ဆွစ်ဇာလန်နိုင်ငံ SMC University မှ ချီးမြှင့်မယ့် Master Of Business Administration (MBA) သင်တန်းကို Myanmar International Business Academy သင်တန်းကျောင်းတွင် သင်ကြားလျက် ရှိပြီး တန်းခွဲသစ်သင်တန်းကို ဇန်နဝါရီလ တတိယအပတ်မှာ ထပ်မံ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
အက်စ်အမ်စီ (SMC) ၏ Master ဘွဲ့၊ ဒေါက်တာဘွဲ့များကို ACBSP (Accreditation Council for Business Schools and Programs) မှ အသိမှတ်ပြုထားပြီး ၎င်းကို အမေရိကန်အဆင့်မြင့်ပညာရေး ကောင်စီ (CHEA_ Council for Higher Education Accreditation) မှလည်း အသိအမှတ်ပြုပြီးပြီလို့ သိရပါတယ်။
ACBSP ဟာ ကမ္ဘာ့အသိအမှတ်ပြု ပညာရေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်ပြီး Ranking Web Business School ရဲ့ စစ်တမ်းများအရ SMC University ဟာ ဆွစ်ဇာလန်နိုင်ငံမှာ အဆင့်သတ်မှတ်ချက် ၆ အဆင့်ရှိတဲ့ တက္ကသိုလ်တခုလည်း ဖြစ်ပါတယ်။
ဒါ့အပြင် SMC University ဟာ ဥရောပ စီးပွားရေးပညာရပ်ဆိုင်ရာ ကော်မတီ(European Economic Committee) စာရင်းဝင် ထိပ်တန်းစီးပွားရေး ကျောင်းများနှင့် သုတေသနဆိုင်ရာ အသက်မွေးပညာ ကျောင်းများ (European Business Schools and Research Institutes) မှာ အဆင့်သတ်မှတ်ချက် ၄၂ စာရင်းဝင်ဖြစ်တဲ့ SMC University မှ ချီးမြှင့်ပေးတဲ့ MBA ဘွဲ့လို့ သိရပါတယ်။
Myanmar International Business Academy မှာ MBA သင်တန်းကို ဝါရင့် ဆရာ၊ ဆရာမများက လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများနဲ့ ချိတ်ဆက်ပြီး ထိရောက်စွာ သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။ လုပ်ငန်းခွင် ဝန်ထမ်းများအတွက်လည်း အဆင်ပြေအောင် ရုံးချိန်လွတ် Weekend သင်တန်းများ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
သင်တန်းကာလ တနှစ်ကြာမြင့်မှာ ဖြစ်ပြီး ဘာသာရပ် ၁၂ ခုအတွက် ၃ လ တကြိမ် ၃ ဘာသာစီ သင်ကြားပေးသွားမှာဖြစ်ကာ Assigment ပုံစံဖြင့် စာမေးပွဲ စစ်ဆေးသွားမှာဖြစ်ပါတယ်။ အဆိုပါ တန်းခွဲသစ်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။