Samsung Myanmar မှ Samsung Tech Institute: Mobile Application Training ရဲ့ တိုးချဲ့ အစီအစဉ် တခုအနေနဲ့ Samsung Tech Institute: Mobile Application Training Roadshow ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ကနေ ၂၂ ရက်နေ့အထိ တောင်ငူ၊ မိတ္ထီလာ၊ မကွေးနှင့် ပြည်မြို့များမှာရှိတဲ့ ကွန်ပျူတာ တက္ကသိုလ်များမှာ လှည့်လည် ကျင်းပခဲ့ပါတယ်။
အဆိုပါ Roadshow အစီအစဉ်မှာ Samsung Myanmar မှ တာဝန်ရှိသူများက သင်တန်းပိုင်းဆိုင်ရာ အကြောင်းအရာများကို ဝေမျှခဲ့ပြီး ယခင်နှစ်များမှာ ပါဝင်ယှဉ်ပြိုင်ကာ ဆုရရှိခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများမှ သူတို့ရဲ့ အတွေ့အကြုံတွေကို ဝေမျှ ပြောပြခဲ့ကြတယ် လို့ သိရပါတယ်။
Samsung Myanmar မှ မြန်မာနိုင်ငံရဲ့ မိုဘိုင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်နဲ့ Mobile Application များ ပြုလုပ် ဖန်တီးနိုင်တဲ့ အရည်အချင်းရှိ ထူးချွန်လူငယ်များ ပိုမိုထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး Samsung Tech Institute: Mobile Application Training ကို၂၀၁၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် ပြုလုပ်ခဲ့တာပါ။
“ဒီနှစ်မှာ ပြုလုပ်တဲ့ Android Product Show မှာ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ Product ပေါင်း ၁၆ ခု ပြုလုပ်နိုင်ခဲ့တယ်။ ဒါတွေဟာ Samsung Tech Institute မှာ သင်တန်းတက်ရောက်ပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေပါ” လို့ တောင်ငူကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခ ဒေါ်အိအိလှိုင်က ပြောပါတယ်။
Samsung Mobile Application Training ဟာ Samsung Myanmar မှ လူမှုအကျိုးပြု အစီအစဉ် (Corporate Citizenship Program) အနေနဲ့ Andriod Platform များအကြောင်း သိစေရန် အဆင့်မြင့် Mobile Application နည်းပညာများကို ၂လ တာ သင်ကြားပို့ချပေးတဲ့ သင်တန်းတခု ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှ စတင်ကာ ကျောင်းသား၊ ကျောင်းသူပေါင်း အယောက် ၄၀၀ ကျော်ကို သင်တန်း ပို့ချ ပေးနိုင်ခဲ့ပြီး၊ Mobile Application Training အစီအစဉ်မှတဆင့် လူငယ်များကို IT နှင့် ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်း များမှာ အလုပ်အကိုင် ရရှိစေရန် ရည်ရွယ်ကာ နှစ်စဉ် သင်တန်း ပို့ချမှု၊ အသိပညာ ဝေမျှမှုများ ပြုလုပ်ပေးလျက် ရှိတယ် လို့ သိရပါတယ်။ ။