Lifestyle

အသက် ၆၀ ပြည့်အနေနဲ့ ပထမဆုံး တကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် အဆိုတော် ဇော်ဝင်းရှိန်

စတီရီယို တခေတ်တခါက ပရိသတ်ကြားမှာ အောင်မြင်ရေပန်းစားခဲ့တဲ့ အဆိုတော် ဇော်ဝင်းရှိန်ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို လာမယ့် ဒီဇင်ဘာ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မယ်လို့ သိရပါတယ်။

Zaw Win Shein 1st  Solo Show 60 years လို့ အမည်ပေးထားတဲ့ ဒီ ဖျော်ဖြေပွဲဟာ အဆိုတော် ဇော်ဝင်းရှိန်ရဲ့ အသက် ၆၀ ပြည့်အနေနဲ့ ပြုလုပ်မယ့်ပွဲဖြစ်ပြီး ဂီတသက်တမ်းတလျှောက် ပထမဆုံးပြုလုပ်မယ့် ဂီတဖျော်ဖြေပွဲလည်း ဖြစ်ပါတယ်။

တကိုယ်တော် တေးစီးရီး ၁၂ ခွေ ထွက်ရှိထားခဲ့ပေမယ့် အခု ပထမဆုံးပြုလုပ်မယ့် ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး အဆိုတော် ဇော်ဝင်းရှိန်က ဒီဖျော်ဖြေပွဲက ပထမဆုံးလုပ်တဲ့ပွဲဖြစ်တဲ့အတွက် အရမ်းကို ရင်ခုန်စိတ်လှုပ်ရှား နေကြောင်းနဲ့ ဖျော်ဖြေပွဲကို လူငယ်များကိုပါ ပရိသတ်များအနေနဲ့ လာရောက်အားပေးစေချင်တယ်လို့လည်း ဆိုပါတယ်။

ဒီ ဖျော်ဖြေပွဲမှာ ဇော်ဝင်းရှိန်နဲ့အတူ ချောစုခင်၊ ဆုန်သင်းပါရ်၊ Lဆိုင်းဇီ၊ အိုင်းရင်းဇင်မာမြင့်နဲ့ စိုးပြည့်သဇင်တို့က ပါဝင်ပြီး စုံတွဲ သီဆိုပေးကြမှာဖြစ်ပါတယ်။

ဒီ ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃ ရက်နေ့ ည ၇ နာရီ အချိန်မှာ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်းများကိုတော့ ကျပ် ၅ သောင်း၊ ၄ သောင်း၊ ၃ သောင်း၊ ၂ သောင်း နဲ့ ၇ ထောင် ဆိုပြီး သတ်မှတ်ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Loading