ကားတွေကို ဘီးတုန်ခါမှု Wheel Vibration မဖြစ်အောင် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ Balancing Machine မှာ Balance လုပ်ခြင်းကို ဆောင်ရွက်ထားသင့်ပါတယ်။ ဘီးတုန်ခါမယ် ဆိုရင်တော့ တာယာတွေ သက်တမ်းတိုစေမှာ ဖြစ်ပြီး မြန်နှုန်းမြင့် မောင်းနှင်ချိန်မှာလည်း မတော်တဆ တိမ်းမှောက်နိုင်ချေ များစေမှာ ဖြစ်ပါတယ်။ ဒီတော့ ဘယ်အချိန်မှာများ Balance လုပ်ဆောင်ထားသင့်ပါသလဲ။
၁ – တာယာအသစ်လဲလှယ်တပ်ဆင်ချိန်
၂ – ဒစ်ဝှီး ဘီးခွေများ အသစ်လဲလှယ် တပ်ဆင်ချိန်
၃ – နောက်ဆုံးချိန်ထားတဲ့ Balance Weight တုံး ပြုတ်ထွက်သွားချိန်
၄ – ဘီးပေါက်ဖာပြီး တာယာဖြုတ်ထုတ်ပြီး ပြန်လည် တပ်ဆင် စီးနင်းနေချိန်
၅ – တာယာပန်းသားတွေ စားနေတာကို မျက်မြင်တွေ့လာရချိန်
၆ – ကွန်ပေါင်းပန်းတင်ထားတဲ့ တာယာများ လဲလှယ်တပ်ဆင် သုံးစွဲချိန်တွေမှာ Balance ပြန်ချိန်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။
ဒီလို Balanceချိန်တဲ့ နေရာမှာ နှစ်မျိုး နှစ်စား ချိ်န်နည်းရှိပါတယ်။ Static Balancing ပုံစံနဲ့ Dynamic Balancing ပုံစံတွေ ဖြစ်ပါတယ်။ Static ကတော့ တည်ငြိမ် အနေအထားအထားမှာ ယာဉ်ရဲ့ ဘီးအပေါ် ဝန်သက်ရောက်မှုနဲ့ တည်ငြိမ်မှု ဟန်ချက်ကို စစ်ဆေးတာ ဖြစ်ပြီး Dynamic ကတော့ ဘီးတွေလည်ပတ်ချိန်မှာ ဖြစ်လာမယ့် အလေးချိန် ဖြန့်ကျက်မှု အနေအထားကို စစ်ဆေးပြီး ဟန်ချက်ညီအောင် လိုအပ်သလိုပြန်လည် ချိန်ညှိယူရတာပဲ ဖြစ်ပါတယ်။
Balance Out ဆိုတဲ့ အနေအထားဆိုရင်တော့ Weight တုံးတွေခံပြီး ဟန်ချက်ညီအောင် လုပ်ယူရတာပါ၊ ချိန်ညှိပုံကတော့ လိုအပ်သလို ဆိုင်ကနေ လုပ်ဆောင်ပေးမှာ ဖြစ်ပြီး အမျိုးအစားနှစ်မျိုးကို ဗဟုသုတ အနေနဲ့ သိရအောင် ပြောပြတာ ဖြစ်ပါတယ်။