၁။ ပန်းချီဆရာကြီး ဦးသက်ညွန့်၊ သားဖြစ်သူ ကိုမင်းကိုနိုင်နှင့် မြေးဖြစ်သူ မမွေ့သဲစံတို့၏ `FATHER , SON AND GRANDDAUGHTER ART EXHIBITION’ ပန်းချီပြပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ NEW TREASURE ART GALLERY တွင် ၂၉.၁.၂၀၁၇ မှ ၂.၂.၂၀၁၇ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ခရိုင်းလစ်၊ ရေဆေး ပန်းချီ ကားပေါင်း ၂၀၀ ခန့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၂။ ပြေတီဦးပညာရေး ဖောင်ဒေးရှင်း ရန်ပုံငွေ ပဒေသာကပွဲကြီးကို မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် ၂၉.၁.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဖျော်ဖြေပွဲတွင် Emperor Music Band နဲ့ အတူ ဇော်ဝင်းထွဋ်၊ Rဇာနည်၊ လင်းလင်း၊ ရဲအောင်၊ ဟေမာနေဝင်း၊ ကော်နီ၊ ထွန်းအိန္ဒြာဗို၊ ချမ်းချမ်း၊ စိုးပြည့်သဇင်၊ အောင်ထက်တို့က သီချင်းများ သီဆိုဖျော်ဖြေသွားမည် ဖြစ်ပြီး ဟာသပြဇာတ်အနေနှင့် New Channel ဟာသ ပြဇာတ်တွင် ရန်အောင်၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေး၊ ညီထွဋ်ခေါင်၊ ဦးအောင်လွင်၊ ကိုပေါက်၊ ငှက်ပျောကြော်၊ နေလင်း၊ 5-Star အဖွဲ့နှင့် အတူ မေသဉ္ဇာဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်နှင်းဝေ၊ အိချောပို၊ ယုသန္တာတင်၊ နန်းခင်ဇေယျာ၊ မိုးပြည့်ပြည့်မောင်၊ ခင်ဝင့်ဝါ၊ ပိုင်ဖြိုးသု၊ ရွှေသမီး၊ ရတနာဗိုလ်၊ ယွန်းရွှေရည်တို့ ပါဝင် ဖျော်ဖြေမည် ဖြစ်သည်။ လက်မှတ်ဈေးနှုန်းများကို ၃ သောင်း၊ ၂ သောင်း ၊ ၁ သောင်းကျပ် စသည်ဖြင့် သတ်မှတ်ထား ပြီး မန်းသီရိတေးသံသွင်း၊ NOBODY ( DAGON CENTER . YANKIN CENTER)၊ စိန်ဌေး ရုပ်ရှင်နှင့် ဗွီဒီယို ထုတ်လုပ် ဖြန့်ချိရေး (ဖုန်း-၂၅၀၂၄၇) ၊ Hotline 0949261444 တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၃။ ကူးစက်ရောဂါသင့် နာဂလူမျိုးများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ရန်ုပုံငွေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် ၂၈.၁.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင်စတင် ပြုလုပ်သွားမည် ဖြစ်ပြီး၊ အဆိုပါပွဲတွင် နိုင်ငံကျော် သရုပ်ဆောင်များ၊ အဆိုတော်များ၏ ဖျော်ဖြေမှုများနှင့် အတူ မော်ဒယ်ရှိုးနှင့် နာဂတိုင်းရင်းသား ရိုးရာ ကပွဲများ ပါဝင်မည် ဖြစ်ကြောင်းသိရသည်။ အလှူရှင်များအနေဖြင့် အဝတ်အထည်များ၊ စားနပ်ရိက္ခာများ၊ ဆေးဝါးများကို 09450028339,09973085669 ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
၄။ Big Bag Fans Appreciation Event ပွဲကို ကမ်းနားလမ်းနှင့် ၄၂ လမ်းထောင့်ရှိ Union Bar တွင် ၂၉.၁.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ဖျော်ဖြေပွဲ လက်မှတ် ၁ စောင်ကို ၁ သောင်းကျပ် သတ်မှတ်ထား ပြီး Union Bar တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၅။ Yangon LGBT Film Festival ကို ပြည်လမ်းရှိ Institut Français တွင် ၂၆.၁.၂၀၁၇ မှ ၂၉.၁.၂၀၁၇ အထိ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါပွဲတော်တွင် ရုပ်ရှင်ပြပွဲ ၊ စကားရည်လုပွဲနှင့်အခြား ဖျော်ဖြေရေးပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
၆။ အစဉ်အလာ ကြီးမားသည့် ပန်းချီအုပ်စုကြီး ဖြစ်သော ကံ့ကော်ရွာ အုပ်စု၏ ၂၈ ကြိမ်မြောက် ပန်းချီပြပွဲကို ရန်ကုန်မြို့ ပြည်လမ်း၊ အမှတ် ၆၀၁ ရှိ Judson Centre တွင် ၂၄.၁.၂၀၁၇ မှ ၂၈.၁.၂၀၁၇ အထိ ပြုလုပ်မည် ဖြစ်သည်။ ကံ့ကော်ရွာ အုပ်စုကို ၁၉၇၀ ကျော်နှစ်များတွင် စတင် စုစည်းကာ ပန်းချီပြပွဲများကျင်းပခဲ့ခြင်း ဖြစ်သည်။ ယခု ၂၈ ကြိမ်မြောက် ပန်းချီပြပွဲတွင် ပန်းချီဆရာ ၅၀ ကျော် ပါဝင်မည် ဖြစ်ပြီး လက်ရာစုံ ပန်းချီကားပေါင်း ၁၀၀ ကျော်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၇။ Yangon’s Heritage & Classic Car Show 2017 ဂန္ထဝင်ကား ပြပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်ရှိ Myanmar Culture Valley တွင် ၂၈.၁.၂၀၁၇ မှ ၂၉.၁.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတွင် ရှေးဟောင်းကား အစီးရေ ၄၀ ကျော် ပြသသွားမည် ဖြစ်ပြီး ဂီတဖျော်ဖြေပွဲ၊ ရှေးဟောင်းရုပ်ရှင်များပြပွဲ၊ မျက်လှည့်ပွဲများ၊ ကားနှင့် ပတ်သက်၍ ပညာပေး အစီအစဉ်များနှင့် Classic Car Award 2017 , People Choice Award 2017 ဆုများလည်း ရွေးချယ် ချီးမြှင့်သွားမည် ဖြစ်သည်။ ဝင်ကြေး ၁ ထောင်ကျပ် သတ်မှတ်ထားပြီး ထို ဝင်ကြေးငွေများကို ပရဟိအသင်းအဖွဲ့များသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။
၈။ Artistic’s Traveller အဖွဲ့၏ ၇ ကြိမ်မြောက် ပန်းချီပြပွဲကို အင်းလျားလမ်းရှိ ၊ စိမ်းလန်းစိုပြည် ပန်းဥယျာဉ်တွင် ၂၇.၁.၂၀၁၇ မှ ၃၀.၁.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီဆရာ ၈ ဦးတို့၏ ပန်းချီကားပေါင်း ၆၀ ကျော်ပြသသွားမည် ဖြစ်ပြီး ဖွင့်ပွဲနေ့တွင် ပန်းချီကားများကို ကံစမ်းမဲဖွင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၉။ The season five of Art + Plug exhibition အနုပညာ ပြပွဲကို ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ၂၇.၁.၂၀၁၇ မှ ၂၉.၁.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် New Media ဖြင့် ဖန်တီးထားသည့် အနုပညာလက်ရာများ ပြသသွားမည် ဖြစ်ပြီး ဝင်ကြေးအဖြစ် တဦးလျှင် ၅၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ ၂၈.၁.၂၀၁၇ ရက်နေ့တွင် ကဗျာဆရာ၊ စာရေးဆရာမောင်ဒေးနှင့် အနုပညာဆွေးနွေးပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀။ ရန်ကုန်မြစ်၏ ညနေခင်း ဆည်းဆာအလှကို ခံစားရင်း အပန်းဖြေလိုသူများ အတွက် The Sunset Boat Party ခရီးစဉ်သည် ၂၈.၁.၂၀၁၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဗိုလ်တထောင် ဆိပ်ကမ်းမှ စတင်မည် ဖြစ်ကြောင်း သိရသည်။ ဂီတဖျော်ဖြေမှုများ ခံစားလျက် ည ၈ နာရီ ၁၅ မိနစ် အချိန်တွင် ဗိုလ်တထောင်ဆိပ်ကမ်းသို့ ပြန်လည် ဆိုက်ရောက်မည် ဖြစ်ပြီး ခရီးစဉ် အတွက် တဦးလျှင် ၁ သောင်း ၅ ထောင်ကျပ် သတ်မှတ်ထားသည်။ ။