• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ပျောက်ကွယ်လုနီးပါးဖြစ်လာတဲ့ ခူမီး ရိုးရာဓလေ့များ

by နန်းဆိုင်နွမ်
11 December 2016
in Lifestyle
A A
ခူမီးရိုးရာ နှစ်သစ်ကူးပွဲတော်ကို တက်ရောက်လာသည့် ခူမီး အမျိုးသမီးများ / နန်းဆိုင်နွမ် / ဧရာဝတီ

ခူမီးရိုးရာ နှစ်သစ်ကူးပွဲတော်ကို တက်ရောက်လာသည့် ခူမီး အမျိုးသမီးများ / နန်းဆိုင်နွမ် / ဧရာဝတီ

17.4k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၀ ကျော် ခူမီးတိုင်းရင်းသား အမျိုးသမီးတိုင်းရဲ့ နားတွေက တလက်မခန့် ရှိတဲ့ နားပေါက်တွေမှာ ငွေထည်နဲ့ ပြုလုပ်သော ကြီးမားတဲ့ နားတောင်းတွေ ဝတ်ဆင်ထားကြပါတယ်။

နားတောင်း ဝတ်ဆင်တဲ့ အမျိုးသမီးတွေဟာ ချင်းပြည်နယ် တောင်ပိုင်း ကုလားတန် မြစ်ဝှမ်းမှာ နေထိုင်ကြတဲ့ ခူမီး ခေါ် ခမီ ချင်းတိုင်းရင်းသူတွေပါ။ သူတို့ဝတ်ဆင်လေ့ရှိတဲ့ ခူမီး ရိုးရာ နားတောင်းပုံစံက မှိုပွင့်ပုံဖြစ်ပြီး ထိပ်ပိုင်းမှာ နေကြာကြယ်ပုံ သဏ္ဍန်သွင်း ထုထားတာပါတယ်။
ယခင်က ခူမီး အမျိုးသမီးများက ရွှေထည်ဖြင့် ပြုလုပ်ထားတဲ့ နားကွင်းတွေကို ဝတ်ဆင်ကြပေမယ့် အခု နောက်ပိုင်းမှာ ငွေနဲ့ပြုလုပ်တဲ့ နားကွင်းကို ဝတ်ဆင်သူ နည်းပါးလာတယ်လို့ ဒေသခံများက ပြောပြပါတယ်။

RelatedPosts

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
3.9k
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
881
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
617
ခူမီးရိုးရာ နှစ်သစ်ကူးပွဲတော်ကို တက်ရောက်လာသည့် ခူမီး အမျိုးသမီးများ
ခူမီးရိုးရာ နှစ်သစ်ကူးပွဲတော်ကို တက်ရောက်လာသည့် ခူမီး အမျိုးသမီးများ

“ကျမတို့ကတော့ နားကွင်းကြီးတွေ မပန်တော့ဘူး။ ဒါပေမယ့် ကျမတို့ ပွဲတော်ရက်ရောက်ရင်တော့ နားကပ် သေးသေးလေးပေါ် နားကွင်းကြီးကြီးကို သားရေကွင်းနဲ့ ချည်ပြီး ပွဲတော်တက်ပါတယ်” လို့ ရိက္ခာကုန်း ရပ်ကွက် မှ ဒေါ်ကိုးနွဲ့က ပြောပါတယ်။

ခူမီး သက်လတ်ပိုင်း အရွယ် အမျိုးသမီးတွေကတော့ နားတောင်း အကြီးတွေ မပန်တော့ဘဲ ပွဲလမ်းသဘင် တက်တဲ့အခါမှသာ ရိုးရာဝတ်စုံ နဲ့ နားတောင်းကို ပန်ဆင်ကြတယ်လို့ ဒေါ်ကိုးနွဲ့ ကဆိုပါတယ်။

ရိုးရာ ဓလေ့ဖြစ်တာကြောင့် နားတောင်းကို ပန်တာဖြစ်ကြောင်း၊ သူတို့ အသက် ငယ်စဉ်ကတည်းက နားတောင်း ဝတ်ဆင်ဖို့အတွက် နားစဖောက်တဲ့အခါမှာ ဝါးကို အသုံးပြုပြီး ဖောက်ဖြစ်ခဲ့တဲ့အကြောင်း၊ တလက်မခန့်အကျယ် နားတောင်းရဖို့ ဝါးအရွယ်အစား အမျိုးမျိုး နဲ့ ပြုလုပ်ခဲ့တဲ့အကြောင်း အသက် ၆၂ နှစ်အရွယ် ဒေါ်ဟွေ့ က ပြောပါတယ်။

“ ကျမတို့ ရိုးရာမှာ နားတောင်းမပန်ရင် နာမည်မကောင်းဘူး ဆိုတဲ့အယူရှိခဲ့တယ်။ ငယ်ငယ်ကတည်းက ဝတ်လာတော့ နေသားကျနေပြီ။ မနာဘူး” လို့ ဒေါ်ဟွေ့ က ဆိုပါတယ်။

လက်ရှိတွင် အသက် ၄၀ကျော် ဝန်းကျင်အောက် အမျိုးသမီး များ ကြီးမားတဲ့ နားတောင်းကို ပန်ဆင်မှု မရှိတော့ကြောင်း၊ နားတောင်း အကြီးကို ပန်ဆင်ရသည်မှာ ဝန်ထုတ်ဝန်ပိုးတခု အဖြစ် ယူဆလာသည့်အတွက် ဝတ်ဆင်မှုနည်းပါးလာခြင်းဖြစ်တယ်လို့လည်း ခူမီး အမျိုးသမီးတွေက ပြောပါတယ်။

“ ဒီနားကပ်က မြို့တွေ ဘာတွေ သွားရင်လည်း ရှက်စရာတခုဖြစ်လာတယ်။ ပြီးတော့ အလုပ်ရှုပ်သလို ခံစားရတယ်။ ကျမဆိုရင် ငယ်ကတည်းက နားပေါက် ကြီးကြီး မဖောက်ဘူး။ အိမ်ကလည်း ပေးမဖောက်ဘူး”လို့ အသက် ၂၀ အရွယ် ခူမီး အမျိုးသမီးငယ် က ဆိုပါတယ်။
ရိုးရာပွဲတော်၊ ခရစ်စမတ် ပွဲတော်ရက်တွေမှာတော့ ငွေနားတောင်းကြီး နားကပ်ကို ရိုးရာ ယဉ်ကျေးမှု အလှအပ အနေနဲ့ ဝတ်ဆင်ကြတယ်လို့ သိရပါတယ်။

ရှေးခေတ်က ခူမီး အမျိုးသမီး များမှာ ရွှေ၊ ငွေ ၂ကျပ်သား ခန့် ရှိတဲ့ နားကွင်းများ ဆွဲကြိုးများကို ဝတ်ဆင် ပန်းဆင်ကြပြီး၊ ရိုးရာခေါင်းပေါင်းများ၊ ရိုးရာ တဘက်များ၊ ရိုးရာ လုံချည်တွေကို တွဲဖက် ဝတ်ဆင်မှုကြောင့် အလွန်လှပတဲ့ ခူမီ အမျိုးသမီးအဖြစ် တင်စားကြတယ်လို့ ခူမီးရိုးရာ စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က ပြောပါတယ်။

ဒီဘက်ခေတ်မှာတော့ ခူမီးရိုးရာ ယဉ်ကျေးမှုဖြစ်တဲ့ နားကွင်း နားတောင်းများ ဝတ်ဆင်မှု နည်းပါးလာသလို  ခူမီးရိုးရာ တေးဂီတ ဖြစ်တဲ့ ဗူးသီးခြောက် တူရိယာ တီးမှုတ်တက်သူလည်း မရှိသလောက် နည်းပါး လာတာကြောင့် ယဉ်ကျေးမှု ပပျောက်သွားမှာကို စိုးရိမ်နေရတယ်လို့ ခူမီး ရိုးရာ စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က ဦးစနိအောင်က ပြောသည်။

“အခုခေတ်က အမျိုးသမီးတွေ ငွေနားတောင်းတွေ မပန်တော့ဘူး။ အမျိုးသားတွေကလည်း ဗူးသီးခြောက် ပလွေကို မမှုတ်တော့ဘူး။ အဲဒီအရာတွေ ပပျောက်သွားမှာ စိုးရိမ်မိတယ်”လို့ ဦးစနိအောင်က ပြောပါတယ်။

ဗူးသီးခြောက် ပလွေ တူရိယာ ဆိုတာက ဗူးသီး ကို အပေါက်ဖောက် နေပူလှန်းပြီး၊ ဝါးချောင်းတွေနဲ့ ပြုလုပ်ထား တဲ့ ကိရိယာ တခုဖြစ်ပြီး ဗူးသီးခြောက် ပလွေကို လေမဝင်အောင် ပျားဖယောင်း နဲ့ အပြင်ကနေ ပြန်သုတ်ရပါတယ် လို့ ဦးစနိအောင်က ရှင်းပြပါတယ်။

ဗူးသီးခြောက် ပလွေ ကို ခူမီး တိုင်းရင်းသားတွေက နတ်စားရှိတဲ့အခါ အမဲပေါ်တဲ့အခါ အိမ်မှာ ဝိုင်းက တဲ့အခါတွေမှာ တီးမှုတ်လေ့ရှိပြီး၊ ပျော်ပွဲရွှင်ပွဲတွေမှာ အဓိက အသုံးပြုတဲ့ တူရိယာ တခုဖြစ်ကြောင်း သိရပါတယ်။

ဆက်လက်ပြီး ခူမီး တိုင်းရင်းသား ဦးအိုက်မောင် က “ ကျနော်တို့တောင် ဗူးသီးခြောက် ပလွေ မမှုတ်တတ်ဘူး။ အသက်ကြီးတဲ့ ၅၀ကျော် လူတွေပဲ မှုတ်တတ်တယ်။ မှုတ်တတ်တဲ့သူကလည်း အရမ်းနည်းသွားပြီ။ လူငယ် ဆိုရင်တော့ ပိုပြီး အလှမ်းဝေးကြတယ်” ဟု ပြောပါတယ်။
ခူမီးရိုးရာ ပလွေတွေ ဖြစ်တဲ့ ဗူးသီးခြောက်ပလွေ၊ ခရားတွေ ကို ကြည့်ရင် မှုတ်ရလွယ်မယ်လို့ ထင်ကြကြောင်း၊ ပလွေမှုတ်တက်ဖို့အရမ်းခက်ပြီး အချိန် ယူရတဲ့အတွက် လူငယ်တွေ က မသင်ကြတော့ဘူးလို့ ဦးအိုက်မောင် က ဆိုပါတယ်။

ကုလားတန်မြစ် ကို မှီတင်းနေထိုင်တဲ့ ခူမီး တိုင်းရင်းသားတွေက ပလက်ဝ မြို့နယ်ရှိ ကျေးရွာပေါင်း ၃၈၀ တွင်နေထိုင်ကြကာ လူဦးရေ တသိန်းနီးပါး ရှိကြောင်း သိရပါတယ်။

“ယဉ်ကျေးမှု ထိန်းသိမ်းဖို့ကတော့ ကျနော်တို့မှာ မလုပ်နိုင်သေးဘူး။ ပျောက်ကွယ်သွားနိုင်တဲ့ အရာကတော့ ဗူးသီးခြောက်နဲ့ ပြုလုပ်တဲ့အရာနဲ့ နောက်တခါ အတီးအမှုတ်ထဲကဆိုရင် ခရားမှုတ်တာတွေလည်း မရတော့ဘူး” လို့ ဦးစနိအောင် ကပြောပါတယ်။

ခူမီး တိုင်းရင်းသား တွေက ခေတ်မီတိုးတက်လာတဲ့ ခေတ်ကြီးမှာ ခူမီးလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု အလှတရားတွေ အားလုံး ကွယ်ပျောက်သွားမှာကို စိုးရိမ်မိပါတယ်

Your Thoughts …
Tags: Ethnic
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

အပြောင်းအလဲတွေ ထပ်မြင်ရဦးမယ့် ၂၀၂၅  (ရုပ်/သံ)

အပြောင်းအလဲတွေ ထပ်မြင်ရဦးမယ့် ၂၀၂၅ (ရုပ်/သံ)

by ဧရာဝတီ
14 February 2025
213

မြန်မာနိုင်ငံ၏ လက်ရှိပထဝီဝင် အခင်းအကျင်းမှာ ဆုံမှတ်များ၏ ဗဟိုချက်မအဖြစ် တည်ရှိနေသည်။ ဆက်လက်၍ ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်များ၏ အထောက်အပံ့မှာ အရှိန်အဟုန်ဖြင့် တိုးတက်အားကောင်းလာနိုင်ပြီး တော်လှန်ရေးအင်အားစုများ၏ မြို့ပြနှင့် မြန်မာနိုင်ငံအလယ်ပိုင်း အချက်အချာ ဒေသများသို့ ထိုးစစ်ဆင်ဝင်ရောက်ရေးမှာ...

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ (ရုပ်/သံ)

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ (ရုပ်/သံ)

by ဧရာဝတီ
16 September 2024
202

ဦးအောင်ခမ်းထီ ဥက္ကဋ္ဌဖြစ်လာသည့် ၁၉၇၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ၁၄ နှစ်တာ ကာလအတွင်း PNO သည် တော်လှန်ရေး လက်နက်ကိုင်များ မဟာမိတ် အစုအဖွဲ့ဖြစ်သော အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) နှင့် မြန်မာပြည် ဒီမိုကရက်တစ်...

ယာဉ်ဖြတ်သန်းသွားလာခွင့် တောင်းခံနေသော KIA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

တိုက်ပွဲများကြား တညတာ ရှင်သန်ရေး

by လဝီဝမ်
25 November 2016
25.4k

နိုဝင်ဘာ ၂၁ ရက် တနင်္လာနေ့က သေနတ်သံ အမြောက်သံများသည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ လားရှိုးမူဆယ်လမ်းပေါ်မှ နန့်ဖာလုံ ကျေးရွာကလေး အတွက် အိပ်စက်ခြင်း ကင်းမဲ့သော ညကို ဖြစ်စေခဲ့သည်။

ယနေ့နေလယ်ပိုင်းက မူဆယ်မြို့အတွင်း တပ်မတော်သားများ မော်တာ်ယာဉ်ဖြင့် ကင်းလှည်နေပုံ / ဇော်ဇော် / ဧရာဝတီ

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

by နန်းဆိုင်နွမ်
22 November 2016
27.6k

တရုတ်- မြန်မာ နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိရာ မူဆယ်မြို့ အနီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် မူဆယ်ဒေသခံများ စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြသည်။

ကဒူးကြီးဒေသခံ ၂၀၀ နေရပ်ပြန်နိုင်ရေး RCSS နှင့် PNLO လုံခြုံရေး ဆိုင်ရာ သဘောတူညီမှု ရယူ

ကဒူးကြီးဒေသခံ ၂၀၀ နေရပ်ပြန်နိုင်ရေး RCSS နှင့် PNLO လုံခြုံရေး ဆိုင်ရာ သဘောတူညီမှု ရယူ

by ချစ်မင်းထွန်း
4 August 2017
6.5k

“ကျနော်တို့ ဥက္ကဋ္ဌကြီးနဲ့ PNLO က ခွန်မြင့်ထွန်းတို့ တွေ့ဆုံပြီး သဘောတူညီချက် ရယူခဲ့ကြတယ်။ အသေးစိတ် ကိုတော့ ကျနော်လည်း မဖတ်မိသေးဘူး။

ပြည်ထောင်စုနေ့က ပင်လုံမြို့တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် / ပြေကျော် / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC တို့ ထိပ်တိုက်ဆွေးနွေးမည်

by ကျော်ခ
21 February 2017
4.7k

NRPC ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) တို့တွေ့ဆုံ ဆွေးနွေးရာတွင် လက်ရှိကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးလိုကြောင်း UNFC ဘက်က အဆိုပြုထားခြင်းဖြစ်သည်

Next Post
ချေ ကိုယ်တိုင်ရေးတဲ့ တော်လှန်ရေးကျမ်း

ချေ ကိုယ်တိုင်ရေးတဲ့ တော်လှန်ရေးကျမ်း

ဗီဂျေနမ်ဘီယာ၏ ရာထူးသက်တမ်း ထပ်မံတိုးတော့မည်မဟုတ်

ဗီဂျေနမ်ဘီယာ၏ ရာထူးသက်တမ်း ထပ်မံတိုးတော့မည်မဟုတ်

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate