နှစ်သစ်နဲ့ နီးလာပြီမို့ မော်တော်ကား ကုမ္ပဏီတွေကနေ မော်ဒယ်သစ် မိတ်ဆက်မှုတွေ အပြိုင်လုပ်ဆောင်လာချိန်မှာ ပြည်တွင်းမှာလည်း လူကြိုက်များပြီး စိတ်ဝင်စားမယ့် မော်ဒယ်သစ်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခု တပတ်မှာတော့ တန်ကြေးနည်း မော်ဒယ်ဖြစ်ပေမယ့် ဇိမ်ခံအနေနဲ့ သုံးနိုင်မယ့် Mazda ရဲ့ မော်ဒယ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ရှေ့ထွက် မော်ဒယ်တွေထက် သက်သောင့်သက်သာရှိမှုကို ဦးစားပေးပြီ ဖန်တီးထားတာ တွေ့ရပါတယ်။ ဇိမ်ခံ လိုင်းဘက် မကူးသေးသည့် တိုင်အောင် ဝယ်ယူသူ အနေနဲ့ စိတ်ကြိုက်ဖြစ်အောင် ပြင်ဆင်လာပုံရပါတယ်။ စွမ်းဆောင်ရည် ကောင်းဆဲပါပဲ။
ဆီစားနှုန်း ထိန်းထားနိုင်တာကြောင့် စွမ်းဆောင်ရည်ကို ပြိုင်ဖက် မော်ဒယ်တွေထက် ကောင်းမွန်သာလွန်အောင် တင်ထားဆဲပါပဲ။ တန်တူ မော်ဒယ်တွေထဲမှာ မြန်နှုန်း မြှင့်တင်ရမှု အကောင်းဆုံး၊ စိတ်ကြိုက် အဖြစ်ဆုံး မော်ဒယ်ပါပဲ။ Sport တစီးလို သွက်လက်မှုကို တွေ့ရပါတယ်။
နောက်ပြီး ဂီယာချက် ပြောင်းလဲ အသုံးပြုရမှုက အကြိုက်ဆုံး အထိအတွေ့ကို ပေးစွမ်းနေပါတယ်။ ဆီစားနှုန်း အထူးချိုသာပြီး ဈေးနှုန်း၊ အင်ဂျင်၊ အရွယ်အစားတူ မော်ဒယ်အားလုံးကို နောက်ကောက် ချထားနိုင်စွမ်း ရှိပါတယ်။ လက်ကိုင်ပိုင်းမှာတော့ မောင်းနှင်ရမှု အပိုင်းကို ပိုပြီး စိတ်ကြိုက်တွေ့အောင် ဖန်တီးထားတာ ဖြစ်ပြီး တည်ငြိမ်မှုနဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံး မှတ်ချက် မပေးချင်ပေမယ့် လားရာပြောင်းလဲရမှုလို အပိုင်းမှာတော့ စိတ်ကြိုက် ဖြစ်မိပါတယ်။ အတွင်းခန်းလည်း မဆိုးသလို ရုပ်ထွက်က ဆွဲဆောင်မှု အကောင်းဆုံး မဟုတ်ပေမယ့် သိသာပေါ်လွင်မှု အပြည့်ရှိပါတယ်။
မောင်းနှင်ရမှု အပိုင်းမှာ စိတ်ကြိုက်ဖြစ်ပေမယ့် လိုက်ပါ စီးနင်းရမှု အပိုင်းမှာတော့ ပြိုင်ဖက် မော်ဒယ်တွေလောက် မကြိုက်ချင်ပါဘူး။ နည်းနည်း လေးချင်သလိုပါပဲ။ နောက်ပိုင်း Hybrid မော်ဒယ်တွေ ခေတ်စားနေချိန်မှာ SkyActiv နဲ့ အသားကျနေတဲ့ Mazdaက Hybrid မော်ဒယ် ထုတ်မလာပါဘူး။ ဘီးစုံယက်စနစ်နဲ့လည်း မရနိုင်ပါဘူး။ ဒါပေမယ့် တန်ကြေးနည်း မော်ဒယ်အနေနဲ့တော့ ဒီစနစ်က လူတိုင်း မလိုချင်တာမို့ အဆင်ပြေပါတယ်။
G-Vectoring Control စနစ်ကို အခု မော်ဒယ်သစ်မှာ သုံးနိုင်လာပါလိ်မ့်မယ်။ သူက အရင်နှစ်က Control စနစ်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အားနည်းချက်ကို အကောင်းဆုံး ပြင်ဆင်ထားမယ့် စနစ် ဖြစ်ပါတယ်။ အင်ဂျင်က ၂.၅ လီတာသုံးကို မြင်းကောင်ရေ ၁၈၄ ကောင်အား သုံးနိုင်မှာပါ။ ၆ ချက်သုံး Manual ရော Auto နဲ့ပါ ရနိုင်ပါတယ်။
အမြန်နှုန်း မြှင့်တင်နိုင်မှုက Auto နဲ့ဆိုရင် မိုင် ၆၀ နှုန်းကို ၇.၆ စက္ကန့်ကြာပြီး Manual နဲ့ဆိုရင် ၈.၁ စက္ကန့်ပါ။ ဆီတဂါလံကို ၃၁ မိုင် ပျမ်းမျှ စီးနင်းနိုင်မှာ ဖြစ်ပြီး ဈေးကွက်မှာ စွမ်းဆောင်ရည်ပိုင်းအရ လူကြိုက်များဖို့ ရှိနေပါတယ်။