တက်သစ်စလူငယ် Dancer များရဲ့အရည်အချင်းများကို ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက်နဲ့ ‘The First Jam 2016’ လို့ အမည်ပေးထားတဲ့ Myanmar Street Dance ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် လှည်းတန်း စင်တာမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
“ကျွန်နော်တို့ ဒီပွဲကိုကျင်းပပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ Street Dance အကမျိုးစုံကို အဖက်ဖက်မှ တိုးတက်ရုံသာမက Dancer တွေ အကုန်လုံးကိုလည်း တယောက်နဲ့တယောက် စည်းလုံးညီညွတ်မှုရှိရှိနဲ့ နိုင်ငံတကာကကျင်းပပြုလုပ်တဲ့ ပွဲတွေမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့အထိ အထောက် အကူပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။” လို့ Myanmar Street Dance မှ စီစဉ်သူ ကို Jimmy ကိုကို က ပြောကြားခဲ့ပါတယ်။
ဒီပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာ ၅ ကြိမ်မြောက် ကျင်းပပြုလုပ်လာတဲ့ အကပြိုင်ပွဲဖြစ်ပြီး Street Dancers Community အဖွဲ့က စီစဉ်ကျင်းပတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီပွဲမှာ အကဲဖြတ်ဒိုင်လူကြီးများအဖြစ် ဆလိုဗီးနီးယား၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်း နှင့် ထိုင်ဝမ် အစရှိတဲ့ နိုင်ငံများက ဒိုင်လူကြီးများပါဝင်ပြီး အကဲဖြတ်အမှတ်ပေးသွားမယ်လို့ သိရပါတယ်။
ဒီပြိုင်ပွဲကို Samsung Myanmar က ပံ့ပိုးပေးမှာဖြစ်တဲ့အတွက် ပြိုင်ပွဲတွင် ပထမဆုရရှိတဲ့အဖွဲ့အနေနဲ့ မြန်မာငွေကျပ် ၅ သိန်းနဲ့ Samsung Gear Fit ၂ လုံး၊ ဒုတိယဆုရရှိတဲ့အဖွဲ့အနေနဲ့ မြန်မာငွေကျပ် ၃ သိန်းနဲ့ Samsung Galaxy J2 Prime ၂ လုံးကို ချီးမြင့်ပေးသွားမယ်လို့ သိရပါတယ်။