အခု မိ်တ်ဆက်ပေးချင်တဲ့ Recorder (အသံဖမ်းစက်) က Sony ကနေ နောက်ဆုံး မိတ်ဆက် ထုတ်လုပ်လိုက်တဲ့ Sony ICD-UX560F Recorder ဖြစ်ပါတယ်။ တန်ကြေးလည်း မြင့်သလို အသံဖမ်းစက်ရဲ့ နည်းပညာပိုင်း ကလည်း စိတ်ကျေနပ်စရာပါ။
လက်ရှိ အသုံးများတဲ့ အသံဖမ်းစက်တွေနဲ့ ယှဉ်ရင် ထူးခြားချက် အများအပြားကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အသုံးဝင်မယ့် အချက် တချက်ချင်းစီ အကြောင်းကို နည်းနည်းလောက် ပြောပြချင်ပါတယ်။
ပထမဆုံး သဘောကျမိတဲ့ အချက်က Internal Memory ထည့်သွင်း ဖန်တီးထားတာ ဖြစ်ပြီး 4 GB ထိအောင် ဖိုင်တွေ သုံးထားနိုင်မှာ ဖြစ်ပါတယ်။ PC နဲ့ တိုက်ရိုက် ချိတ်ဆက်နိ်ုင်မှာ ဖြစ်ပြီး တချို့မော်ဒယ်နိမ့် အသံဖမ်းစက် အများစုက SD Card ကိုပဲ စိုက်ပြီး သုံးနိုင်တာ ဖြစ်သလို ကွန်ပျူတာနဲ့ တိုက်ရိုက်ချိတ်ဆက်နိ်ုင်မှု မရှိတာ တွေ့ရပါတယ်။
ထည့်သွင်းထားတဲ့ Mic စနစ်က Stereo စနစ်နဲ့ ဖြစ်ပါတယ်။ သူက အသံတွေ ဆူညံနေချိန်မှာတောင် ကြည်လင်တဲ့ အသံဖမ်းမှုကို ပေးနိုင်မှာပါ။ အထူးသဖြင့်တော့ စင်တင်တေးဂီတပွဲလို ဆူညံနေချိန်မှာကိုပဲ စကားပြောသံနဲ့ ဂီတသံတွေကို အကောင်းဆုံး ကြည်လင်အောင် အသံဖမ်းပေးနိုင်မှာပါ။
အသံဖမ်းဖိုင် အမျိုးအစားက PCM ပုံစံနဲ့လည်း ရနိုင်သလို MP3 လည်း ရပါတယ်။ အဲဒီ ဖမ်းယူထားတဲ့ အသံဖိုင်တွေကို MP3 အဖြစ်နဲ့ရော PCM, WMA ပုံစံတွေနဲ့ ပြန်ပြီး နားထောင်နိုင်ပါလိမ့်မယ်။ အထက်မှာ ပြောခဲ့တဲ့ 4 GB Memory ထဲမှာ ဖိုင် အရေအတွက် သိမ်းဆည်းနိုင်မှုက ဖိုင်ပေါင်း ၅၀ဝ၀ ဖြစ်ပါတယ်။ ဒါက Folder လို အပိုင်းခွဲမှု အတွက်ပါ ဖြစ်ပြီး အပိုင်းခွဲမှုနဲ့ ဖိုင်းပေါင်း ၅၀ဝ၀ သိမ်းထားနိုင်မှာပါ။ တကယ်လို့ အပိုင်းခွဲမှု (Folder) တခုတည်း ခွဲမယ် ဆိုရင် ၁၉၉ခု ခွဲသိမ်းနိုင်မှာ ပါ။
အသံဖမ်းစက်မှာ ပြက္ခဒိန်စနစ် ပါတယ်၊ ရက်စွဲကြည့်နိုင်မယ်၊ လတွေ၊ ရက်တွေ ပြန်လည် ရှာဖွေ၊ ကြိုတင် ကြည့်နိုင် မယ်။ ညဘက် အလွယ်သုံးဖို့ LCD မီးစနစ် ထည့်ထားတယ်၊ USB တခါတည်း ထည့်ထားလို့ ကွန်ပျူတာနဲ့ တိုက်ရိုက် ချိတ်ဆက်နိုင်တာ ဖြစ်သလို အားလည်း သွင်းနိုင်မှာပါ။ ဘက်ထရီက Lithiumion အမျိုးအစား ဖြစ်ပြီး ဖုန်းတွေမှာ သုံးတဲ့ ဘက်ထရီမျိုးပါ။
ဖမ်းယူထားတဲ့ အသံတွေကို ပြန်လည် နားထောင်တဲ့ အခါမှာ Pitch ကို လိုအပ်သလို ချိန်နိုင်မှာပါ။ ဒါ့အပြင် Noise Cut စနစ် ပါပြီး ကိုယ်အဓိက အသံဖမ်းထားတဲ့ ဖိုင်တွေကို Filter ပုံစံနဲ့ သုံးပြီး နားထောင်နိုင်မှာပါ။ A-B ပုံစံ Repeat လုပ်ပြီး နားထောင်နိုင်မယ်၊ Easy Search စနစ်ပါတယ်၊ ဖိုင်တွေကို Erase လုပ်နိုင်မယ်၊ ကိုယ့်စိတ်ကြိုက် သိမ်းထား ချင်တဲ့ ဖိုင်တွေကို Protect စနစ်နဲ့ သိမ်းထားနိုင်မယ်၊ Folder ခွဲပြီး ဖိုင်တွေ သိမ်းထားတဲ့ အနေအထားမှာ Folder တခုကနေ တခုကို ဖိုင်တွေ ရွှေ့ (Move) လို့ ရမယ်။
ဒါ့အပြင် သိမ်းဆည်း ဖိုင်တခုကို ဖိုင်ပွား (Copy) လုပ်ချင်တယ် ဆိုလည်း ရနိုင်မယ်။ Folder အမည်တွေ၊ ဖိုင်အမည်တွေကိုလည်း ကွန်ပျူတာနဲ့ ချိတ်စရာ မလိုဘဲ နာမည်ပြောင်းနိုင်မှာ ဖြစ်ပါတယ်။ အရောင် အနေနဲ့ ကတော့ ပြည်တွင်းမှာ ခဲရောင်နဲ့ အနက် နှစ်မျိုး ရနိုင်ပြီး ဈေးနှုန်းက ကျပ် ၁၈၉၀ဝ၀ ဖြစ်ပါတယ်။