၁။ ကွယ်လွန်သူပန်းချီရှိန်မြင့်၏ `Artist Shein’s First Memorial Show’ ပန်းချီပြပွဲကို ဗိုလ်ချုပ်ဈေးရှိ ပန်းချီပန်းပု အစည်းအရုံး (ဗဟို)တွင် ၁၈.၁.၂၀၁၇ မှ ၂၂.၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ် ပန်းချီကားပေါင်း ၃၀ ကျော်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
၂။ ပန်းချီစိုးနိုင်၏ ‘ပန်းချီ၏ စိုးနိုင်’ ပြပွဲကို ပန်းဆိုးတန်းလမ်းရှိ Pansodon Scene၊ ဘိုကလေးဈေးလမ်းရှိ ပန်သူရိယ၊ ၃၇ လမ်းရှိ အညာအထာ၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အလှသစ်၊ နဝဒေလမ်းရှိ Think Gallery နှင့် Myanmar Ink Art ပန်းချီပြခန်း များတွင် ၂၁.၁.၂၀၁၇ မှ ၂၅.၁.၂၀၁၇ အထိ တပြိုင်နက်တည်း ပြသသွားမည် ဖြစ်ကြောင်းသိရသည်။
၃။ ယနေ့ခေတ်၏ အရေးအပါဆုံး အနုပညာရှင်အယောက် ၁၀ဝ တွင် ပါဝင်သည့် ဂျာမန်အနုပညာရှင် Wolfgang Laib ၏ ‘ရေမြေအဆုံး နေရာထိတိုင်အောင်’ အနုပညာပြပွဲကို ရန်ကုန်ရှိ အတွင်းဝန် ရုံးခေါ် ဝန်ကြီးများရုံးတွင် ၁၄.၁.၂၀၁၇ မှ ၄.၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် Wolfgang Laib ၏ နို့၊ ဆန်နှင့် စကျင်ကျောက်စသည့် ပစ္စည်းများဖြင့် ဖန်တီးထားသည့် အနုပညာလက်ရာများကို ရှုစားရမည် ဖြစ်သည်။
၄။ တရုတ် နှစ်သစ်ကူး ခြင်္သေ့စွမ်းရည်အကနှင့် နဂါးရှည်အက ပြိုင်ပွဲကို Junction Square တွင် ၁၈.၁.၂၀၁၇ မှ ၂၂.၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြိုင်ပွဲကို ညနေ ၅ နာရီခွဲတွင် စတင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
၅။ ဒစ်ဂျစ်တယ် နည်းပညာသုံး အလုပ်အကိုင် ပြပွဲကို ပြည်လမ်း၊ အင်ယားကန်ပေါင်အနီးရှိ IBC (International Business Centre) တွင် ၂၂.၁.၂၀၁၇ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ အလုပ်အကိုင် လျှောက်ထားမည့် သူများသည် အလုပ်လျှောက်လွှာများကို ယူဆောင်လာရန် မလိုဘဲ အသင့် စီစဉ်ထားမည့် ကွန်ပျူတာများဖြင့် work.com.mm ဝက်ဘ်ဆိုဒ်တွင် ကိုယ်ရေးအချက်အလက်များဖြည့်သွင်းပြီး အလုပ်လျှောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
၆။ ပြန်ကြားရေး ဝန်ကြီးဌာန၏ စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ Yangon Books Street စာအုပ် ဈေးရောင်းပွဲတော်ကို သိမ်ဖြူလမ်းတွင် ၂၁.၁.၂၀၁၇ မှ ၂၂.၁.၂၀၁၇ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ စာအုပ် ပွဲတော်တွင် စာအုပ်ဆိုင်ပေါင်း ၁၀ဝ ခန့်က ရောင်းချသွားမည် ဖြစ်ပြီး အထူးလျော့ဈေးနှုန်းများဖြင့် ရောင်းချပေး သွားမည် ဖြစ်ကြောင်း သိရသည်။
၇။ နိုဘယ်လ် – မြန်မာ စာပေပွဲတော် (၂၀၁၇၊ ရသစာပေ) ကို မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ၂၂.၁.၂၀၁၇ မှ ၂၄.၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတော်တွင် ရသစာပေ စာတမ်းဖတ်ပွဲ၊ ကဗျာရွတ်ပွဲ၊ ကာတွန်းပြပွဲများ ပါဝင်မည် ဖြစ်ပြီး နှစ် ၁၀ဝ အတွင်း ထင်ရှားခဲ့သော ရသစာပေစာအုပ် ၁၀ဝ အကျဉ်းကိုလည်း ဖြန့်ဝေသွားမည် ဖြစ်ကြောင်းသိရသည်။
၈။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၁ နှစ် ပြည့် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ၂၁.၁.၂၀၁၇ မှ ၂၅.၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၉။ ပန်းချီခင်ဇော်လတ်၏ Khin Zaw Latt A 15 Year Story ပန်းချီပြပွဲကို ပြည်သူ့ဥယျဉ်ရှိ Yangon Gallery တွင် ၂၀.၁.၂၀၁၇ မှ ၂၂.၁.၂၀၁၇ အထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ၁၅ နှစ် အတွင်းဖန်တီးခဲ့သည့် သူ၏ လက်ရာဟောင်း အချို့နှင့် လက်ရာသစ်ပန်းချီကားများကို ပြသသွားမည် ဖြစ်ဖြစ်သည်။ ယခုပြပွဲတွင် ပြသမည့် ပန်းချီကားများကို ဇူလိုင်လတွင် ပြင်သစ်နိုင်ငံတွင်လည်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀။ တဦးချင်းနှင့် လူ့အသိုင်းအဝန်းတခုလုံး ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ ပညာရပ်ဆွေးနွေးပွဲ ကို Shwe Gon Tine Junction ၃ လွှာရှိ Parami Institute of Liberal Arts and Science ၌ ၂၁.၁.၂၀၁၇ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲ တက်ရောက်လိုပါက [email protected] သို့ စာရင်းပေး သွင်းနိုင်ကြောင်း သိရသည်။ ။