• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ဒီတပတ် ဖတ်စရာ

by ဝေယံအောင်
27 January 2017
in Lifestyle
A A
ဒီတပတ် ဖတ်စရာ
13.4k
VIEWS
Share on FacebookShare on Twitter

စာရေးသူ    –  တင်မိုး
စာအုပ်အမည်-  ကဗျာဆရာနှင့် ပန်းပုသူဇာ ဝတ္ထုတိုများစုစည်းမှု
အမျိုးအစား    –  ဝတ္ထုတို

ကဗျာဆရာကြီးတင်မိုး အသက် ၂၄ နှစ်ကနေ အသက် ၅၂ အတွင်း ရေးသားခဲ့တဲ့ ဝတ္ထုတိုတွေကို  စုစည်းထားတာပါ။ ဒီဝတ္ထတိုတွေက လူထုဂျာနယ်၊ ရှုမဝမဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်း၊ မိုးဝေမဂ္ဂဇင်း၊ ဒဂုန်မဂ္ဂဇင်းတွေမှာ ရေးခဲ့တဲ့ ဝတ္ထုတိုတွေ ဖြစ်ပြီး ဆရာကြီးငယ်စဉ် ကန်မြဲနန်းမြင့်နွယ် ကလောင်နဲ့ ရေးခဲ့တဲ့ ဝတ္ထုတိုလက်ရာ ၄ ပုဒ် ပါဝင်ပါတယ်။ ဟိမဝန္တာတောဝယ်၊ နံ့သာမြိုင်၊ မမမြေသြဇာ၊ မင်မပါသော ဖောင်တိန်ကလေး စတဲ့ ဝတ္ထုတိုတွေကို နန်းမြင့်နွယ်၊ ကန်မြဲ နန်းမြင့်နွယ် ကလောင်နဲ့ ရေးခဲ့တာဖြစ်ပြီး ဘဝခေါင်းလောင်းသံ၊ ဆေးရောင်စုံဖြင့် မခြယ်စေချင်ပါ၊ မပွင့်ပန်း၊ ကဗျာဆရာနှင့် ပန်းသူဇာ၊ ပန်းဖြူတစ်ပွင့်၊ ရွက်ကြွေများ၊ ငါ့အတိတ် ငါ့အရိပ်နဲ့ ငါ့အိပ်မက် စတဲ့ဝတ္ထုတို ၆ ပုဒ်ကိုတော့ တင်မိုး ကလောင်အမည်နဲ့ ရေးထားတာ ဖြစ်ပါတယ်။ စိတ်ကူးချိုချိုးက တန်ဖိုး ၁၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

RelatedPosts

သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
271
စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.5k
အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

8 June 2025
1.8k

စာရေးသူ    –  ခင်ခင်ဝင်း
စာအုပ်အမည်-  ရေဆန်လမ်းမှ အိမ်အပြန်
အမျိုးအစား    –  ကိုယ်တွေ့မှတ်တမ်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ခင်ဝင်းကို `အဝင်း ၊ စာရေးပါလား’ လို့ တိုက်တွန်းခဲ့ ဖူးတယ် လို့ ဆိုပါတယ်။ ဒေါ်ခင်ခင်ဝင်းဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ်က အဖော်အဖြစ် နေထိုင်ခဲ့ သူ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ထက် အသက် ၂ နှစ် ကြီးပါတယ်။ ဒေါ်ခင်ခင်ဝင်း ရေးသားတဲ့ “ကိုယ်တွေ့ မှတ်တမ်း” စာအုပ်မှာ ဒေါ်ခင်ခင်ဝင်း ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေး ခရီးကြမ်းမှာ တွေ့ကြုံခံစားခဲ့ရတဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ အခန်း (၁)  မြန်မာလူမှုဘဝများနဲ့ အစိုးရဝန်ထမ်းတွေရဲ့ ရပ်တည် နေထိုင်မှု အခြေအနေ၊ အခန်း (၂) ရေဆန်လမ်းကို စတင်၍ ရွေးချယ်ခဲ့ခြင်း၊ အခန်း (၃) တိုင်းပြည်ရေး၊ ပါတီအရေးနဲ့ အတူ အိမ်တွင်းရေး စိန်ခေါ်မှု ပြင်းတဲ့ ကာလများ၊ အခန်း (၄) ခရီးကြမ်းအတွင်းတွင် တွေ့ကြုံခဲ့သည့် ရဲဘော်ရဲဘက် တို့နှင့် လွမ်းမောဘွယ်ရာ ရသစုံနှင့် မမေ့နိုင်စရာများ၊ အခန်း (၅) ရွေးကောက်ပွဲအလွန် ကာလများ၊ အခန်း (၆) ထုံ့ပိုင်း ထုံ့ပိုင်း ခြံပြင်ထွက်ခွင့် ပိတ်ဆို့ထားသော ကြားကာလများ (၁၉၉၆ မှ ၂၀၁၀)၊ အခန်း (၇) အကျယ်ချုပ် ၇ နှစ်၊ အခန်း (၈) အကျယ်ချုပ်က လွတ်မြောက်ပြီ၊ အခန်း (၉) ရေဆန်လမ်းမှ အိမ်ပြန် အရောက် စတဲ့အခန်း (၉) ခန်း ပါဝင်ပါ တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးရဲ့ အမှာစာကိုလည်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဓူဝံ စာအုပ်တိုက်က တန်ဖိုး ၃၅၀၀ နဲ့ ဖြန့်ချိထားပါတယ်။

စာရေးသူ    –  မောင်မိုးသူ
စာအုပ်အမည်-  ပြောစရာတွေက အများကြီး
အမျိုးအစား    –  သရော်စာ

ဘကြီးမိုး ရင်ထဲက ပြောစရာတွေကို သရော်စာပုံစံ၊ မှတ်တမ်းပုံစံတွေနဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ကူညီပါရစေ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ရဲအုပ်၊ ရဲတပ်ကြပ်တွေ ဓားနဲ့ ထိုးခံရတာတွေ ဖြစ်နေတာမို့ ကူညီပါရစေကို ကူညီကြပါလို့ ဘကြီးမိုးက တိုက်တွန်းထား ပါတယ်။ စုစုပေါင်း ဆောင်းပါး ၂၇ ပုဒ်ပါဝင်တဲ့ ဒီစာအုပ်မှာ ပြည်သူ့အားနဲ့ ပြည်သူ့အစိုးရသစ်ကို အားပေးတာက စလို့ ဆရာဇော်ဇော်အောင်၊ ဆရာမောင်သာရတို့ကို လွမ်းတော်မူလို့ စာကိုစီတာတွေ၊ ပြည်သူ့သမ္မတ ကို ဂုဏ်ပြုတာတွေ၊ ရက် ၁၀၀ စီမံကိန်းကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ ဘဝတက္ကသိုလ်စာပေတိုက်ရဲ့ ဘာသာပြန်ဆရာ စာရေးဆရာဘ၀ အတွေ့အကြုံတွေ စသည်ဖြင့် ဘကြီးမိုး ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအစုံစုံ ဖတ်ရှုကြရမှာ ဖြစ်ပါ တယ်။ ရန်ကုန်လမ်းမများ စာပေက တန်ဖိုး ၁၈၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စာရေးသူ    –  မင်းခက်ရဲ
စာအုပ်အမည်-  ဂရမ်ချီ၏ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအတွေးအခေါ်
အမျိုးအစား    –  နိုင်ငံရေး

အီတလီယံ မာ့က်ဝါဒီ အွန်တိုနီယို ဂရမ်ချီဟာ  မာ့က်စ်ဝါဒကို ပြန်လည် ဆန်းသစ်သူတွေထဲက တဦး ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဒီမိုကရေစီနဲ့ ဆိုရှယ်လစ်ဝါဒကြားက ဆက်သွယ်ချက်နဲ့ ပြဿနာတွေကို ဖြေရှင်းပြဖို့ ကြိုးစားထားတဲ့ အတွေးအခေါ်တွေကို တွေ့ရမယ် လို့ ဆရာမင်းခက်ရဲက ဆိုပါတယ်။ စာအုပ်မှာ အခန်း (၁) ဆိုရှယ်လစ်ဝါဒ၏ ပုံဖျက်မှုများ၊ အခန်း (၂) အကျဉ်းမကျမီ အဆက်အစပ်အတွင်းက ဂရမ်ချီ၏ သိမ်းသွင်းထိန်းချုပ်မှု၊ အခန်း(၃) သိမ်းသွင်းထိန်းချုပ်ခြင်း၊ အခန်း (၄) သိမ်းသွင်းထိန်းချုပ်မှုကို အနုစိတ် ရှင်းလင်းပြခြင်း ၊ အခန်း (၅) အင်အားစုများ ဆက်သွယ်ချက်၊ အခန်း (၆) သိမ်းသွင်း ထိန်းချုပ်မှုကို ထိန်းသိမ်းခြင်း၊ အခန်း (၇) သိမ်းသွင်းထိန်းချုပ်မှုနှင့် ပါဝါ၊ အခန်း (၈) အိုင်ဒီယိုလိုဂျီ၏ သဘောသဘာဝ၊ အခန်း (၉) အရပ်ဘက် လူ့အဖွဲ့အစည်း၊ နိုင်ငံတော်အာဏာ၏ သဘောသဘာဝ၊ အခန်း (၁၀) ဂရမ်ချီ၏ အသိပညာတတ်များ အပေါ်အမြင်  စတဲ့ အခန်း (၉) ခန်းကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ Myanmar Knowledge Society က တန်ဖိုး ၂၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

Your Thoughts …
Tags: Books
ဝေယံအောင်

ဝေယံအောင်

ဧရာဝတီ

Similar Picks:

ဒီတပတ်ဖတ်စရာ

ဒီတပတ် ဖတ်စရာ

by ဝေယံအောင်
29 December 2017
5.3k

`ဘုရားဂေါပက ဆိုသူတွေဟာ အလှူခံကောင်းတယ်။ အလှူခံများများရရင် ဘုရားကို အသစ်ဖြစ်အောင် မွမ်းမံမယ်။ မူလလက်ရာ မပျက် လုပ်ရကောင်းတယ် လို့ နည်းနည်းမှမသိဘူး’ လို့ ဒေါက်တာသန်းထွန်းက ဆိုပါတယ်။

ဒီတပတ်ဖတ်စရာ

ဒီတပတ်ဖတ်စရာ

by ဝေယံအောင်
3 February 2017
42.1k

မြန်မာ ဝတ္ထုအညွှန်းပေါင်းချုပ်ဟာ မြန်မာဝတ္ထုရှည်သမိုင်း သဖွယ်ဖြစ်လာခဲ့တဲ့ ဝတ္ထုအညွန်းတွေကို မြန်မာစာကျောင်းသားတွေ အတွက် ပြဋ္ဌာန်းပေးရတဲ့ အထိ အလေးထားရပါတယ်။

ဒီတပတ်ဖတ်စရာ

ဒီတပတ်ဖတ်စရာ

by ဝေယံအောင်
19 January 2018
6k

မောင်မိုးသူ လူပုဂ္ဂိုလ်အရ နောက်ဆုံး လွမ်းတော်မူဖို့ ရေးလိုက်မိသူကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရဲ့ ဥပဒေအတိုင်ပင်ခံပုဂ္ဂိုလ်၊ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ရှေ့နေကြီးဦးကိုနီကို လွမ်းလိုက်ရတာ ပါပဲ။

ဒီတပတ်ဖတ်စရာ

ဒီတပတ်ဖတ်စရာ

by ဝေယံအောင်
26 January 2018
5.7k

“ဒီလောကထဲ ရောက်တာနဲ့ လူတွေနဲ့ လောကရဲ့ ကျေးဇူးကို တနည်းနည်းနဲ့ ခံစားပတ်သက်ပြီးသား ဖြစ်သွားတယ်။ ဒါကြောင့် ကျေးဇူးကို သိတတ်ရမယ်။ တတ်နိုင်သရွှေ့ ကျေးဇူးတုံ့ပြန်ဖို့လည်း တာဝန်ရှိတယ်”

ဒီတပတ်ဖတ်စရာ

ဒီတပတ်ဖတ်စရာ

by ဝေယံအောင်
17 February 2017
25.3k

ရုပ်သေးရုပ်များ၊ ရုပ်သေးရုပ်၏ စင်တည်ဆောက်ပုံနှင့် တင်ဆက်ကပြပုံ အစီအစဉ်များ၊ ရုပ်သေးသဘင်သုံး ဇာတ်စာ၊ ဇာတ်စကားများ၊ ရုပ်သေးကြိုးဆွဲပုံ၊ အခြား(အထွေထွေ) စတာတွေကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ ဖတ်ရှုရမှာ ပါ။

ဒီတပတ်ဖတ်စရာ

ဒီတပတ်ဖတ်စရာ

by ဝေယံအောင်
12 January 2018
7.4k

ဗုဒ္ဓဘာသာနဲ့ မြန်မာ့ဓလေ့ထုံးစံ၊ မြန်မာယဉ်ကျေးမှုတွေ ဆက်သွယ်နှီးနှောနေပုံတွေကို ဖော်ပြထားတဲ့စာစုတွေဖြစ်ပါတယ်။

Next Post
ဗိုလ်တထောင် အမှတ်(၆) ကျောင်းရှေ့ SUZUKI HIJET တစီးမီးလောင် (ရုပ်/သံ)

ဗိုလ်တထောင် အမှတ်(၆) ကျောင်းရှေ့ SUZUKI HIJET တစီးမီးလောင် (ရုပ်/သံ)

နယ်ခြားတံတိုင်းအတွက် မက္ကဆီကို သွင်းကုန်များ အခွန်တိုးကောက်မည်

နယ်ခြားတံတိုင်းအတွက် မက္ကဆီကို သွင်းကုန်များ အခွန်တိုးကောက်မည်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate