Lifestyle

၂၀၁၆ခုနှစ် အတွက် အကောင်းဆုံး Smartphone များ

Want create site? Find Free WordPress Themes and plugins.

၂၀၁၆ ခုနှစ် ကုန်ဆုံးပြီ ဖြစ်တာနဲ့ အညီ နှစ်ချုပ် အနေနဲ့ အကောင်းဆုံး ဖြစ်တဲ့ ဖုန်းတွေကို နာမည်ကျော် Website ဖြစ်တဲ့ CNET ကနေ ရွေးချယ်ထားတာ တွေ့ရပါတယ်။ ၂၀၁၇ မှာလည်း အဲဒီ ဖုန်းအမျိုးအစားတွေ ဆက်လက်သုံးစွဲ နေဦးမယ့် အနေအထား ဖြစ်နေတော့ CNET စာရင်းဝင် ဖုန်းတွေ အကြောင်း ပြောပြချင်ပါ တယ်။

(၁) Android စနစ်သုံး ဖုန်းတွေထဲက အကောင်းဆုံး ဖုန်းအဖြစ် ရွေးချယ်ပေးထားတာက Google Pixel ဖြစ်ပါတယ်။  ပြည်တွင်းမှာ တရားဝင် ဈေးကွက် ဝင်ရောက်လာတာ အားနည်းနေသေးတဲ့ ဖုန်းအမျိုးအစား ပါ။ တန်ဖိုး ဒေါ်လာ ၇၃၀ ရှိပြီး Google ရဲ့ ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးထားတာ ဖြစ်ပြီး ဥရောပနဲ့ အမေရိက ဈေးကွက်တွေမှာ အထူး လူကြိုက်များ အောင်မြင်တာ တွေ့ရပါတယ်။

(၂) ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးမှု အပိုင်းမှာ အကောင်းဆုံး ဖုန်းအဖြစ်ကိုတော့ နာမည်ကျော် Apple ရဲ့ iPhone 7 Plus ကို ရွေးချယ်ထားပါတယ်။ ကင်မရာ နှစ်လုံးကို အထိုင်ထားပြီး ဖန်တီးထားတာ တွေ့ရကာ အထူးသဖြင့် လှုပ်ရှား ပုံရိပ်တွေ ရိုက်ကူးမှု အပိုင်းမှာ အထူးကောင်းမွန်တာ တွေ့ရပြီး ဈေးနှုန်းက ဒေါ်လာ ၇၇၀ ရှိပါတယ်။

(၃) ဈေးကွက်မှာ မထင်မှတ် ဘဲ အောင်မြင်မှု ရလာတဲ့၊ နောက်ထပ် အလားအလာကောင်း ပိုင်ဆိုင်ထားတဲ့ ဖုန်း ကိုတော့ Samsung Galaxy S7 ကို ရွေးထားပါတယ်။ သူ့ရဲ့ ဖန်တီးမှုပုံစံ၊ စွမ်းဆောင်ရည်၊ အသုံးပြုနိုင်မှုတွေက မထင်မှတ်ဘဲ အထူးကောင်းမွန်လာတာကြောင့် ဝယ်ယူသူ စိတ်ကြိုက် ဖုန်း ဖြစ်လာသလို နောက်ထပ်လည်း ဈေးကွက် အလားအလာ အထူးကောင်းနေပါတယ်။ အထူးသဖြင့် ဘက်ထရီသက်တမ်း ကောင်းမွန်မှုနဲ့ ကင်မရာ ကောင်းမွန်မှုကြောင့် ဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ ၅၀၀ နဲ့ ဝယ်ယူနိုင်ပါတယ်။

(၄) အကောင်းဆုံး တန်ကြေးသင့်ဖုန်း အဖြစ် OnePlus ရဲ့ 3T မော်ဒယ်ကို ရွေးချယ်ထားတာ တွေ့ရပါတယ်။ ဘက်ထရီ သက်တမ်း အထူးကောင်းတယ်၊ ကင်မရာ နှစ်ခုလုံးက 16 MP ထိအောင် စွမ်းအား ရှိနေတယ်၊ Processor ရဲ့ မြန်ဆန်မှုက စိတ်ကြိုက် ဖြစ်နေစေတာပါ။ တန်ကြေး ဒေါ်လာ ၄၄၀ တည်းနဲ့ ရနိုင်မှာလည်း ဖြစ်ပါတယ်။

(၅) အဘက်ဘက်က သင့်စိတ်ကြိုက် ဖြစ်စေမယ့် ဖုန်းဆိုရင်တော့ iPhone 7 ကို ရွေးထားပါတယ်။ ဒီဇိုင်း ကလည်း သုံးနေကျ ဖြစ်တယ်၊ ဒါပေမယ့် စွမ်းဆောင်ရည် သိသာလောက်အောင် ပိုမြန်လာတယ်၊ ရေစိုခံနိုင်လာ တယ်၊ ကင်မရာ ရုပ်ထွက် ပိုကောင်းလာပါတယ်။ ဒေါ်လာ ၆၅၀ တန်ဖိုးရှိပြီး ဟန်ချက် အညီဆုံး ဖုန်းအဖြစ် သတ်မှတ်နိုင်မယ့် ဖုန်းပါ။

(၆) တန်ကြေးနည်း ဖုန်းကောင်းကောင်း ဆိုရင်တော့ ဒေါ်လာ ၁၅၀ တည်းနဲ့ ရနိုင်တဲ့ Motorola ရဲ့ Moto G4 ကို ရွေးရမှာပါ။ ပြည်တွင်း ဈေးကွက်မှာလည်း အခု အမှတ်တံဆိပ်က ဈေးကွက် ပြန်ဝင်လာနေပါပြီ။ တန်ကြေးနည်း ဖုန်းဖြစ်ပေမယ့် စွမ်းဆောင်ရည်နဲ့ အရည်အသွေးက တန်ကြေးသင့် ဖုန်းတွေလို ကောင်းမွန်ပါတယ်။ Samsung နဲ့ Apple တွေကို ဈေးကွက် ပြိုင်ဆိုင်နိုင်ဖို့ အကောင်းဆုံး ဖန်တီး ထုတ်လုပ်လာမှု တခုပါ။

(၇) အခြား အရည်အသွေးကောင်း ဖုန်းတချို့ကို ထပ်မံ ရွေးထုတ်ပြရရင်တော့ ကင်မရာနှစ်လုံး အထိုင်ပုံစံ သုံးပြီး ဖန်တီးထားတဲ့ Huawei Mate 9၊ လုံခြုံရေးစနစ် အထူးကောင်းမွန်တဲ့ BlackBerry DTEK60၊ အသံစနစ် အထူး ကောင်းမွန်လာတဲ့ HTC Bolt၊ ပြသမျက်နှာပြင် ပုံစံ အသစ်အနေနဲ့ ဈေးကွက် ဝင်လာတဲ့ Xiaomi Mi Mix နဲ့ ဘက်ထရီ သက်တမ်း အထူးကောင်းမွန်တဲ့ ဖုန်းသစ် LeEco LePro 3 တွေကို ရွေးချယ်ထားတာ တွေ့ရပါ တယ်။

Ref: www.cnet.com

Did you find apk for android? You can find new Free Android Games and apps.
Loading