Lifestyle

သန်လျင်နည်းပညာတက္ကသိုလ် ကျောင်းသားများအတွက် Networking Training သင်တန်း

Samsung Myanmar မှ မြန်မာနိုင်ငံရဲ့ ပညာရေးအခန်းကဏ္ဍကို တထောင့်တနေရာမှ ပံ့ပိုးတဲ့အနေနဲ့ နှစ်စဉ် ပြုလုပ်နေတဲ့ Samsung Tech Institute အစီအစဉ်ခွဲတခုအဖြစ် သန်လျင် နည်းပညာတက္ကသိုလ်နဲ့ ပူးပေါင်းပြီး Networking Training သင်တန်းတခုကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါ Networking Training သင်တန်းကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် အထိ တလတာ ဖွင့်လှစ်သွားမှာဖြစ်ပြီး သန်လျင်နည်းပညာတက္ကသိုလ်၊ Electronic Engineering ဌာနမှာရှိတဲ့ သင်တန်းသား၊ သင်တန်းသူ အယောက် ၆၀ နဲ့ စတင်ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

သင်တန်းကို အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ တပတ်ကို ၅ ရက်၊ နေ့လည် ၂ နာရီ မှ ၄ နာရီ သင်ကြား ပို့ချသွားမယ်လို့ သိရပါတယ်။ Samsung Myanmar က သင်တန်းအတွက် လိုအပ်တဲ့ ကွန်ပျူတာ Monitor များ၊ လေအေးပေးစက်များ ၊ မီးအားထိန်းညှိစက်နဲ့ အခြားသော စာရေးကိရိယာပစ္စည်းများ သန်လျင် နည်းပညာတက္ကသိုလ်ကို ပံ့ပိုးပေးခဲ့ပါတယ်။

သန်လျင်နည်းပညာတက္ကသိုလ်မှာ ဖွင်လှစ်နေတဲ့ Networking Training

“ဒီ Networking Training သင်တန်းက Samsung Tech Institute Program ရဲ့ တတိယမြောက်သင်တန်း အမျိုးအစားတခု ဖြစ်ပါတယ်။ အခုလို ကျောင်းသား၊ ကျောင်းသူ လူငယ်တွေရဲ့အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို တဖက်တလမ်းက ပံ့ပိုးပေးနိုင်မယ့် သင်တန်းတွေကို နှစ်စဉ် အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်တဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိသလို ဒီသင်တန်းတွေကို တက်ရောက်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း ပညာရပ်ဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ Samsung Myanmar မှ PR and Citizenship Manager ကိုစိုးသူရက ပြောပါတယ်။

သင်တန်းပြီးဆုံးချိန်မှာ အရည်အချင်းစစ် စာမေးပွဲကို ကျင်းပသွားမှာဖြစ်ပြီး ဆန်ခါတင် အရည်အချင်း ပြည့်မီတဲ့ သင်တန်းသား၊ သင်တန်းသူများကို လူတွေ့အင်တာဗျူးနှင့် အရည်အချင်းစစ် စာမေးပွဲများကျင်းပပြီး ထပ်မံ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ရွေးချယ်ခံရတဲ့ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးကို သင်တန်းဆင်းပွဲမှာ ဆုကြေးအဖြစ် Cisco စာမေးပွဲဝင်ကြေး အသီးသီး ပေးအပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

သန်လျင်နည်းပညာတက္ကသိုလ်မှာ ဖွင်လှစ်နေတဲ့ Networking Training

Samsung Tech Institute ဟာ Android Platform များအကြောင်းကို နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ပိုမိုကောင်းမွန်စွာ တတ်မြောက်စေရန်အတွက် အဆင့်မြင့် Mobile Application နည်းပညာများ နှစ်လတာ သင်ကြားပို့ချပေးလျက်ရှိသော သင်တန်းအဖြစ် Mobile Application Training ကို၂၀၁၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် ပြုလုပ်လျက်ရှိပါတယ်။

Loading