Lifestyle

ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်ပိုင်းဆိုင်ရာ လာရောက်ဆွေးနွေးတဲ့ အစ္စရေး ဒါရိုက်တာ

အစ္စရေးနိုင်ငံရဲ့ ဒါရိုက်တာ Oded Davidoff က မြန်မာနိုင်ငံရှိ အနုပညာလောကသားများနဲ့ တွေ့ဆုံပြီး ရုပ်ရှင်ပိုင်းဆိုင်ရာအကြောင်း ဆွေးနွေးတဲ့ပွဲကို ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့ရှိ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ အစ္စရေး ဒါရိုက်တာ Oded Davidoff က သူ ရိုက်ကူးခဲ့တဲ့ နာမည်ကြီးဇာတ်ကား Someone To Run With ဇာတ်ကားကို ပြသခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ပွဲတက်ရောက်လာကြတဲ့ အတတ်ပညာပိုင်းဆိုင်ရာတာဝန်ရှိသူများနဲ့ တွေ့ဆုံမေးမြန်းခြင်းများ၊ ပညာရပ်ပိုင်းဆိုင်ရာ ဖလှယ်ခြင်းများကို ပြုလုပ်ခဲ့ပါတယ်။

ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်ပိုင်းဆိုင်ရာ လာရောက်ဆွေးနွေးတဲ့ အစ္စရေး ဒါရိုက်တာ

ဒါရိုက်တာ Oded Davidoff က ကိုယ်ရိုက်ကူးမယ့် ဇာတ်လမ်းကို ကိုယ်တိုင်စိတ်ဝင်စားမှ အများကလည်း စိတ်ဝင်စားမှာဖြစ်ကြောင်း နဲ့ သူအနေနဲ့ ဇာတ်လမ်း ရုပ်ရှင် ရိုက်ကူးတဲ့အခါမှာ အဓိက ငွေကြေးကို ပဓာနမထားဘဲ ရိုက်ကူးကာ နိုင်ငံတကာကို ပြသနိုင်ဖို့ အရည်အသွေးကိုသာ အဓိကထားပြီး ရိုက်ကူးလေ့ရှိတယ်လို့လည်း တွေ့ဆုံ ဆွေးနွေးပွဲမှာ ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက မြန်မာနိုင်ငံကို အစ္စရေးရုပ်ရှင်ပွဲတော်ဖွင့်ပွဲနဲ့ ရုပ်ရှင်ပြပွဲအတွက် ရောက်ရှိလာတာဖြစ်ပြီး ရောက်ရှိစဉ် ကာလအတွင်းမှာလည်း ရန်ကုန်မြို့ Junction Square မှာ ဒီဇင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိပြုလုပ်မယ့် အစ္စရေးရုပ်ရှင်ပွဲတော်ကို တက်ရောက်မယ်လို့လည်း သိရပါတယ်။

ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်ပိုင်းဆိုင်ရာ လာရောက်ဆွေးနွေးတဲ့ အစ္စရေး ဒါရိုက်တာ

ဒါ့အပြင် သူရဲ့နာမည်ကျော် ရုပ်ရှင်ဇာတ်ကားတကားဖြစ်တဲ့ Someone To Run With ကို မြန်မာပရိသတ်များအား ပြသသွားမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို ရောက်ရှိနေစဉ်အတွင်းမှာလည်း အနုပညာ အတတ်ပညာပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ Yangon Film School နဲ့ Mandalay Culture University တို့မှာ ဒါရိုက်တာ အတတ်ပညာပိုင်းနဲ့ ပတ်သက်ပြီး ပို့ချပြောကြားပေးသွားမှာဖြစ်တယ်လို့လည်း  သိရပါတယ်။

ဒါရိုက်တာ Oded Davidoff အနေနဲ့ အစ္စရေးနိုင်ငံမှာသာမက  အိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း Someone To Run With ဇာတ်ကားဖြင့် ရုပ်ရှင်ဇာတ်ကားဆု ရရှိထားသူတဦးဖြစ်တယ်လို့ သိရပါတယ်။

Loading