ပြည်တွင်း ဈေးကွက်မှာလည်း အလွယ်တကူ ရနိုင်ပြီး Pro သမားတွေ သုံးမယ့် DSLR တွေလောက် ဈေးမကြီးမယ့် ကင်မရာ တမျိုးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဈေးနှုန်း ချိုသာမှုက လူတိုင်း လက်လှမ်းမီ စေနိုင်ပြီး အပျော်ခရီး ထွက်ချိန်၊ ပျော်ပွဲရွှင်ပွဲနဲ့ မှတ်တမ်းတင် ရိုက်ကူးလိုသူတွေ အတွက် အကောင်းဆုံး အဆင်ပြေစေမှာပါ။
ဓာတ်ပုံပိုင်းရဲ့ အခေါ် Beginner တွေ အတွက် အသင့်တော်ဆုံးပါ။ တကယ်လို့ ကိုယ်က DSLR တလုံး ဝယ်သုံးမယ် ဆိုရင် ကိုယ်တိုင် အသုံးတည့်အောင် မသုံးတတ်တာမျိုးတွေကြောင့် ကင်မရာဖိုး ဈေးအများအပြား သုံးလိုက်ရတာပဲ အဖတ်တင် နေပါလိမ့်မယ်။
Nikon D5200 Kit ရဲ့ ရှေ့ထွက်ကင်မရာ မော်ဒယ်က D5100 ပါ၊ Lens ပိုင်း ပိုကောင်းအောင် ဖန်တီးလာပြီး အခု မော်ဒယ်က ပွဲထွက် လာသလို နောက်ထပ် D5300 လည်း ထွက်ဖို့ ရှိပါသေးတယ်။ သူကတော့ Auto focus ပိုင်း ပိုပြီး အားကောင်း လာတာ တွေ့ရပါတယ်။ DSLR တန်းဝင် မဟုတ်ဘဲ SLR (Single Lens Reflex) ဖြစ်ပါတယ်။
Tripot နဲ့ တပ်ဆင် ရိုက်ကူးလို့လည်း ရနိုင်ပါတယ်။ အလေးချိန်က ၈၂၇ ဂရမ်ဖြစ်လို့ ပုံမှန်တန်းတူ ကင်မရာတွေနဲ့ စာရင်တော့ နည်းနည်း ပိုလေးချင်နေပါတယ်။ အရွယ်အစားက ၅.၁×၃.၉×၃.၁ လက်မ ရှိမှာပါ။ ကင်မရာအိမ်ရဲ့ လက်အတွင်း အသားကျမှုက အဆင်ပြေပါတယ်။
ဒါပေမယ့် Canon ရဲ့ EOS 70D မော်ဒယ်လောက်တော့ စိတ်ကြိုက် မဖြစ်မိပါဘူး။ Sunset လို ရိုက်ကူးမှုတွေ အတွက် Tripot နဲ့ ရိုက်ကူးတာ ပိုကောင်းပါလိမ့်မယ်။ အချိန်ကြာ ရိုက်ကူးမှု အတွက် အနည်းငယ် လေးချင်သလို တည်ငြိမ်မှု အားနည်းချင်လို့ ဖြစ်ပါတယ်။ ရေစို၊ ရေစိမ် ခံနိုင်မှု မရှိပါဘူး။ အာရုံခံစနစ်က CMOS ဖြစ်ပြီး Toshiba က ထုတ်လုပ် ပေးတဲ့ စနစ်ပါ။ Lens က 24.1 MP ရှိပါတယ်။ သင့်ပါတယ်၊ Focal Length က 1.5x ပါ။ Self-Cleaning စနစ်ပါရှိတဲ့ တချက်က သဘောကျစရာပါ။
ဓာတ်ပုံရိုုက်ကူးမှု အတွက် ပုံထွက် အမျိုးအစား ၃ မျိုး ရနိုင်ပါတယ်။ အကောင်းဆုံးက ကြည်နှုန်း 6000×4000 p နဲ့ ထွက်မှာ ဖြစ်ပြီး 4496x 3000, 2992x 2000 ပုံစံနှစ်မျိုးလည်း ရနိုင်ပါတယ်။ ထွက်ရှိ ဓာတ်ပုံတွေက JPEG ပုံစံနဲ့ ဖြစ်မှာပါ။
ရုပ်ရှင် ရိုက်ကူးမှုလည်း ရပါတယ်၊ MOV (MPEG-4) ပုံစံ ထွက်ရှိမှာ ဖြစ်ပြီး ရုပ်ထွက်က 1920×1080 p နဲ့ ဖြစ်ပါတယ်။ HDMI စနစ်နဲ့ ချိ်တ်ဆက် အသုံးပြုရမှာ ဖြစ်ပြီး HD Format လည်း ထုတ်ပေးနိုင်ပါတယ်။ Lens Mount က Nikon F ကို ထိုင်ထားပါတယ်၊ Lens က Nikkon AF-S DX 18-55 mm ဖြစ်ပါတယ်။ Auto Focus သုံးနိုင်ပါတယ်။ 39-point ထိအောင် ချိန်ပေးနိုင်ပါတယ်။ Manual Focus စမ်းချင်သူတွေလည်း သုံးနိုင်မှာပါ။
LCD စနစ်နဲ့ ၃ လက်မအရွယ် ပြသ မျက်နှာပြင် ထည့်ထားပါတယ်။ Touch စနစ်တော့ မသုံးနိုင်ပါဘူး။ Flash ကို ကင်မရာပါ တပါတည်း ထည့်သွင်းပါရှိ ပါတယ်။ Memoryအတွက် Card စိုက်ပြီး သုံးရမှာပါ။ Wifi နဲ့ ချိတ် မရပါဘူး၊ NFC မပါပါဘူး၊ Bluetooth ထည့် မထားပါဘူး၊ GPS စနစ် သုံးမရပါဘူး၊ ဗီဒီယို ရိုက်ကူးမှုမှာ အသံဖမ်း ပိုကောင်း အောင် Microphone Jack ထည့်ထားပါတယ်။
ချိ်တ်ဆက်မှု အတွက် USB 2.0 ကို ထည့်ပေးထားတာ တွေ့ရပါတယ်။ ဘက်ထရီက ပုံ ၅၀ဝ ထိအောင် ရိုက်ကူးနိုင် ပါတယ်။ Windows ကွန်ပျူတာတွေ၊ Mac OS တွေနဲ့ ချိတ်ဆက် သုံးနိုင်မှာပါ။ အနက်၊ အနီနဲ့ ကြေးရောင်တွေ ရနိုင်ပြီး ပြည်တွင်းမှာ ဈေးနှုန်းက ကျပ် ၅ သိန်းခွဲ ရှိပါတယ်။