Lifestyle

Fielder တွေဈေးအတက် ကြမ်းနေတယ်

Toyota ထုတ် ပြည်တွင်းမှာလူကြိုက်များမော်ဒယ် တခုဖြစ်တဲ့ Proboxရဲ့ အဆင့်မြင့် မော်ဒယ် Fielder က ဒီရက်ပိုင်းမော်ဒယ်နှစ် သတ်မှတ်ချက် ထုတ်လိုက်ပြီးနောက်ပိုင်းဈေးအတက် အကြမ်းဆုံးမော်ဒယ်တခုဖြစ်လာပါတယ်။

Proboxကိုယ်ထည် ဒီဇိုင်းနဲ့ Succeed နဲ့ Fielder တွေကအိမ်စီးတွေအဖြစ် အများဆုံးဝယ်ယူကြတာတွေ့ရပြီးမော်ဒယ်ရဲ့ အရည်အသွေးနဲ့ တပ်ဆင် ပစ္စည်းအပိုင်းမှာလည်းကောင်းမွန်တာကြောင့် အိ်မ်စီးအနေနဲ့ ရွေးချယ်ဖို့ အကောင်းဆုံးအနေအထားဖြစ်လာပါတယ်။

ဒါပေမယ့် အခုရက်ပိုင်းအတွင်းကားဈေးနှုန်းတွေတက်ရိပ်ပြလာသလိုProbox  ၂၀၁ခုနှစ် မော်ဒယ်ကိုပဲကီလို ၁ ဒသမ ၃ သိန်းအနေအထားမှာမန်းလိုင်စင်နဲ့ ခေါ်ဈေးသိန်း ၁၄၀ ဝန်းကျင်၊ Succeed က ၂၀၁၁ ခုနှစ် ကီလို ၈ သောင်းဝန်းကျင်ကိုနယ်လိုင်စင်နဲ့ ခေါ်ဈေးသိန်း ၁၈၀ လောက် ရှိပေမယ့် Fielder ကတော့ ၂၀၁၀ခုနှစ် မော်ဒယ်၊ ကီလို ၉ သောင်း၊ နယ်လိုင်စင် အနေအထားမှာခေါ်ဈေးသိန်း ၂၅၀ ရှိနေတာပါ။ ဒါကလက်ရှိတန်ကြေးသင့် ဇိမ်ခံမော်ဒယ် စီးနင်းသူတွေသုံးနေတဲ့ ဈေးနှုန်းဖြစ်ပြီး Hatchback ကိုယ်ထည် အနေအထားမှာအခုမော်ဒယ်နဲ့ ဈေးကများနေသလိုပါ။

Axioလိုမော်ဒယ်တွေဆိုရင်ပဲ ၂၁၀၂ ခုနှစ်ထုတ်မော်ဒယ် ရန်ကုန်လိုင်စင်နဲ့ ကီလို ၃ သောင်းကျော်ကိုသိန်း ၁၉၀ လောက်နဲ့ ရနိုင်နေပါသေးတယ်။ ဒါ့အပြင် Honda Airwave လိုမော်ဒယ်ဆိုရင်လည်း ၂၀ဝ၉ ခုနှစ်ထုတ် ရန်ကုန်လိုင်စင် ကီလို ၈ သောင်းကိုသိန်း ၂၀ဝ နဲ့ အလျော့ဘက်မှာပဲရှိနေတာပါ။ ဒီအချက်က Fielder ကိုဈေးမြင့်မြင့် ခေါ်နေသူတွေအတွက် သတိပြုစရာဖြစ်လာသလိုလူကြိုက်လည်းနည်းသွားစေနိုင်ပါတယ်။

ဒီနေ့ ကားဈေးတက်ရိပ်ပြလာမှုကတချို့ ကားဈေးနှုန်းတွေကိုမထင်ရင် မထင်သလိုတင်လာစေပါတယ်။ ကားဈေးကွက် မတည်ငြိမ်မှုကိုကားဝယ်ရောင်းတချို့ကပဲဈေးကစားမှုနဲ့အတူလှုပ်ခတ်လာစေမယ့် သဘောပါ။ ဝယ်လက်ကတော့ ဈေးတက်ဖို့ ရှိနေတာကြောင့် အခုရက်ပိုင်းအတွင်းအဝယ်လိုက်လာပေမယ့် အခု Fielder တွေတော့ ကျန်နေခဲ့တယ်လို့ ဈေးကွက်ကနေသိရပါတယ်။

Fielder တွေကအင်ဂျင်ပိုင်းမှာ ၁.၈ လီတာသုံးအင်ဂျင်ကိုတပ်ဆင်ထားပြီး Push-Start နဲ့ သုံးနိုင်လောက်အောင် အကြမ်းစီးလုပ်ငန်းသုံးမော်ဒယ်တွေထက်စာရင် ဖန်တီးထားပုံကောင်းပါတယ်။ ဒါပေမယ့် Axioတွေဆိုရင် Ori-TV, Back Cam, Digital AV နဲ့ Push-Startလိုအစုံပါတဲ့ မော်ဒယ်တွေထက်တော့ အားနည်းချင်ပါသေးတယ်။

ဈေးကွက်မှာတွေ့ရသလောက် Fielder အများစုသန့်ပေမယ့် ဈေးကကစားလွန်းနေပါတယ်။ Proboxအနေနဲ့ လုပ်ငန်းသုံးအတွက်ပဲအဆင်ပြေမယ်လို့ ယူဆရင် Succeed ကိုလည်းလေ့လာနိုင်ပါတယ်၊ ဒါမှမဟုတ် Honda Airwave, Toyota Axio, Nissan Wingroadတွေလည်းသိန်း ၂၀ဝ နဲ့ အောက်ဖက်မှာဈေးရှိတာမို့ ဒီရက်ပိုင်းအတွင်းအချိန်နည်းနည်းပေးပြီးလေ့လာဝယ်ယူတာအကောင်းဆုံးဖြစ်ပါလိ့်မ်မယ်။

Loading