Lifestyle

ဘန်ကောက်ညဈေးတန်း ရန်ကုန်တွင် ပြုလုပ်မည်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မယ့် ဘန်ကောက်ညဈေးတန်းကို ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ရန်ကုန်မြို့ People Park မှာ ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒီပွဲမှာ ဆိုင်ခန်းပေါင်း ၆၂ ခန်း ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပြီး ဘန်ကောက်စတိုင်လ် အစားအသောက်တွေ၊ ထိုင်းအဝတ်အထည်တွေနဲ့ အမှတ်တရပစ္စည်းဆိုင်၊ Handmade ပစ္စည်းဆိုင် စတာတွေ ပါဝင်မယ်လို့ သိရပါတယ်။ ဆိုင်ခန်းတွေကို ဘန်ကောက်မှာရှိတဲ့ ညဈေးတန်းတွေအတိုင်း ပြင်ဆင်ထားမှာဖြစ်ပြီး မြန်မာ အစားအသောက် ရောင်းချခွင့်မပြုထားဘူးလို့ ဆိုပါတယ်။
“ဒီမှာက စိတ်ချမ်းချမ်းသာသာနဲ့ သွားလာစားသောက်နိုင်မယ့် Night Market လို နေရာမျိုးသိပ်ပြီး မရှိသေးဘူးလေ။ ပြီးတော့ ပစ္စည်းကောင်းကောင်းလေးတွေလည်း တနေရာတည်းမှာ ဝယ်ယူနိုင်မယ်ပေါ့။ အဲ့ဒီ ခံစားချက်လေးကိုပေးချင်လို့ ဒီပွဲလေးကို လုပ်ဖြစ်တာပါ”လို့ BKK Night Market Organizer Group မှ မမေမြက ဧရာဝတီကို ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာလည်း ဘန်ကောက်ညဈေးတန်းကို ထပ်မံ ကျင်းပသွားဦးမယ်လို့ သိရပါတယ်။ အဲ့ဒီရက်တွေမှာတော့ ဆိုင်ခန်းပေါင်း ၁၂၀ ဖွင့်လှစ်ရောင်းချမှာဖြစ်ပြီး ပထမတခေါက် ထက်တော့ ပုံစံအနည်းငယ် ပြောင်းသွားမယ်လို့ သိရပါတယ်။

ပထမပွဲမှာတော့ ဝင်ကြေး ၁၀၀၀ သတ်မှတ်ထားပြီး ဒုတိယပွဲကိုတော့ အခမဲ့ဖြစ်ဖို့ ဆောင်ရွက်ထားတယ် လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ ညဈေးတန်းတွင် ဘန်ကောက်မှ အဆိုတော်များနဲ့ ဖျော်ဖြေရေး အစီအစဉ်တချို့လည်း ပါဝင်မယ်လို့ သိရပါတယ်။

“ဒီနေ့မှာတော့ ဆိုင်ခန်းတွေ လိုအပ်တာတွေ ပြင်ဆင်နေပါပြီ။ ပြီးတော့ ဒီမှာရောင်းချမယ့် ဈေးသည်တွေ အနေနဲ့လည်း ဘန်ကောက်ကို သွားဖူးတဲ့သူတွေဖြစ်တဲ့အတွက် ဘယ်လိုပုံစံမျိုး လုပ်ရမလဲဆိုတာသူတို့ သိကြပါတယ်။ နာမည်ကြီးတွေ မဟုတ်ပေမယ့် ဘန်ကောက်အဆိုတော်တွေ သိပ်ဆူဆူညံညံကြီး မဟုတ်ဘဲ တီးဆိုမယ့် စင်မြင့်တခုရှိပါမယ်” လို့ မမြမေကဆက်ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading