Lifestyle

အူရီဒူးရဲ့ 4G ကွန်ရက်နဲ့ ဟန်းဆက်ဟောင်း Recycle စနစ်

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာ တခုဖြစ်တဲ့ အူရီဒူး မြန်မာဟာ မြန်မာနိုင်ငံ နေရာအနှံ့မြန်နှုန်းမြင့် အင်တာနက် 4G ကွန်ရက်ကို တိုးချဲ့ဖြန့်ကျက်လျက်ရှိရာ မကွေးမြို့မှာလည်း 4G Network ဝန်ဆောင်မှု စတင်ပေးတဲ့ အခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

မကွေးမြို့ရှိ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အူရီဒူးရဲ့ 4G ကွန်ရက်ကို အသုံးပြုခွင့်ရမှာ ဖြစ်ပြီး 4G Network စတင် မိတ်ဆက်တဲ့ အနေနဲ့ အူရီဒူး SIM ကတ်နှင့် ငွေဖြည့်ကတ်များ ဝယ်ယူသူ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား လက်ဆောင်နဲ့ အထူးအခွင့်အရေးများ ပေးခဲ့တယ်လို့ သိရပါတယ်။

အူရီဒူးမြန်မာက နောက်ထပ် လုပ်ဆောင်ပေးသွားမယ့် အထူး အစီအစဉ်တွေ ကတော့ အူရီဒူး 4G၊ 2G၊ 3G စမတ်ဖုန်း အသုံးပြုသူများ အနေနဲ့ အဆိုပါ ဟန်းဆက်များကို အူရီဒူး Smart 12 4G Lux Star ဟန်းဆက် အသစ်နဲ့ လဲလှယ် ဝယ်ယူခွင့် စတဲ့ အခွင့်အရေးတွေ ရရှိမှာ ဖြစ်ပါတယ်။

ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ အနေနဲ့ အသုံးပြုလို့ မရတော့တဲ့ ဟန်းဆက် အဟောင်းတွေကို အူရီဒူးက ပြန်လည်ဝယ်ယူခြင်း၊ အသစ်လဲလှယ်ပေးခြင်းတွေ ပြုလုပ်ပြီး ဟန်းဆက် ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ကုန်ကြမ်းအဖြစ် ပြန်လည် အသုံးပြုဖို့ Recycle ပြုလုပ်တဲ့ ကုမ္ပဏီကို ပို့ပေးသွားမှာ ဖြစ်ပါတယ်။ အသုံးပြုလို့ရသေးတဲ့ ဟန်းဆက် အကောင်းတွေ ကိုတော့ ဝေးလံတဲ့ တောင်တန်းဒေသတွေကို သွားရောက် လှူဒါန်းမယ် လို့ သိရပါတယ်။

Loading