ပြီးခဲ့တဲ့ ရက်က ဂျပန်နိုင်ငံ အနေနဲ့ ကမ္ဘာ့ အမြန်ဆုံး Supercomputer စနစ်ကို တပ်ဆင် အသုံးပြုသွားဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းတပုဒ် ဖတ်လိုက်ရတာကြောင့် လက်ရှိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ အသုံးပြုနေတဲ့ Supercomputer တွေထဲက ဘယ်ကွန်ပျူတာ စနစ်တွေက အမြန်ဆုံး ဖြစ်နေသလဲ ဆိုတာ သိချင်စိတ် ပေါ်လာခဲ့ ပါတယ်။ ဒါကြောင့် ရှာဖတ်မိခဲ့သလို ပြန်ပြီး ဝေမျှချင်ပါတယ်။
လက်ရှိ ကမ္ဘာ့ အမြန်ဆုံး Supercomputer စနစ်တွေကတော့ –
(၁) တရုတ်နိုင်ငံ၊ ဝူဇီမှာ ရှိတဲ့ National Supercomputing Center မှာ အသုံးပြုနေတဲ့ Sunway TaihuLight
(၂) တရုတ်နိုင်ငံ၊ ဂေါင်ဇူးမှာ ရှိတဲ့ National Supercomputing Center မှာ သုံးနေတဲ့ Tianhe-2 (MilkeyWay-21)
(၃) အမေရိကန်နိုင်ငံ၊ Oak Ridge National Laboratory မှာ ရှိတဲ့ Titan
(၄) အမေရိကန်နိုင်ငံ၊ DOE/NNSA/LLNL တွေမှာ ရှိတဲ့ Sequoia
(၅) ဂျပန်နိုင်ငံ၊ RIKEN Advanced Institute for Computational Science မှာ ရှိတဲ့ K Computer
(၆) အမေရိကန်နိုင်ငံ၊ Argonne National Laboratory မှာ ရှိတဲ့ Mira
(၇) အမေရိကန်နိုင်ငံ၊ DOE/NNSA/LANL/SNL တွေမှာ သုံးနေတဲ့ Trinity
(၈) ဆွစ်ဇာလန်နိုင်ငံ Swiss National Supercomputing Centre မှာ ရှိတဲ့ Piz Diant
(၉) ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့က HLRS (Hochstteistungsrechenzentrum) မှာ ရှိတဲ့ Hazel Hen
(၁၀) ဆော်ဒီအာရေဗျနိုင်ငံ၊ King Abdullah University of Science and Technology မှာရှိတဲ့ Shaheen II တွေပဲ ဖြစ်ပါတယ်။
Ref: www.top500.org