၁။ ရွှေပေါက်ကံ၊ မြောက်ဥက္ကလာပ ပန်းချီဆရာများ၏ `ဆောင်းသံယောဇဉ် ` ပန်းချီပြပွဲကို ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ် ပန်းချီပြခန်းတွင် ၁၇.၁၂.၂၀၁၆ မှ ၂၈.၁၂.၂၀၁၆ ရက်နေ့အထိ ပြသသွားမည်။ ပြပွဲတွင် ဆီဆေး၊ ရေဆေး ၊ အခရိုင်းလစ်ပန်းချီကားပေါင်း ၈၈ ကားပြသသွားမည်ဖြစ်ကြောင်း သိရသည်။
၂။ ` ရှင်သန်ခြင်းမြတ်ဒါနအလှူ ` ပန်းချီပြပွဲကို ဗိုလ်ချုပ်ဈေးရှိ တော်ဝင်ပန်းချီပြခန်းတွင် ၂၀.၁၂.၂၀၁၆ မှ ၃၀.၁၂.၂၀၁၆ အထိ ပြသသွားမည် ဖြစ်သည်။ ပြပွဲတွင်ပန်းချီကား ၂၀ ကျော်ပြသသွားမည်ဖြစ်ပြီး ပန်းချီကားရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်းအား ဆည်းဆာရိပ်ဂီလာနဘိုးဘွားရိပ်သာကို လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
၃။ ပန်းချီဆရာမ Black Rose ပထမအကြိမ် တကိုယ်တော်ပန်းချီပြပွဲကို ၃၁ လမ်းရှိ၊ Cloud 31 Art Gallery တွင် ၂၁.၁၂.၂၀၁၆ မှ ၂၂.၁၂.၂၀၁၆ ရက်နေ့အထိ ပြသသွားမည်ဖြစ်သည်။ ပြပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ငယ်စဉ်ဘဝမှစ၍ ယခုအချိန်အထိကို သရုပ်ဖော်ရေးဆွဲထားသော ပန်းချီကား ၂၉ ကားပြသွားမည်ဖြစ်ကြောင်း သိရသည်။
၄။ ၂၀၁၆ ခရစ္စမတ် OPERA MUSICAL ပွဲတော်ကို မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ၂၃.၁၂.၂၀၁၆ မှ ၂၅.၁၂.၂၀၁၆ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ OPERA MUSICAL ပွဲတော်တွင် Jin Dal Lae Choir မှ Drama ၊ Musical Opera အထူးတင်ဆက်မှုများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ပြီး ပွဲလက်မှတ်မှာ ၃၀၀၀ ၊ ၅၀၀၀ ၊ ၈၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။ ပွဲတော်အချိန်ကို နေ့စဉ် နံနက် ၁၀ နာရီမှ ည ၉ နာရီခွဲအထိ နေ့စဉ်ကျင်းပသွားမည်ဖြစ်ပြီး ပွဲလက်မှတ်များကို ဖုန်း-၀၁-၆၄၆၅၃၃ ၊ ၀၉-၉၇၀၀၉၀၄၆၁ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
၅။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ပြင်သစ်ဆပ်ကပ်ပညာရှင်များ၏ဖျော်ဖြေတင်ဆက်မှုကို သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းရှိ အောင်သုခ အားကစားကွင်းတွင် ၂၅.၁၂.၂၀၁၆ ရက်နေ့ ည ၇ နာရီမှ ၉ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။ လက်မှတ်များကို Capital Hypermarket ( သာကေတ ) ၊ Monument Books & Toys Store ( ဓမ္မစေတီလမ်း ) ၊ Monsoon Restaurant & Bars ( သိမ်ဖြူလမ်း ) တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၆။ White Culture Music Festival ပွဲတော်ကို သုဝဏမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The ONE Entertainment Park တွင် ၂၄.၁၂.၂၀၁၆ နေ့ညနေ ၃ နာရီမှစတင်ကာ ၂၅.၁၂.၂၀၁၆ ရက်နေ့ နေ့လည် ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။ ပွဲလက်မှတ်များကို ဖုန်း ၀၉-၄၄၄၀၇၈၀၈ သို့ ဆက်သွယ်ဝယ်ယူနိုင် ကြောင်း သိရသည်။
၇။ Slam Express 4 ကဗျာရွတ်ဆိုပွဲကို ဘိုကလေးဈေးလမ်းရှိ ပန်သူရိယ အနုပညာပြခန်းတွင် ၂၃.၁၂.၂၀၁၆ ရက်နေ့ ညနေ ၆ နာရီခွဲမှ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၈။ ဓာတ်ပုံဆရာ ၃၇ ဦးပါဝင်မည့် ၃ ကြိမ်မြောက် Dynamic Photo-Art Exhibition ဓာတ်ပုံပြပွဲကို ပြည်သူဥယျာဉ်ရှိ Yangon Gallery တွင် ၂၁.၁၂.၂၀၁၆ မှ ၂၃.၁၂.၂၀၁၆ ရက်နေ့အထိ ပြုလုပ်သွား မည်ဖြစ်သည်။ မြန်မာနိုင်ငံအနံှ့မှ ရှု့ခင်းဓာတ်ပုံများအပြင် ကော့သောင်းမြို့မှ ရေအောက်ရှုခင်းပုံများ ၊ ရှမ်းပြည်နယ်မှ ရှုခင်းအလှပုံများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ ပြပွဲတွင် ရောင်းရငွေများ၏ ၅၀ ရာခိုင်နှုန်းကို ပရဟိတအဖွဲ့များသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
၉။ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်နေကျဖြစ်သည့် Yangon Hash House Harriers Saturday Run ပွဲကို ၂၄.၁၂.၂၀၁၆ ရက်နေ့ နေ့လည် ၂ နာရီခွဲမှစကာ ပြုလုပ်သွားမည်ဖြစ်သည်။ တက္ကသိုလ်ရိပ်သာလမ်းဟောင်းရှိ ရန်ကုန်တက္ကသိုလ်ဂိတ်ဝတွင် စတင်စုရုံး၍ သတ်မှတ်ရာနေရာသို့ သွားရောက်ကြမည်ဖြစ်ပြီး ပြေးပွဲတွင် ပါဝင်ဆင်နွှဲနိုင်ရန် ၄၀၀၀ ကျပ်သတ်မှတ်ထားကြောင်းသိရသည်။
၁၀။ The Fat Ox Christmas Dinner ပွဲကို ဗိုလ်တထောင်မြို့နယ်၊ လမ်း ၅၀ ရှိ The Fat Ox Bar တွင် ၂၅.၁၂.၂၀၁၆ ရက်နေ့ နေ့လည် ၁ နာရီမှ စတင်သွားမည်ဖြစ်သည်။ တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် သုံးဆောင်နိုင်ကြောင်းသိရသည်။