Smartphone တွေ အသုံးများလာချိန်၊ ဖုန်းခေတ် ရောက်နေချိန်မှာ ဈေးကွက် အချက်အလက်လို့ပဲ ပြောပြော၊ ဖုန်းနဲ့ သက်ဆိုင်တဲ့ ဗဟုသုတလို့ပဲ ဆိုဆို သင်သိထားသင့်တဲ့ အချက်အလက်လေး တချို့လောက် ပြောပြချင် ပါတယ်။
(၁) ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ Smartphone အသုံးပြုသူ ၂ ဒသမ ၆ ဘီလီယံ ရှိနေပြီ ဖြစ်ပါတယ်။ ဒါက Smartphone အသုံးပြုသူပါ၊ ဖုန်းမျိုးစုံ အသုံးပြုသူကတော့ ခန့်မှန်းခြေ ၄ ဒဒသမ ၆၁ ဘီလီယံခန့် ရှိပါတယ်။
(၂) ဖုန်းအမှတ်တံဆိပ် တွေထဲမှာ လူကြိုက်အများဆုံးနဲ့ ဈေးကွက် ဦးဆောင်နေသူတွေကတော့ Samsung, Apple နဲ့ Huawei တွေ ဖြစ်ပါတယ်။
(၃) Android စနစ်သုံး ဖုန်းတွေ လူကြိုက်များ နေပြီး iOS ဖုန်းဈေးကွက်ထက် ၆ ဆလောက် ပိုပြီး ကြီးမား လူကြိုက်များ နေပါတယ်။
(၄) Website တွေကို ဖုန်းတွေကနေ ဝင်ရောက် ကြည့်ရှု အသုံးပြုမှုဟာ ကွန်ပျူတာ အပါအဝင် အားလုံးသော ချိတ်ဆက် ကြည့်ရှုမှုရဲ့ ၃၇ ရာခိုင်နှုန်း ထိအောင် ရှိပါတယ်။
(၅) ၅ ဒသမ ၄ လက်မ အရွယ် မျက်နှာပြင်နဲ့ ဖုန်းဟာ လူကြိုက် အများဆုံး ဖုန်းအရွယ် ဖြစ်လာပါတယ်။
(၆) LTE စနစ်ဟာ တောင်ကိုရီးယားမှာ လူကြိုက်အများဆုံး စနစ် ဖြစ်လာပြီး အသုံးပြုသူအားလုံးရဲ့ ၉၇ ရာခိုင်နှုန်း ရှိပါတယ်။
(၇) အမေရိကန်က ဖုန်းအသုံးပြုသူတွေဟာ တလကို ပျမ်းမျှ 2.5 GB လောက်ထိအောင် အင်တာနက် သုံးကြ ပါတယ်။
(၈) အမေရိကန်မှာ ငွေပေးချေမှု အားလုံးရဲ့ ၁၈ ရာခိုင်နှုန်းကို ဖုန်းတွေကနေ တဆင့် အသုံးပြုကြပါတယ်။
(၉) ဒီနေ့ခေတ် Smartphone အသုံးပြုသူ အားလုံးရဲ့ ၈၇ ရာခိုင်နှုန်းဟာ ဖုန်းကို ကိုယ်နဲ့ မကွာ အတူထားရှိ အသုံးပြုနေကြ ပါတယ်။
(၁၀) ဖုန်းကနေ တဆင့် အင်တာနက်မှာ လိုအပ်တဲ့ အချက်အလက် ရှာဖွေမှုဟာ ကွန်ပျူတာကနေ တဆင့် ရှာဖွေမှု နှုန်းထက် ပိုများနေပါပြီ။
(၁၁) မိုဘိုင်းဖုန်း ရောင်းချရမှု နှုန်းဟာ ၂၀၁၅ ခုနှစ် အတွင်းမှာ ၃၈ ဒသမ ၇ ရာခိုင်နှုန်းထိအောင် တိုးတက်မှု ရှိခဲ့ပါတယ်။
(၁၂) Android ဖုန်းတွေ အတွက် App ဖန်တီးမှုဟာ နှစ်စဉ် ရာခိုင်နှုန်း ၄၀ ကျော် တိုးတက် များပြားလာနေ ပါတယ်။