ဒီတပတ်မှာ ရန်ကုန်တခွင်မှာ ကြည့်ရှုစရာ ပန်းချီပြပွဲ၊ တေးဂီတ ဖျော်ဖြေပွဲနှင့် အနုပညာလှုပ်ရှားမှု သတင်းများကို စုစည်းတင်ပြလိုက်ပါတယ်။
၁။ နီနီဝင်းရွှေနှင့် ဂန္ထဝင်အနုပညာရှင်ကြီးများ၏ မြန်မာသံတေးဂီတဖျော်ဖြေပွဲကြီးကို ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ၃၀.၁၂.၂၀၁၆ ရက်နေ့ညနေ ၇ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ပွဲလက်မှတ်များကို ကျပ် ၃ သောင်း၊ ၂ သောင်း ၊ ၁ သောင်း ၊ ၇ ထောင် အသီးသီးသတ်မှတ်ထားပြီး လက်မှတ်များကို မန်းသီရိ တေးသံသွင်း ၊ ဖုန်း – ၀၉-၄၅၁၀၁၀၇၈၉ ၊ ၀၉-၉၆၅၀၁၀၇၈၉ တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၂။ ပန်းချီငြိမ်းချမ်းဆု၏ ` Floating Field ` ပန်းချီပြပွဲကို ပြည်သူ့ဥယျာဉ်ရှိ Yangon Gallery တွင် ၂၇.၁၂.၂၀၁၆ မှ ၃၀.၁၂.၂၀၁၆ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် အင်းလေးဒေသ ပတ်ဝန်းကျင်ဆီဆေးပန်းချီကား ၁၅ ကားပြသသွားမည်ဖြစ်ကြောင်းသိရသည်။
၃။ အဖြူရောင်သက်တံအဖွဲ့၏ ၁၀ နှစ်ပြည့်အနုပညာပွဲတော်ကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ၂၉.၁၂.၂၀၁၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ အနုပညာပွဲတော်တွင် နယ်ပယ်အသီးသီးမှ အနုပညာရှင်များပါဝင်ဆင်နွှဲကြမည်ဖြစ်ပြီး အဖြူရောင်သက်တံကဗျာရွတ်ပွဲတော် စာအုပ် ရောင်းရငွေများကို HIV ကူးစက်ခံမိဘမဲ့ကလေးများအား လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
၄။ နိုင်ငံကျော်အဆိုတော်များပါဝင်သည့် ဒုတိယအကြိမ်မြောက် မိဘမဲ့ကလေးများရန်ပုံငွေဖျော်ဖြေပွဲကို ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ Golden Park Korea SPA Land Restaurant & Bar တွင် ၃၁.၁၂.၂၀၁၆ ရက်ည ၇ တွင် ပြုလုပ်သွား မည် ဖြစ်သည်။ ဖျော်ဖြေပွဲမှရရှိသည့် အကျိုးအမြတ်များကို မိဘမဲ့ကလေးကျောင်းများသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
၅။ ပန်းချီဆရာ ၉ ဦးပါဝင်သည့် `The ESSENCE of EMOTION` ပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ ၊ Gallery 65 တွင် ၃၀.၁၂.၂၀၁၆ မှ ၃.၁.၂၀၁၇ ရက်နေ့အထိ ပြသသွားမည် ဖြစ်သည်။ ပြပွဲတွင် ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ် ပန်းချီကား ၅၀ ခန့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၆။ New Year IC Free Show ကို ပြည်သူ့ဥယျာဉ်တွင် ၃၁.၁၂.၂၀၁၆ ရက်နေ့ည ၉ နာရီ ၃၀ တွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်းကြေးအခမဲ့ ဖြစ်ကြောင်း သိရသည်။
၇။ နိုင်ငံကျော် အဆိုတော်များနှင့် ဒီဂျေပညာရှင်များပါဝင်သော Myanmar Countdown 2017 ပွဲတော်ကို မြို့မကျောင်းလမ်းရှိ ၊ မိုင်ဒါကွင်းတွင် ၃၁.၁၂.၂၀၁၆ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ပွဲလက်မှတ်များကို နိုင်ငံသားစိစစ်ရေးကတ်ဖြင့် 4TV showrooms များတွင် အခမဲ့ရယူနိုင်ကြောင်းသိရသည်။
၈။ ဂျပန်-မြန်မာ ပရဟိတဈေးရောင်းပွဲတော်နှင့် ချစ်ကြည်ရေး တေးဂီတဖျော်ဖြေပွဲကို မြောက်ဒဂုံ၊ နာရေး ကူညီမှုအသင်း၊ ရန်ကုန် (သုခခန်းမ)တွင် ၁.၁.၂၀၁၇ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။
၉။ Urban Talent (Acoustic Cover) ဂီတပြိုင်ပွဲကို စိမ်းလန်းစိုပြေဥယျာဉ်တွင် ၂၇.၁၂.၂၀၁၆ ရက် ည ၆ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ နှစ်သစ်ကူးကာလနှင့်လိုက်ဖက်ညီစေရန် Romantic ဆန်ဆန်ပြင်ဆင်ထားမှုများနှင့် Acoustic ဂီတကို စိတ်ပါဝင်စားသူတိုင်းအခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
၁၀။ Yangon Discount Fair 2017 ကို တပ်မတော်ခန်းတွင် ၂.၁.၂၀၁၇ မှ ၄.၁.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ စားသောက်ကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ မိုဘိုင်းဖုန်းနှင့် အိုင်တီ ပစ္စည်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။