CP Five Star ကြက်ကြော်မှ “CP Five Star Challenge” အစားပြိုင်ပွဲနှင့် ဟင်းချက်ပြိုင်ပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။
CP မှ ယခုလို အစားပြိုင်ပွဲနှင့် ဟင်းချက်ပြိုင်ပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်မှာ စားသုံးသူများကို ပျော်ရွှင်စရာများ ဖန်တီးပေးပြီး CP Five Star မှ စားသောက်ကုန်များနဲ့ ထုတ်ကုန်အသစ် တီထွင်ခြင်းကို အထောက်အကူပြုစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။
ယင်းကဲ့သို့ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် CP Five Star မှ အစားအသောက်ထုတ်ကုန် အသစ်များကို တင်ဆက်ပေးရန်နှင့် စားသုံးသူများမှလည်း စားသောက်ကုန်များကို အရသာမြည်းစမ်း ကြည့်နိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပါဝင်ယှဉ်ပြိုင်လိုတဲ့ ပြိုင်ပွဲဝင်များကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်းမှ စတင်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လျှောက်လွှာကူပွန်များကို မြန်မာတနိုင်ငံလုံးမှာရှိတဲ့ CP အရောင်းဆိုင်တွေမှာ ဖြန့်ဝေပေးထားခဲ့ပါတယ်။ CP Five Star မှ စားသောက်ကုန်များကို ကျပ် ၂ ထောင်ဖိုး ဝယ်ယူပြီး စိတ်ပါဝင်စား ယှဉ်ပြိုင်လိုသူ မည်သူမဆို လျှောက်လွှာများတင်ပြီး ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။
လျှောက်လွှာပိတ်ပြီးချိန်မှစပြီး CP ဆိုင်များမှ လျှောက်လွှာများ အားလုံးစုစည်းကာ ကံစမ်းမဲအစီအစဉ်ဖြင့် အစား ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်အယောက် ၁၀၀ ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲအစီအစဉ်များကို အကြိုဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲ စသဖြင့် ၂ ပိုင်း ပိုင်းခြားထားပြီး အကြိုဗိုလ်လုပွဲမှာ ပြိုင်ပွဲဝင် ၁၀ ယောက်စီကို ၁ ဖွဲ့ဖွဲ့ပြီး စုစုပေါင်းပြိုင်ပွဲဝင် အဖွဲ့ပေါင်း ၁၀ ဖွဲ့ပါဝင်ကာ ၁ ဖွဲ့စီမှ ကြက်ပေါင်ကြော် အမြန်ဆုံးစားနိုင်တဲ့သူများကို ရွေးချယ်ဆုပေး ခဲ့တယ်လို့ သိရပါတယ်။
အဖွဲ့တဖွဲ့စီမှ အနိုင်ရရှိသူများကို ဗိုလ်လုပွဲအဆင့်ကို တက်ရောက်စေခဲ့ပြီး ဗိုလ်လုပွဲအစီအစဉ်မှာ အနည်းငယ် ကွဲပြားတဲ့ ပုံစံနဲ့ ရွေးချယ်ဖိတ်ခေါ်ထားတဲ့ ဧည့်သည်အနုပညာရှင်များနဲ့အတူ ၂ ယောက် တတွဲ ယှဉ်ပြိုင်ခဲ့ကြပါတယ်။
တဖွဲ့ချင်းစီမှ CP ထုတ်ကုန်များကို အဓိကအသုံးပြုပြီး ဟင်းပွဲများကို ဆန်းသစ်အောင် ပြင်ဆင်တင်ဆက် ပြိုင်ပွဲဝင်ခဲ့ကြပြီး အကဲဖြတ်ဒိုင်များအနေနဲ့ 5 Plus Channel, “Fast & Fresh Food” မှ Master Chef ဦးဆန်နီနဲ့ CP မှအကဲဖြတ်ဒိုင် Ms.Rapiporn Aungkurasi တို့မှ ပြိုင်ပွဲဝင်များ တင်ဆက်တဲ့ ဟင်းပွဲများရဲ့တီထွင်ဖန်တီးနိုင်မှု၊ အရသာနှင့် တင်ဆက်နိုင်စွမ်းကို ဝေဖန်အကဲဖြတ်ပေးပြီး အနိုင်ရရှိသူများကို ဆုရွေးချယ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဆုရရှိသူများအနေနဲ့ ပထမဆုကို ငွေကျပ် သိန်း ၃၀၊ ဒုတိယဆုကို ငွေကျပ် သိန်း ၂၀ နဲ့ တတိယဆုကို ကျပ် ၁၀ သိန်း နဲ့ နောက်ဆုံးပြိုင်ပွဲအထိ ဝင်ရောက်ခဲ့တဲ့ ဆန်ခါတင်ပြိုင်ပွဲဝင် ၇ ယောက်အတွက် အခြားဆုပေါင်း ၇ ဆု အသီးသီး ချီးမြှင့်ခဲ့ပါတယ်။