Lifestyle

“AVA Yangon NYE 2017” နှစ်သစ်ကြိုဆိုပွဲ

ရန်ကုန်မြို့မှာ ကျင်းပမယ့် “AVA Yangon NYE 2017” နှစ်သစ်ကြိုဆိုပွဲကို မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာ တခုဖြစ်တဲ့ အူရီဒူးမြန်မာရဲ့ ပံ့ပိုးကူညီမှုနဲ့ ၂၀၁၇ ခုနှစ်၊ နှစ်သစ်ကို ကြိုဆိုသွားမယ် လို့ သိရပါတယ်။

အဆိုပါ AVA Yangon NYE 2017 နှစ်သစ်ကြိုဆိုပွဲကြီးကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ The One Entertainment Park မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ယင်း AVA Yangon NYE 2017 နှစ်သစ် ကြိုဆိုပွဲဟာ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အကြီးမားဆုံး တခု ဖြစ်ပြီး DJ Martin Garrix အပါအဝင် တခြားနာမည်ကြီး DJ များ ဖြစ်ကြတဲ့ YVESV, JAY HARDWAY, RayRay, JUSTIN MYLO, TERROBASS နှင့် Kendrick တို့ရဲ့ ဆန်းသစ် မြူးကြွတဲ့ DJ တေးသွားများနဲ့ ဖျော်ဖြေ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

AVA ရဲ့ အဓိပ္ပာယ်ကတော့ “အင်း၀ နေပြည်တော်” ကို အစွဲပြု ခေါ်တာ ဖြစ်ပြီး မြန်မာတွေ တစည်းတလုံးတည်းနဲ့ ရွှေရောင် တောက်ခဲ့တဲ့ အင်းဝခေတ်ကို ပြန်ပြောင်းသတိရရင်း ၂၀၁၇ ခုနှစ်၊ နှစ်သစ်ကို ကြိုဆိုနိုင်အောင် Stage Design တွေကို အင်းဝခေတ် အပြင်အဆင်အတိုင်း ပြင်ဆင်ထားတယ် လို့ သိရပါတယ်။

“AVA Yangon NYE 2017” နှစ်သစ်ကြိုဆိုပွဲ

“ကျမတို့ အနေနဲ့ မြန်မာလူငယ်တွေက တက်ကြွပြီး အသစ်အဆန်းတွေကို အမြဲခံစား လိုကြတယ် ဆိုတာ သိထားပါ တယ်။ အူရီဒူးမြန်မာ အနေနဲ့ သူတို့တွေ အတွက် ထူးခြား ဆန်းသစ်တာကို ဘယ်လို လုပ်ပေးနိုင်မလဲ ဆိုတာ အမြဲ စဉ်းစားပေးနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး နှစ်သစ်ကြိုဆိုပွဲ ဖြစ်တဲ့ AVA Yangon NYE 2017 ပွဲ အတွက် တရားဝင်ဆက်သွယ်ရေး မိတ်ဖက် အဖြစ် ပံ့ပိုးကူညီပေးခြင်း ဖြစ်ပါတယ်” လို့ အူရီဒူးမြန်မာရဲ့ Chief Marketing Officer, Ms. Charity Safford က ပြောပါတယ်။

ကြိုတင် လက်မှတ် ဈေးနှုန်းများအနေနဲ့ Normal General Admission လက်မှတ် ၁ စောင် ၄ သောင်း ကျပ်၊ VIP လက်မှတ် ၁ စောင် ၁ သိန်းကျပ် အသီးသီးရှိပြီး လက်မှတ်များကို www.mmeventtickets.com မှာ ဝယ်ယူနိုင်တယ် လို့ သိရပါတယ်။ ။

Loading