မြန်နှုန်းမြင့် မောင်းနှင်နေချိန်တွေမှာ ကိုယ်ထည် ထိန်းချုပ်ရမှု အားနည်းလာခြင်း၊ လက်ကိုင် တဖက်သို့ ဆွဲသွားခြင်း၊ ကိုယ်ထည် တုန်ခါမှု မြင့်တက်လာခြင်းတွေကို အဓိက ဖြစ်စေတဲ့ အချက်ကတော့ ဘီးတုန်ခါခြင်း (Wheel Vibration) ကြောင့်ပါ။ ဒီလိုတုန်ခါမှု ဘာကြောင့် ဖြစ်ရတာပါလဲ။ မိမိရဲ့ မော်တော်ယာဉ်မှာ အဲဒီလို ဖြစ်နေပြီ ဆိုရင်တော့ အောက်ပါ အချက်တွေကြောင့် ဖြစ်ပါလိမ့်မယ်။
၁ – တာယာနဲ့ ဒစ်ဝှီး (ဘီးခွေ) အံမကျခြင်း၊ ဟန်ချက်မညီခြင်း – တာယာအသစ် လဲလှယ်တပ်ဆင်ချိန်နဲ့ ဘီးပေါက် ဖာချိ်န်တွေမှာ သတိပြုပြီး အံကျဆောင် လုပ်ဆောင်ရမှာ
၂ – တာယာပန်းသား မညီခြင်း၊ တခြမ်းစားသွားခြင်း – ဝန်တင်များခြင်း၊ လမ်းသားမညီတဲ့ နေရာမှာ မောင်းနှင်မှု များခြင်းကြောင့် တာယာပန်းသားတွေ အစားမညီဘဲ တခြမ်းစားသွားစေနိုင်ပါတယ်။
၃ – ဒစ်ဝှီး လိမ်နေခြင်း၊ ဘီးခွေနေခြင်း – တိုက်ခိုက်မှု တခုခုကြောင့်၊ ဝန်ပိုတင်ဆောင်ခြင်းတွေကြောင့် ဘီးခွေသွားနိုင်ပါတယ်။
၄ – တာယာ Balance အောက်နေခြင်း၊ လိမ်နေခြင်း – တာယာသား လိမ်နေခြင်းအတွက် Wheel Balancing အမြဲချိန်ပေးဖို့ သင့်ပါတယ်။
၅ – ကားဘီးတပ်ဆင် Hub ဘောအထိုင် ချောင်နေခြင်း၊ ဘောစားနေခြင်း – ဘောအသစ် လဲလှယ်ပေးခြင်း၊ အထိုင် Hub ပြုပြင်ပေးခြင်းများ လုပ်ဆောင်သင့်ပါတယ်။
၆ – လက်ကိုင်ဘီးနဲ့ ချိတ်ဆက်ထားတဲ့ တိုက်ရော့ဘောတွေ စားနေခြင်း – ဒါကတော့ ဘီးကြောင့် မဟုတ်ဘဲ Balancing ကိုက်နေရင် စစ်ဆေးရမယ့် အချက်ဖြစ်ပြီး တိုက်ရော့ကို ပြန်လည် ပြင်ဆင်နိုင်ပါတယ်။
၇ – Suspension စနစ် ဆီနည်းခြင်း၊ ချို့ယွင်းခြင်း – ဒီအချက်က ကားအောက်ပိုင်းကို ပြန်လည် စစ်ဆေးဖို့ ဖြစ်ပြီး ပုံမှန်ထက် ငြိမ့်ညောင်းမှု အားနည်းလာရင် စစ်ဆေးကြည့်သင့်ပါတယ်။