လျှပ်စစ်နဲ့ နည်းပညာပစ္စည်းများ ဖြန့်ဖြူးနေတဲ့ ကုမ္ပဏီတခုဖြစ်တဲ့ OPPO မှ အရေအတွက် အကန့်အသတ်ဖြင့် ထုတ်လုပ်လိုက်တဲ့ OPPO F1s Limited Edition စမတ်ဖုန်းကို မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့များမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
OPPO F1s Limited Edition စမတ်ဖုန်းကို အလုံးရေ တထောင်သာ အကန့်အသတ်နဲ့ ရောင်းချ ပေးသွားမှာဖြစ်ပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ OPPO မိုဘိုင်းဖုန်းဆိုင်များထဲမှ သတ်မှတ်ထားတဲ့ ဖုန်းဆိုင် ၃၀၀ မှာသာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
အဆိုပါ OPPO F1s Limited Edition စမတ်ဖုန်း မိတ်ဆက်ပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ ကျွန်းတောလမ်းနဲ့ ပြည်လမ်းပေါ်က Junction Square Shopping Center၊ ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကန့်သတ်အလုံးရေဖြင့်သာ ရောင်းချသွားမယ် OPPO F1s Limited Edition စမတ်ဖုန်းကို မျက်နှာပြင် အနက်ရောင်နဲ့ နောက်ကျောဖုံးမှာ မီးခိုးရောင် အသုံးပြုထားပြီး ယခင်ထွက်ရှိထားတဲ့ OPPO F1s စမတ်ဖုန်းထက် ပိုမို ဆန်းသစ်တဲ့ အရောင်သစ်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
“ကျနော်တို့ ဈေးကွက် Performance ပေါ်မူတည်ပြီး OPPO F1s Limited Edition စမတ်ဖုန်းကို ထပ်ထုတ်ရတာ ဖြစ်ပါတယ်။ ထူးထူးခြားခြား F1s ရဲ့ စွမ်းဆောင်ချက်တွေ ကောင်းတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ဒီ Limited Edition ဟာ ဈေးနှုန်းတူတယ်။ တခြားသော အရည်အသွေးတွေ တူတယ်။ ဒါပေမယ့် မတူညီ၊ ထူးခြားတဲ့ ကာလာတခုအနေနဲ့ တင်သွင်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒါတောင်မှ ကန့်သတ်အလုံးရေနဲ့ပဲ တင်သွင်းခွင့်ရခဲ့တာ” လို့ OPPO Myanmar ရဲ့ Communications Manager ကိုဝေဖြိုးအောင်က ဧရာဝတီကို ပြောပါတယ်။
မျက်နှာပြင်အရွယ်အစား ၅.၅ လက်မ အကျယ်ရှိတဲ့ OPPO F1s Limited Edition စမတ်ဖုန်းမှာ ထူးခြားချက်က Selfie ကင်မရာပါ။ Selfie ဘုရင်လို့ တင်စားခေါ်ဝေါ်တဲ့ OPPO F1s ဖုန်းရဲ့ အရှေ့ဘက် Selfie ကင်မရာ Beautify Mode 4.0 ပေါင်းစပ်ပေးထားတဲ့ 16 Mega pixel ကင်မရာ အရည်အသွေးကို အသုံးပြုထားပြီး အနောက်ဘက် ကင်မရာက 13 Mega pixel အရည်အသွေး ရှိပါတယ်။
F1s Limited Edition မှာ RAM 3GB နဲ့ 1.5GHz မြန်နှုန်းမြင့် Octa-core processor ကို အသုံးပြုထားပြီး 4G ကွန်ရက်စနစ်ကို အပြည့်အဝထောက်ပံ့ပေးထားတဲ့ ဖုန်းတလုံးဖြစ်ပါတယ်။ ဆင်းမ်ကတ် ၂ကတ် ထည့်သွင်းအသုံးပြုနိုင်တဲ့ ဖုန်းဖြစ်ပြီး Internal Memory 32GB ကိုလည်း SD Card မှတဆင့် 256GB အထိ ထပ်တိုး အသုံးပြုနိုင်တဲ့ 3 SIM Slot Tray အမျိုးအစား ဖြစ်ပါတယ်။
ဘက်ထရီအားပမာဏ 3075mAh Battery ပါဝင်အသုံးပြုထားပြီး Standard အနေနဲ့ အသုံးပြု မယ်ဆိုရင် ၁၄ နာရီကြာ အသုံးပြုခံတယ်လို့ သိရပါတယ်။ လက်ဗွေစနစ် Fingerprint Function ပါဝင်ပြီး မတူညီတဲ့ လက်ဗွေရာ ၅ မျိုးနဲ့ ဖုန်းခေါ်ဆိုခြင်း၊ Application များ တိုက်ရိုက်ဖွင့်ခြင်း၊ Screen Unlock ပြုလုပ်ခြင်း စတဲ့ လုပ်ဆောင်ချက်များ အသုံးပြုနိုင်ပါတယ်။
OPPO F1s Limited Edition ကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လအတွင်းက ထွက်ရှိထားတဲ့ OPPO F1s ဈေးနှုန်းအတိုင်း ၂ သိန်း ၆ သောင်း ၉ ထောင် ကျပ်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
ဆက်စပ်သတင်းလင့်ခ် – Selfie ကင်မရာအရည်အသွေး 16MP အသုံးပြုထားတဲ့ OPPO F1s