ပြည်တွင်း ဈေးကွက်မှာ တရုတ်ဖုန်းဆိုပြီး နေရာရလာတဲ့ Xiaomi အတွက် ခြေလှမ်းသစ် အနေနဲ့ တန်ဖိုးသင့် ဖုန်းတွေ၊ တန်ဖိုးကြီးဖုန်းတွေ ထုတ်လုပ်လာပါပြီ။ ဒီတခါတော့ လူတိုင်း လက်လှမ်းမီနိုင်မယ့်၊ နောက်ပြီး တန်ကြေးကြီး ဖုန်းဘက်ကို ခြေလှမ်းစပြင်ချိန်မှာ ထုတ်လုပ်လာတဲ့ မော်ဒယ် Mi 5 အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။
Internal Memory အပေါ်ကို မူတည်ပြီးတော့ ဈေးနှုန်းပြောင်းလဲမှုတော့ ရှိတာပေါ့။ 32 GB, 64 GB နဲ့ 128 GB ထိအောင် သုံးမျိုး ရနိုင်ပါတယ်။ GSM ဖုန်းအမျိုးအစားဖြစ်ပြီး 4G LTE စနစ်အထိအောင် သုံးနိုင်မှာပါ။ ပြည်တွင်း ဈေးကွက်ကို အဝင်နောက်ကျနေတာဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်မှာတော့ ဧပြီလကတည်းက ရနိုင်နေပါတယ်။
ကိုယ်ထည်ပိုင်းက အထူ ၇.၃ မီလီမီတာ (ဝ.၂၉ လက်မ) ပဲ ရှိပါတယ်၊ အလေးချိန် ၁၂၉ ဂရမ်ပါ။ ဒါက ပြိုင်ဖက်လို့ ဆိုနိုင်မယ့် HTC One M8 ရဲ့ အလေးချိန် ၁၆၀ ဂရမ်ထက် သိသိသာသာကိုပဲ ပေါ့ပါးတာ ဖြစ်ပါတယ်။ နောက်ပြီး ပြသမျက်နှာပြင်စနစ်က အကြမ်းခံ Gorilla နဲ့ ဖန်တီးထားတာပါ။ Nano SIM ကိုလည်း လက်ခံနိုင်ပြီး ပုံမှန် SIM ကတ်အတွက် နေရာလည်း ထိုင်ထားတာကြောင့် SIM ကတ်အရွယ် နှစ်မျိုး လက်ခံနိုင်ပါလိမ့်မယ်။
ပြသမျက်နှာပြင် အရွယ်က ၅.၁၅ လက်မပါ။ Facebook လို Social Media အတွက် သုံးလို့ ကောင်းပါတယ်၊ Coc ကစားသူတွေ အတွက်တော့ နည်းနည်း တွေးစရာပါ။ ပြသ အရည်အသွေးက ၁၀၈၀× ၁၉၂၀ ပစ်ဇယ်က ပုံမှန်ပါပဲ။ Android Version 6.0 (Marshmallow) ကို သုံးနိုင်ပါလိမ့်မယ်။ ဒီအချက်က နောက်ပိုင်း Android စနစ်တွေမှာ Version 4 ရဲ့ နောက်ပိုင်း ကြီးမားတဲ့ ပြောင်းလဲတိုးတက်မှု သိပ်မရှိပေမယ့် အသေးစိတ်တဲ့ အားအမြန်သွင်းစနစ်လို အပိုင်းတွေ သုံးလာနိုင်ခဲ့ပါတယ်။
Memory Card ပေါက် မပါတဲ့ အချက်ကတော့ iPhone တွေလို ဖန်တီးမှု ဖြစ်လာပေမယ့် 32 GB မော်ဒယ်တွေ သုံးမယ်သူတွေ အတွက် နောက်ထပ် Memory ပိုင်း လိုအပ်ချက်ရှိလာခဲ့ရင် အဆင်မပြေမှု ရှိလာနိုင်ပါတယ်။ ကင်မရာပိုင်းမှာ ပုံမှန်နောက်ဖက် ကင်မရာက 15 MP ဖြစ်ပေမယ့် အခု 16 MP ဖြစ်လာပါတယ်။ သိသာလာတဲ့ အချက်က ဗီဒီယို ရိုက်ကူးမှု ပိုကြည်လာပြီး ဓာတ်ပုံပိုင်းကတော့ ပုံမှန်လောက်ပါပဲ။ ရှေ့ဖက် ကင်မရာစနစ်ကတော့ 4 MP ပဲ ရှိပြီး ထူးခြားတဲ့ စွမ်းဆောင်ရည် မပြနိုင်ပါဘူး။
Wi-Fi ချိတ်နိုင်မယ်၊ Hotspot ရိုက်နိုင်မယ်၊ GPS စနစ် ကောင်းတယ်၊ USB ချိတ်ဆက်မှုမှာ Type-C 1.0 ဖြစ်လာလို့ Data Flow Rate ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ချိတ်ဆက်လာနိုင်မှာ ဖြစ်ပါတယ်။ လက်ဗွေရာစနစ်နဲ့ လုံခြုံရေးသော့စနစ်ကို သုံးနိုင်မယ်။ အထက်မှာ ပြောခဲ့သလို Quick Charge 3.0 နဲ့ အားသွင်းရင် နာရီဝက်နဲ့တင် အား ၈၃ ရာခိုင်နှုန်း သွင်းနိုင်မယ်၊ ဘက်ထရီက ဖြုတ်လို့မရအောင် အသေတပ်ထားပြီး 3000 mAh ပဲ အားသိမ်းနိုင်လို့ ပြိုင်ဖက် ဘက်ထရီတွေ ထက်တော့ အားနည်းချင်မှာပါ။
အဖြူ၊ အနက်၊ ရွှေရောင်နဲ့ ပုလဲရောင်တွေ ထုတ်လုပ်ပြီး ပြည်တွင်းမှာ 32 GB ဆိုရင် ၂၈၉၅၀ဝ၊ 64 GBဆိုရင် ၄၀၄၀ဝ၀ နဲ့ 128 GB ဆိုရင် ၄၃၈၀ဝ၀ ဈေးရှိမှာ ဖြစ်ပါတယ်။