Lifestyle

အညတရ ဘဝဖြတ်သန်းမှုများနှင့် လေတံခွန်ပုံပြင်

Want create site? Find Free WordPress Themes and plugins.

ဆယ်စုနှစ်များစွာ အသံတိတ်နေခဲ့ရသည့် သာမန် ပြည်သူများ၏ ဘဝဖြတ်သန်းမှု မှတ်တမ်းများကို စုစည်းတင်ပြ ထားသော လေတံခွန်ပုံပြင်များ (The Kite Tales) ဝက်ဘ်ဆိုက် မိတ်ဆက်ပွဲနှင့် ဓာတ်ပုံပြပွဲကို ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၆ နာရီခွဲမှ ၈ နာရီခွဲ အထိ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း အောက်ဘလောက် အမှတ် ၄၉ ရှိ မြန်မာဒိဋ္ဌ ပြခန်းတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

“သာမန် ပြည်သူလူထုရဲ့ အမှတ်သညာတွေကို မျှဝေခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ မတူကွဲပြားခြားနားတာတွေကို ဂုဏ်ယူတတ်လာတဲ့ အပြင် တူညီတဲ့ အတွေးအခေါ်တွေ အတွေ့အကြုံတွေလည်း ဖလှယ်နိုင်ပြီး တန်ဖိုး မဖြတ်နိုင်လောက် အောင် အရေးကြီးတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက်ကြမလဲ ဆိုတဲ့ ဆွေးနွေးမှုလည်း ပေါ်ပေါက်လာစေလိုတဲ့ ဆန္ဒရှိပါတယ်” ဟု kite-tales.org ပင်မ စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဆိုပါ Kite Tales ခေါ် လေတံခွန်ပုံပြင်များကို စုစည်းမှတ်တမ်းတင် ကြသူများမှာ မြန်မာနိုင်ငံသူ မသင်းလဲ့ဝင်းနှင့် အင်္ဂလန်နိုင်ငံသူ မစ္စ ကယ်လီမက်နမာရာတို့ ဖြစ်ပြီး၊ လူထုလူတန်းစား အသီးသီး၏ အမှတ်သညာများကို ဝက်ဘ်ဆိုက်တွင် မှတ်တမ်းတင် ထားကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပိုမိုပြီး တန်းတူညီမျှသော အနာဂတ်တခုဆီ ဦးတည် လျှောက်လှမ်း နေချိန်တွင် လျှပ်တစ်ပြက် တွေ့လိုက်ရသည့် သမိုင်းများ ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

“ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစု အသီးသီးရဲ့ ဘဝ ဖြတ်သန်း ဖြစ်တည်မှုတွေကို တင်ပြရာကနေ ကွဲပြားခြားနားမှုကို နားလည် အားပေးဖို့၊ မသိကျိုးကျွန်ပြု ခံနေရတဲ့ သူတို့ရဲ့ ပကတိ ရင်ဖွင့်သံကို သိမြင်ပြီး အချင်းချင်း လေးစား အားထားစိတ် ပေါ်လာဖို့နဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့ ဖြစ်ပါတယ်” ဟုပြောသည်။

၎င်းတို့သည် မြန်မာနိုင်ငံ တဝှမ်း ဝေးလံခေါင်ဖျား ဒေသများစွာသို့ သွားရောက်ပြီး မေးမြန်း မှတ်တမ်းတင်သင့်သည့် ပုဂ္ဂိုလ်များကို ရွေးချယ် ရှာဖွေခဲ့ကြောင်း၊ ယင်းမှတ်တမ်းများကို ယဉ်ကျေးမှု အနုပညာ၊ အစားအသောက်၊ ဘဝနှင့် အလုပ်အကိုင်၊ သမိုင်းနှင့် အမွေအနှစ်၊ ဒေသအလိုက် ပုံပြင်များ စသဖြင့် ဝက်ဘ်ဆိုက်တွင် ခွဲခြား တင်ဆက်ထားသည်ကို တွေ့ရသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading