အမေရိကန်နိုင်ငံရဲ့ ၄၅ ဦးမြောက် သမ္မတ အဖြစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုမယ့် ဒေါ်နယ်ထရမ့်ဟာ အောင်မြင်ထင်ရှားတဲ့ စီးပွားရေးသမားတဦး ဖြစ်ပါတယ်။ သူ့ကို ၁၉၄၆ ခုနှစ် ဇွန် ၁၄ ရက်၊ နယူးယောက်မှာ မွေးဖွားတာကြောင့် အခုဆိုရင် ထရမ့်ဟာ အသက် ၇၁ နှစ်အရွယ်ပါ။
ဒေါ်နယ်လ်ထရမ့် နေထိုင်တဲ့ ထရမ့်တာဝါကလည်း နယူးယောက်မြို့ အမှတ် ၇၂၁၊ ပဉ္စမရိပ်သာလမ်း၊ ၅၆ နဲ့ ၅၇ လမ်းကြားမှာ တည်ရှိပြီး အဲဒီဒေသရဲ့ အမှတ်အသား ဖြစ်နေပါတယ်။ ထရမ့်တာဝါဟာ အထပ်ပေါင်း ၅၈ ထပ်ရှိတဲ့ မိုးမျှော် အဆောက်အဦးကြီးပါ။
အဲဒီ ထရမ့်တာဝါ အဆောက်အဦးကို ဒီဇိုင်းရေးဆွဲသူက ဒါစကတ် (Der Scutt) ဖြစ်ပြီး သူဟာ နယူးယောက် အပါအဝင် အမေရိကန်ရှိ ထင်ရှားတဲ့ အဆောက်အဦး အများအပြားရဲ့ ဒီဇိုင်းတွေ ရေးဆွဲသူပါ။ ၁၉၇၉ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့ပြီး ၁၉၈၃ ခုနှစ် နိုဝင်ဘာမှာ ဖွင့်လှစ်ခဲ့တဲ့ အဲဒီ ထရမ့်တာဝါမှာ လူနေခန်းတွေ၊ ရုံးခန်းတွေ၊ စတိုးဆိုင်တွေ ပါဝင်ပါတယ်။
ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ စီးပွားရေး လုပ်ငန်းစုဖြစ်တဲ့ The Trump Organzation ရဲ့ ရုံးချုပ်ကိုလည်း ဒီတာဝါမှာ ဖွင့်လှစ်ထားပါတယ်။