: မိတ်ကပ် မထက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မိတ်ကပ်ပညာရှင် မထက် (Pop Soul) / ဝေဝေနှင်း / ဧရာဝတီ

ဧရာဝတီ ၂၅ နှစ်ပြည့်အတွက် မိတ်ကပ် မထက် (Pop Soul) ရဲ့ ဆုတောင်းစကား

by ယုဖြူဟန်
21 September 2018
16.4k

မိတ်ကပ် မထက်(Pop Soul)ကတော့ မြန်မာနိုင်ငံမှာ လက်ချိုးရေလို့ရတဲ့ လိင်ပြောင်းလဲ ခွဲစိတ်ထားတဲ့သူများထဲမှ တဦးအပါအဝင်ဖြစ်ပြီး

Next Post
လူမှုကွန်ရက် Facebook စာမျက်နှာတွင် ပျံ့နှံ့နေသော သေဆုံးသွားသည့် ဧရာဝတီ လင်းပိုင်မကြီး ဓာတ်ပုံ

ဧရာဝတီ လင်းပိုင်မကြီး ဘာကြောင့် သေဆုံးခဲ့ရသလဲ

ဒိုင်ယာရီထဲက တဆင့် ဒဏ္ဍာရီထဲ ဝင်ရောက်လည်ပတ်ခြင်း

ဒိုင်ယာရီထဲက တဆင့် ဒဏ္ဍာရီထဲ ဝင်ရောက်လည်ပတ်ခြင်း

No Result
View All Result

Recommended

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

1 day ago
5.1k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate