Lifestyle

အပန်းပြေစရာ ဟိုချီမင်းမြို့တော်သို့ Vietjet က ဖိတ်ခေါ်ပါသည်

သက်ဝင်စိတ်လှုပ်ရှားဖွယ် တေးဂီတဖျော်ဖြေပွဲ၊ အရသာရှိသော အစားအစာများ၊ ဈေးဝယ်ထွက်ခြင်း၊ ဈေးချိုချို တည်းခိုစရာနေရာများနှင့်အတူ ရောင်စုံညအလှများကြောင့် ဒီအချိန်မှာ ဟိုချီမင်းမြို့တော်ကို သွားရမယ့် အချိန်ပါ။

ကမ္ဘာ့လှည့်ခရီးသည်များနှင့် ခရီးသွားများသည် အလုပ်ကိစ္စခရီးမှသည် အလည်ပတ်ခရီး၊ ချစ်ကြည်နူးစရာဟန်နီးမွန်းခရီး စသည့် အကြောင်းအမျိုးမျိုးဖြင့် ဟိုချီမင်းမြို့ဆီသို့ လာရောက်လည်ပတ်ကြသည်။ အရှေ့တောင်အာရှ၏ အကောင်းဆုံး ဟင်းလျာအချို့၊ လက်လီရောင်းချခြင်းများ၊ ညပွဲလမ်းသဘင်များ၊ နေရာထိုင်ခင်းများကြောင့် မြန်မာပြည်က အလည်သွား များအနေဖြင့် အစည်ကားဆုံးပတ်ဝန်းကျင်သစ်တစ်ခုမှာ ဈေးချိုချိုနဲ့ အကောင်းဆုံးရွေးချယ်မှုကို မျှော်လင့်နိုင်ပါသည်။

စိတ်ဝင်စားဖွယ် ဂီတဖျော်ဖြေပွဲ

လာမည့် ၂၀၁၆ ဒီဇင်ဘာ ၂၁ ရက်နေ့ညတွင် အာရှ၏ စိတ်ပျော်ရွှင်စရာကောင်းသော လေကြောင်းလိုင်း Vietjet မှ ၎င်းတို့၏ သက်တမ်း ၅နှစ်ပြည့် အထိမ်းအမှတ်ပွဲအဖြစ် နာမည်ကျော်ဂီတဖျော်ဖြေပွဲ “SKY CONNECTION” ကို ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲတွင် ကမ္ဘာကျော်နာမည်ကြီးဂီတအဖွဲ့ဖြစ်သည့် Michael Learns to Rock (MLTR) နှင့် ကိုရီးယား၏ အထင်ကရ အဆိုတော်မလေးများအဖွဲ့ Wonder Girls (WG) တို့မှ ပါဝင်သီဆိုဖျော်ဖြေမည်ဖြစ်သည်။ ဒေသတွင်း အကြီးကျယ်အခမ်းနားဆုံးနှင့် စိတ်လှုပ်ရှားစရာအကောင်းဆုံး ဂီတဖျော်ဖြေပွဲတစ်ခုုဖြစ်လာမည့် အဆိုပါ အထူးဂီတဖျော်ဖြေပွဲကို Ho Chi Minh မြို့တော်ရှိ Quan Khu 7 အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လ ၄ ဒေါ်လာမှ ဒေါ်လာ ၉၀ အထိကျသင့်မည့် အဆိုပါဖျော်ဖြေပွဲလက်မှတ်များကို skyconnection.vietjetair.com တွင် ကြိုတင်ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။

လက်လီကုထုံး

ကမ္ဘာတစ်ဝန်းကခရီးသွားများအနေဖြင့် ဟိုချီမင်းမြို့တော်၏ ဖရိုဖရဲ Ben Thanh ဈေးနှင့် ဆိုင်ဂုံရင်ပြင်တို့ကို တွေ့ကြုံခံစား ရန် လာရောက်လေ့ရှိပါသည်။ သို့သော် အများသိကြသည့်အတိုင်း ဟိုချီမင်း၏ ဈေးသက်သာသည့် ကုန်ပစ္စည်းများ၊ ဈေးဆစ်နိုင်ခြင်းများ၊ ဈေးရောင်းပွဲတော်များစသည့် တမူထူးခြားသည့် ဈေးရောင်းချမှုပုံစံများကြောင့်လည်း ဖြစ်နိုင်သည်။ အရောင်စုံသောဈေးတန်းများနှင့် ရာချီသော အမှတ်တရလက်ဆောင်ပစ္စည်းရောင်းချသူများကြောင့် နာမည်ကျော်ကြား သောဟိုချီမင်းမြို့သည် သင့်အတွက် ဈေးသက်သက်သာသာဖြင့် ခရီးသွားလာခြင်းအတွေ့အကြုံရနိုင်မည့် နေရာတစ်ခု ဖြစ်ပါသည်။

ဖက်ရှင်သည် ဟိုချီမင်းမြို့တော်ဈေးဝယ်ထွက်ခြင်းမြင်ကွင်း၏ အဓိကအစိတ်အပိုင်းတစ်ခုဟု ဆိုနိုင်ပြီး နာမည်ကျော် နိုင်ငံတကာဒီဇိုင်နာများ၏လက်ရာများကို မှီငြမ်းထုတ်လုပ်ထားသော အရည်အသွေးကောင်း အဝတ်အစား အဆင်တန်ဆာများကို ဈေးချိုချိုနှင့်ရနိုင်ပါသည်။ ထို့ပြင် အဝတ်အထည်ချုပ်လုပ်သူများသည်လည်း ဟိုချီမင်းမြို့အတွင်း ဈေးဝယ်ထွက်ခြင်းတွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်နေပြီး သတ်မှတ်ထားသည့်ဈေးနှုန်းနှင့် ဝယ်သူစိတ်ကြိုက် ချုပ်လုပ်ပေးသည့်အတွက် မကြာခဏဆိုသလို အကောင်းဆုံးရွေးချယ်မှုများဖြစ်နေတတ်သည်။

ဒေသထွက်နှင့် နိုင်ငံတကာဟင်းလျာများ

ဟိုချီမင်းမြို့ရှိ စားသောက်ဆိုင်များသည် ခရီးသွားများအတွက် အဓိကစွဲဆောင်မှုတစ်ခုဖြစ်သည်။ ငွေကြေးကုန်ကျမှုနှင့် ထိုက်တန်သော အရသာရှိမှု (ဝါ) တန်ဖိုးကို ရသည့်အချက်က မြို့တော်အတွင်းရှိ စားသောက်ဆိုင်အများအပြား၏ အဓိက ပြယုဂ်ဖြစ်သည်။ တီထွင်ဆန်းသစ်မှုများ၊ ရွေးချယ်စရာဟင်းလျာအသစ်များ နေ့စဉ်နီးပါးရှိသောကြောင့် မြို့တော်အတွင်း အကောင်းဆုံးစားသောက်ဆိုင်များတွင် လိုက်လံမြည်းစမ်းခံစားကြည့်ဖို့အတွက် တစ်ဦးတည်းသွားခြင်းမျိုးထက် အများနှင့် သွားခြင်းမျိုးက ပိုကောင်းပါသည်။

Ben Thanh ဈေးအနီးတဝိုက်တွင် လမ်းဘေးအစားအစာရောင်းချသည့်ဆိုင်များရှိပြီး တူနှင့်စားသောက်မှုပုံစံကို အကျွမ်းတဝင်ရှိနေပြီဖြစ်သော ကမ္ဘာ့လှည့်ခရီးသွားတွေ အမြဲလိုလိုပြည့်နှက်လျက်ရှိသည်။ အရသာအလွန်ကောင်းမွန် သော ဆူရှီကို ဟိုချီမင်းစီးတီးမြို့လယ်မှ တိုကျိုမြို့ငယ်လေးဟု အမည်ပေးထားသော Ngo Van Nam’s လမ်းသို့ သွားရမည် ဖြစ်သည်။

ဟင်းခတ်အမွှေးအကြိုင်များနှင့် မဆလာဟင်းလျာများကို ကြိုက်နှစ်သက်သူများအနေဖြင့် Ngo Duc ke လမ်းရှိ Tandoor အိန္ဒိယစားသောက်ဆိုင်အပြင် ထပ်မံရှာဖွေရန် မလိုအပ်ပါ။ ဗီယက်နမ်ရှိ အကောင်းဆုံးပီဇာများမှ အချို့ကို LaHostaria ၏ သစ်သားမီးဖိုထဲမှ ရရှိနိုင်ပါသည်။

