Lifestyle

အဆိုတော် လေးဖြူရဲ့ Single Song ဒီဇင်ဘာပထမပတ်မှာ ဖြန့်ချိမည်

ရော့ခ်ဂီတအဆိုရှင် လေးဖြူရဲ့ “ပထမနိုင်ငံတော်”(The First Emperor Myanmar) လို့ အမည်ပေးထားတဲ့ Single Song ကို လာမယ့် ဒီဇင်ဘာ ပထမပတ်အတွင်းမှာ အွန်လိုင်းကနေ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

ဒီ သီချင်းကတော့ သြဂုတ်လအတွင်း လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ပုဂံရှိ ရှေးဟောင်းစေတီပုထိုးများ ပျက်ဆီး ဆုံးရှုံးခဲ့ရခြင်းအတွက် ရေးစပ်သီဆိုထားခြင်းဖြစ်ပြီး သီချင်းရောင်းရသမျှငွေကြေးအားလုံးကို ပုဂံရှိစေတီပုထိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီသီချင်းကို ဖန်တီးသူတွေကတော့ စာသားကို ဒီဇိုင်နာမျိုးဆွေသန်းက ရေးသားပေးထားတာဖြစ်ပြီး အဆိုရှင် လေးဖြူက သံစဉ်ဖန်တီးကာ သီဆိုထားခြင်းဖြစ်ပါတယ်။

အဆိုတော် လေးဖြူရဲ့ Single Song ဒီဇင်ဘာပထမပတ်မှာ ဖြန့်ချိမည်

သီချင်းနဲ့ပတ်သက်လို့ “ဒီသီချင်းလေးကို ပါဝင်ဖန်တီးကြတဲ့သက်ဆိုင်သူအားလုံးက ခင်ဗျားတို့ကို ကိုယ်စားပြုတယ်လို့ ကျွန်တော်အာမခံနိုင်သလို၊ ဒီဆုံမှတ်လေးက ပုံဂံကို တန်ဖိုးထားသူ၊ ချစ်ခင်သူများရဲ့ အသံပါလို့ ရဲရဲအာမခံပြီး နှလုံးသားကလာတဲ့အတိုင်းဖြစ်ကြောင်းနဲ့ ဦးလေးဖြူရဲ့ အသံက ခင်ဗျားတို့ အသံရဲ့ ကိုယ်စားဖြစ်ပါတယ်လို့ အသိပေးအပ်ပါတယ်” လို့ ဒီဇိုင်နာမျိုးဆွေသန်းက သူရဲ့ ဖေ့စ်ဘုတ်မှာရေးသားထားတာ တွေ့ရပါတယ်။

“ပထမနိုင်ငံတော်” သီချင်းကို မြန်မာငွေကျပ် ၃၀၀ နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး Myanmar Music Store မှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၇ ဇန်နဝါရီလမှာတော့ MTV Track အနေနဲ့ ပုဂံအကြောင်း သိမှတ်ဖွယ်ရာ Documentary Track တို့ကို DVD အဖြစ် ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Loading