Lifestyle

ဒိုင်နာ အစားထိုးအဖြစ် အများဆုံး အသုံးပြုလာတဲ့ Hyundai County Bus

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တော် အတွင်း ဒိုင်နာယာဉ်တွေ ဝင်ရောက်ပြေးဆွဲမှု ပိတ်ထားတဲ့ နေရာမှာ အစားထိုးယာဉ် ပြေးဆွဲမှုအဖြစ် အများဆုံး တွေ့လာရတာက အခု ပြောမယ့် County လေးတွေပါ။

အပ်နှံစလစ်ကို ယူပြီး အစားထိုး အသုံးပြုမှုမှာ ဈေးနှုန်းချိုချိုနဲ့ ရနိုင်တာကြောင့် လူကြိုက်များလာနေပါတယ်။ တချို့လည်း ကျောင်းကားအဖြစ် အသုံးပြုတာ တွေ့ရပါတယ်။ ဒီဇယ်အင်ဂျင် ဖြစ်နေတာတခုက ဆီလည်း မရှား၊ မရွေးသလို Air-Con ပိုင်းပါ စိတ်ကြိုက်သုံးနိုင်ပါတယ်။

ဒါတောင် ခရီးသည်တင် လိုင်းကားအဖြစ် အသုံးပြုတဲ့ မော်ဒယ်တွေက လေအေးပေးစက် အသုံးပြုမှု နည်းပါးသလို တချို့ကလည်း လေအေးပေးစက် မကောင်းရင် ဈေးနှုန်း သိန်း ၂၀ လောက်ထိအောင် ချိုသာလို့ လေအေးပေးစက် မကောင်းလည်း ဝယ်သုံးတာတွေ ရှိပါတယ်။

ခရီးသည်တင် မော်ဒယ်ဖြစ်သလို ဒီဇယ်သုံး အင်ဂျင်နဲ့ဖြစ်လို့ Manaul နဲ့ပဲ ဖန်တီးထားတာ တွေ့ရပါတယ်။ ဒီအချက်က မောင်းနှင်ရမှု အပိုင်းမှာ မြို့တွင်းအတွက်သာ ဒီလောက် အဆင်မပြေချင်ဘူး ဆိုပေမယ့် နယ်ဝေးမောင်းနှင်မှုမှာ အားသာ ချက် ၂ ချက် ဖြစ်စေပါတယ်။

ပထမတချက်က ဂီယာချက် ပြောင်းလဲ မောင်းနှင်ရမှုကြောင့် ယာဉ်မောင်း အိပ်ငိုက် မေ့လျော့တာမျိုး ဖြစ်နိုင်ခြေ နည်းစေ တာပါ။ လိုအပ်သလို ဂီယာ အတင်၊ အချ လုပ်နေရစေပါတယ်။ နောက်တချက်က လမ်းမှာ စက်ချို့ယွင်းမှု ဖြစ်ခဲ့ရင် အခြေခံ ကားတွန်းနှိုးမယ် ဆိုရင်တောင် Manual နဲ့မို့ တွန်းနှိုးနိုင်မှာပါ။ Auto နဲ့ ဆိုရင်တော့ ပြင်ဆရာ လာသည့် တိုင်အောင် အိပ်စောင့်ရုံပါပဲ။

ပြီးတော့ မြို့တွင်းသုံး အပိုင်းမှာလည်း မှတ်တိုင် ရပ်၊ တင်၊ ထွက် အနေအထားမှာ Auto ထက် ဂီယာချက် ၁၊ ၂ စသဖြင့် အထွက် ပိုကောင်းစေပါတယ်။ ဒီလိုဆိုရင်တော့ ခရီးသည်တင် မော်ဒယ်အနေနဲ့ Manual က အဆင်ပြေပါတယ်။ အင်ဂျင် စနစ်က ၂.၉ လီတာသုံး အင်ဂျင်အရွယ်ပဲ ရှိပါတယ်။ ဆီစားနှုန်းက ပျမ်းမျှ တဂါလံကို ၂၅ မိုင်တော့ အောက်ခံရပါတယ်။

ဘယ်မောင်းပုံစံ တမျိုးတည်း အများဆုံး ဈေးကွက်ဝင်နေပါတယ်။ ဒါက အင်ဂျင်နဲ့ မော်ဒယ်အပေါ် အခြေခံပြီး နည်းနည်း ကွာခြားနိုင်လို့ပါ။

ဖျော်ဖြေရေး အပိုင်းကတော့ CD လောက်ပဲ ထည့်ထားပါတယ်။ အတွင်းခန်း တပ်ဆင်ပစ္စည်း၊ တံခါးအဖွင့်၊ အပိတ်၊ ဆက်စပ် ခလုတ်အားလုံး အကောင်းသုံးနိုင်သေးတဲ့ အနေအထားပါ။

ထိုင်ခုံတပ်ဆင်မှုကတော့ ပုံသေပြောလို့ မရပါဘူး။ ဒါက ဈေးကွက် အနေအထားအရ ပြင်ဆင်ထားတာ ရှိတတ်လို့ပါ။ ဈေးကွက်မှာတော့ ၂၀ဝ၆-ဝ၇ ခုနှစ်ထုတ် မော်ဒယ်တွေ အဝင်များပါတယ်။

အဝါရောင် တမျိုးတည်း အများဆုံး တွေ့ရပြီး တခြားအရောင်ဆိုရင် ဈေးနည်းနည်းမာချင်ပါတယ်။ ကီလို ၆ သောင်း ဝန်းကျင် မောင်းထားတဲ့ အနေအထားမှာ ဈေးနှုန်းက သိန်း ၂၇၀ အခေါ်ရှိပါတယ်။ လုပ်ငန်းသုံးယာဉ်ဖြစ်လို့ ဈေးက အငြိမ်ဘက်မှာ ရှိမှာပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading