Lifestyle

တပတ်မှာ ကြက်ဥ၊ ဘဲဥ ဘယ်လောက်များများ စားသင့်သလဲ

ကြက်ဥ၊ ဘဲဥကို ပြုတ် ကြော် ချက် နည်းမျိုးစုံနဲ့ စားသုံးဖူးသူ အများအပြား ရှိပေမယ့် ကြက်ဥ၊ ဘဲဥကို တပတ်မှာ ဘယ်လောက်များ စားသင့်သလဲ ဆိုတာတော့ သိတဲ့သူ နည်းပါးနိုင်ပါတယ်။ ဒါကြာင့် လူတယောက်ဟာ တပတ်မှာ ကြက်ဥ ဘဲဥ ဘယ်လောက်များ စားသုံးသင့်သလဲ ဆိုတာ တင်ပြပေးမှာပါ။

ကြက်ဥ၊ ဘဲဥ ကြော်ကြော်၊ ပြုတ်ပြီး ဆားနဲ့ပဲ စားစား၊ ခရမ်းချဉ်သီးနဲ့ ရောပြီးချက်တာပဲ ဖြစ်ဖြစ် အမျိုးမျိုး စားသုံးလို့ရသလို ချက်ပြုတ်ရတဲ့ အချိန်လည်း မကုန်တာကြောင့် ကြက်ဥ၊ ဘဲဥဟာ ယနေ့ခေတ် လူမှုဘဝတွေထဲမှာ အလွန်အရေးပါတဲ့ အစားအသောက် ဖြစ်ပါတယ်။

ကြက်ဥ၊ ဘဲဥ စားသောက်တာနဲ့ ပတ်သက်ပြီး The Small Change Diet ရဲ့ စာရေးဆရာ Keri Gans က “သာမန်အားဖြင့်တော့ လူတယောက်ဟာ တနေ့မှာ ကြက်ဥ ဒါမှဟုတ် ဘဲဥ ၂ လုံးလောက် အထိ စားသုံးတာ အကောင်းဆုံးပဲ” လို့ ပြောပါတယ်။

သို့ပေမယ့် အရေးတကြီး သတိပေးစရာ ရှိပါတယ်။ အဲဒါကတော့ “ကြက်ဥ၊ ဘဲဥတွေမှာက အဆီလည်း ပြည့်ဝနေတာကြောင့် မျှတအောင်လည်း စားသုံးဖို့ လိုပါတယ်” လို့ သူက ဆက်ပြောပါတယ်။

တချို့ အဝလွန်မှာ စိုးရိမ်သူတွေကတော့ ကြက်ဥ၊ ဘဲဥကို ပြုတ်ပြီး ဆားဖြူး စားသုံးကြ၊ ထမင်းနဲ့ တွဲစားကြပါတယ်။ တချို့ကျပြန်တော့လည်း ကြက်ဥ၊ ဘဲဥကို နွားနို့ပူပူထဲ ထည့်ပြီး ရောမွှေသောက်သုံးကြတာလည်း ရှိပါတယ်။ တချို့ ကျပြန်တော့ ကြက်ဥ ၁ လုံးနဲ့ ဖီးကြမ်းငှက်ပျောသီးမှည့် ၁ လုံးကို ရောမွှေပြီး ဘရန်ဒီ၊ ဒါမှမဟုတ် ဝီစကီနဲ့ ရောစပ် သောက်သုံးတာလည်း ရှိပါတယ်။ အိပ်ယာဝင် အားဖြည့်ဆေး အဖြစ် သုံးစွဲကြတာပါ။

ကြက်ဥ၊ ဘဲဥတွေရဲ့ အနှစ်ထဲမှာ ဗီတာမင်အဆီတွေ ပါဝင်တာကြောင့် တကယ်လို့ အနှစ်ကို ဖယ်စားရင် အဆီကို ရှောင်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် တန်ဖိုးရှိတဲ့ အာဟာရတွေကိုလည်း ဖယ်ရှားပစ်သလို ဖြစ်နေတယ် ဆိုတာလည်း သတိပြုဖို့လည်း လိုပါတယ်။

အရွယ်ကြီးကြီး ကြက်ဥ၊ ဘဲဥ တလုံးမှာ ၈၀ ကယ်လိုရီခန့်၊ အဆီ ၅ ဂရမ်ခန့်နဲ့ ပရိုတိန်း ၆ ဂရမ်လောက် ပါဝင်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ပရိုတိန်းကို တခြား အစားအသောက် တွေကလည်း ရနိုင်သေးတယ် မဟုတ်လား။ ဒါကြောင့် တနေ့မှာ ကြက်ဥ၊ ဘဲဥ ၅ လုံးလောက်ကို ကြော်လိုက် တမျိုး၊ ပြုတ်လိုက် တလီ၊ ချက်ချည် တသွယ်၊ မကျက်တကျက် ပြုတ်ပြီး တဖုံ စားသုံးဖို့ မသင့်ဘူး ဆိုတာ သတိပြုပါ။

ညွှန်း – www.womenshealthmag.com

Loading