Lifestyle

မော်ဒယ်မြင့်တွေ ဈေးချိုသေးတဲ့ Nissan Note

ကိုယ်ထည်ကြီးကြီး အင်ဂျင်သင့်သင့်နဲ့ မိသားစုသုံး အတွက်အဆင်ပြေမယ့် မော်ဒယ် ဆိုရင် အခု ပြောမယ့် Nissan Note နဲ့ အတူ Toyota Wish တို့ Honda Odyssey လို မော်ဒယ်တွေ ရှိပါတယ်။ ဒါပေမယ့် Note က ဈေးကွက်မှာ ဝင်နေတာ ကြာပေမယ့် အင်ဂျင်ပိုင်း စွမ်းဆောင်ရည် နည်းနည်းပျော့လို့၊ ဆေးသားအကျ မြန်ချင်လို့ဆိုပြီး လူကြိုက်နည်းချင်ပါတယ်။

ဒီအချက်တွေကို ကုမ္ပဏီကလည်း သိပုံရပါတယ်။ ဒီတော့ နောက်ပိုင်းထုတ် မော်ဒယ်တွေမှာတော့ အားနည်းချက်တွေကို ပြင်ဆင် ထုတ်လုပ်လာတာ တွေ့ရပါတယ်။ ဒီလိုနဲ့ မော်ဒယ်နိမ့် အနေအထားမှာပါ လူကြိုက်နည်းခဲ့တဲ့ Note က မော်ဒယ်မြင့် ဈေးကွက် ဝင်လာသည့်တိုင်အောင် အောင်မြင်မှု မရသေးချင်သလိုပါ။

အဲဒီလို အားနည်းချက် ဖြစ်ခဲ့ဖူးတဲ့ အချက်က အခု ကားဈေးတွေ တက်လာချိန်မှာတော့ အခွင့်ကောင်း ဖြစ်လာပါတယ်။ မော်ဒယ်မြင့်တွေ ဈေးသိပ် မတက်သေးပါဘူး။ နောက်ပြီး ပြင်ဆင် ပြောင်းလဲမှုတွေကြောင့် မော်ဒယ်မြင့်တွေဟာ အားနည်းချက်လည်း နည်းလာပါတယ်။ မောင်းနှင်ပြီး ကီလိုလည်း နည်းနည်းနဲ့ ရနိုင်နေသေးတာ တွေ့ရပါတယ်။

ပြည်တွင်း ဈေးကွက်မှာတော့ ၁.၃ လီတာသုံး အင်ဂျင်တပ် Note တွေ ၂၀၁၂ ခုနှစ်ထုတ် မော်ဒယ်ကနေ စပြီး အနိမ့်ဆုံး ပုံစံနဲ့ တွေ့လာရပါတယ်။ အရောင်ပိုင်းက အဖြူ တမျိုးတည်းပဲ အများဆုံး ဈေးကွက် ဝင်ပြီး တကယ်လို့ အဖြူ မဟုတ်တဲ့ ဆင်တူ ပုလဲရောင်မျိုး ဖြစ်လာခဲ့ရင်တောင် ဈေးက ကျပ် ၅ သိန်းလောက် လျော့သွားနိုင်ပါတယ်။

မော်ဒယ်က အင်ဂျင် အသင့်အနေအထား၊ ကိုယ်ထည်နဲ့ ပြန်ကြည့်ရင်တော့ အင်ဂျင်က နည်းနည်း သေးချင်ပါတယ်။ ခရီးဝေး သွားလာတတ်သူတွေ အတွက်ကတော့ နည်းနည်း စဉ်းစားစရာ ဖြစ်လာစေပါတယ်။ မြို့တွင်း အသုံး အတွက်ကတော့ ဆီစားနည်းနည်းနဲ့ အကောင်းဆုံး ဖြစ်မှာပါ။

Autoစ နစ်နဲ့ ဖြစ်လာပါတယ်။ ညာမောင်း မော်ဒယ်၊ ဓာတ်ဆီအင်ဂျင်၊ အတွင်းခန်း တပ်ဆင် ပစ္စည်း အစုံပါ၊ နောက်ပိုင်းထုတ် မော်ဒယ်မြင့် ဖြစ်လာလို့ အော်ရီဂျင်နယ် ပစ္စည်းများသလို အရည်အသွေးလည်း စိတ်ချရပါတယ်။ အသက်ကယ် လေအိတ်စနစ် ပါရှိတယ်၊ ABS ဘရိတ်နဲ့ ဖြစ်လာတယ်၊ TV အပြင် DVD ထိအောင် ဖျော်ဖြေရေးပိုင်းက ပြန်ထည့်ဖို့ မလိုအောင် ပါပါတယ်။

Wish လို သိန်း ၂၀ဝ အထက် ရောက်သွားတဲ့ မော်ဒယ်ကို ခဏဖယ်ထားပြီး Odyssey လို မော်ဒယ်တောင်မှ ၂၀ဝ၃ ခုနှစ်ကို သိန်း ၁၆၀ လောက် အခေါ်ရှိနေပါပြီ။ အခု Note ကတော့ လိုင်စင် အပေါ်ကိုပါ မူတည်ပြီးတော့ ဈေးနှုန်း ကွဲပါသေးတယ်။

၂၀၁၄ ခုနှစ်ထုတ် Note ဆိုရင်တောင်မှ နယ်လိုင်စင် (ပဲခူး) ဆိုရင် ကီလို ၂ သောင်း မပြည့်ပဲ သိန်း ၁၂၀ လောက်နဲ့ ရနိုင်ပါတယ်။ ရန်ကုန်လိုင်စင် လိုချင်တယ် ဆိုရင်တော့ ၂၀၁၂ ခုနှစ် မော်ဒယ်လောက်ကို ကီလို ၆ သောင်းကျော်နဲ့ သိန်း ၁၃၀ ဝန်းကျင်မှာ ဈေးငြိမ်ချင်မှာ ဖြစ်ပါတယ်။

Loading