ညပွဲလမ်းသဘင်

ဟိုချီမင်းဆိပ်ကမ်း၏ နံဘေးတွင် ဟိုချီမင်းမြို့တော်တွင် ပျော်ပွဲရွှင်ပွဲများအများဆုံးကျင်းပလေ့ရှိသည့်နေရာဖြစ်ပြီး ဘားနှင့် နိုက်ကလပ် နှစ်မျိုးစလုံးရှိသည့် ရင်ပြင်တစ်ခုရှိပါသည်။ အဆိုပါရင်ပြင်မှတဆင့် သာယာလှပသည့် မြစ်ပြင်ရှုခင်းနှင့်အတူ မြို့တော်၏ အကောင်းဆုံးဂီတအစီအစဉ်ကို ကြည့်ရှုခံစားနားဆင်နိုင်သည်။ Lush ဆိုသည်မှာ နိုင်ငံခြားသားများ၊ စိတ်တူ ကိုယ်တူမိတ်ဆွေများ တွေ့ဆုံရာ နေရာကောင်းတစ်ခုအဖြစ် လူသိများထင်ရှားသော နိုက်ကလပ်တစ်ခုဖြစ်သည်။ AB တာဝါ၏ ၂၆ လွှာတွင် တည်ရှိသော Chill Skybar သည်လည်း ဟိုချီမင်းမြို့တော်၏ သီးသန့်အဆန်ဆုံး Rooftop ဘား တစ်ခုဖြစ်သည်။ အဆိုပါဘားက ဗီယက်နမ်လူချမ်းသာများ၊ ပညာရှင်များ၊ ကမ္ဘာလှည့်ခရီးသွားများ၊ ကျော်ကြားသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ဆွဲဆောင်နေပြီး ချိန်းဆိုတွေ့ဆုံမှုပြုလုပ်ရန် (သို့) အေးဆေးသက်သာစွာဖြင့် ယမကာမှီဝဲရန် အထူးသင့်တော်သည့် နေရာတစ်ခုဖြစ်သည်။

တည်းခိုရန်နေရာ

ဟိုတယ်အများစုမှာ မြစ်အနီးရှိ ခရိုင်အမှတ်(၁)တွင်လည်းကောင်း၊ မြို့တော်၏ အထင်ကရနေရာများမှ လမ်းလျှောက်သွား လာနိုင်သောအကွာအဝေးတွင် တည်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ မိမိဘာသာသီးသန့် တည်းခိုနေထိုင်လိုသူ ခရီးသွား များအတွက်လည်း နေအိမ်တိုက်ခန်းများစွာရှိပါသည်။ ခရိုင်အမှတ်(၁)ရှိ အဆင့်မြင့်တိုက်ခန်းအိမ်ယာသည် တည်နေရာကို မထိခိုက်စေဘဲ မြစ်ပြင် ရှုခင်းအလှကို ကြည့်ရှုခံစားနိုင်သည့် အိမ်ယာတစ်ခုဖြစ်သည်။ သို့သော် သင့်သည် မြို့လယ်ခေါင်၏ ရှုပ်ထွေးဆူညံမှုများမှ လွတ်မြောက်လိုပါက အေးချမ်းသော ခရိုင်အမှတ်(၂)ရှိ မြစ်ကမ်းဘေးတိုက်ခန်းများတွင်လည်း တည်းခိုနေထိုင်နိုင်ပါသည်။

အရောက်သွားမယ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဟိုချီမင်းမြို့တော်အနီးက တန်ဆွန်နက်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို နေ့စဉ်ဆက်သွယ်ပြေးဆွဲသည့် ရန်ကုန် – ဟိုချီမင်းလေကြောင်းခရီးစဉ်ဟာ ပျံသန်းပြေးဆွဲချိန် ၂ နာရီ ၁၅ မိနစ် ကြာမြင့်ပါသည်။ ရန်ကုန်လေဆိပ်မှ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် စတင်ထွက်ခွာပြီး ဟိုချီမင်းမြိုတော်သို့ ဒေသစံတော်ချိန် နေ့လည် ၃ နာရီ ၃၅ မိနစ်တွင် ဆိုက်ရောက်ပါသည်။ အပြန်ခရီးစဉ်အနေဖြင့် ဟိုချီမင်းမြို့တော်မှ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် စတင်ထွက်ခွာပြီး ရန်ကုန်လေဆိပ်သို့ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်တွင် ဆိုက်ရောက်မှာ ဖြစ်ပါသည်။

Loading