Lifestyle

၂၀၁၇ နှစ်ဆန်းပိုင်းမှာ ရုပ်သံဇာတ်လမ်း အသစ်ရိုက်ကူးမယ့် ဆူဇီ

Miss A အဖွဲ့မှ အဆိုတော်မလေး ဆူဇီဟာ ဂီတလှုပ်ရှားမှုများထက် လတ်တလောမှာတော့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရေးများနဲ့ အလုပ်ရှုပ်နေပြီး ၂၀၁၇ အတွက် ရိုက်ကူးရေးများကို စိစစ်လက်ခံနေရတယ်လို့ သိရပါတယ်။ ၂၀၁၇ နှစ်ဆန်းပိုင်းမှာတော့ ဆူဇီဟာ လီဂျောင်ဆော့နဲ့ တွဲဖက်ပြီး SBS ရုပ်သံဇာတ်လမ်း အသစ်ဖြစ်တဲ့ “While You Were Sleeping” ဆိုတဲ့ ရုပ်သံဇာတ်လမ်းကို ရိုက်ကူးမှာဖြစ်တယ်လို့ သူမရဲ့ အနုပညာအေဂျင်စီဖြစ်တဲ့ iHQ က သတင်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီထုတ်ပြန်ချက်မှာ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ ရိုက်ကူးရေးများကို စတင်ရန်အတွက် သဘောတူထားပြီဖြစ်ကာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလထဲမှာတော့ ရုပ်သံဇာတ်လမ်း ရိုက်ကူးမှုအတွက် ကြိုတင်ပြင်ဆင်မှုများကို ညှိနှိုင်းပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်ဆန်းပိုင်းမှာ ရုပ်သံဇာတ်လမ်း အသစ်ရိုက်ကူးမယ့် ဆူဇီ

Miss A အဖွဲ့ရဲ့ အဖွဲ့ဝင်တဦးဖြစ်သူ ဆူဇီဟာ Dream High ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာခဲ့သူတဦးဖြစ်က ၂၀၁၆ ခုနှစ်အတွင်းမှာ တောင်ကိုရီးယား အမျိုးသမီးသရုပ်ဆောင်များကြားမှာ ထိပ်တန်းနေရာကို ရောက်ရှိလာသူတဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားထိပ်တန်း သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လီမင်ဟိုနဲ့ ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့ ကောလဟလတွေကိုလည်း ရင်ဆိုင်နေရသူပါ။
မကြာသေးခင်ကလည်း သူတို့နှစ်ဦး လက်ထပ်တော့မယ်ဆိုတဲ့ သတင်း တွေအထိဖြစ်ခဲ့ပါသေးတယ်။

လီဂျောင်ဆော့နဲ့ တွဲဖက်ရိုက်ကူးမယ့် “While You Were Sleeping” ရုပ်သံဇာတ်လမ်းကို ဇာတ်ညွှန်း ဘတ်ဟေရမ်းက ရေးသားထားတယ်လို့ သိရပါတယ်။ ဆူဇီသရုပ်ဆောင်ခဲ့သော ဇာတ်လမ်းအများစုကိုလည်း ဘတ်ဟေရမ်း ကပဲ ဇာတ်ညွန်း ရေးသားခဲ့ခြင်းဖြစ်ကာ ဆူဇီအတွက် ဇာတ်ညွှန်းရေးဆရာလို့ သတ်မှတ်ထားခြင်းခံရသူလည်းဖြစ်ပါတယ်။

“While You Were Sleeping” ရုပ်သံဇာတ်လမ်းမှာ ဆူဇီဟာ ကံမကောင်းမှုများကို ကြိုတင်သိမြင်နေတဲ့ အကြားအမြင် ရတဲ့ မိန်းကလေးတစ်ဦးဖြစ်ကာ သူရရှိထားတဲ့စွမ်းအားကို အသုံးပြုပြီး လက်တွေ့မှာဖြစ်ပျက်နေတဲ့ ကိစ္စရပ်များကို ပြုပြင်ပြောင်းလဲရန် ကြိုးစားအားထုတ်တဲ့သူအဖြစ် သရုပ်ဆောင်မယ်လို့ သိရပါတယ်။

Ref : koreaherald.com

Loading