Mediterranean Food (မြေထဲပင်လယ်ဒေသ အစားအစာများ) တနေရာတည်းမှာ ရနိုင်မယ့် “Olea” Mediterranean စားသောက်ဆိုင်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့ ရန်ကုန်မြို့၊ Melia’ Yangon ဟိုတယ်၊ ပထမထပ်မှာ စတင် ဖွင့်လှစ်သွားမှာဖြစ်ပြီး Pre- Opening Press Launch ကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ကမ္ဘာ့မြေထဲပင်လယ်ဒေသတွေဖြစ်တဲ့ ဂရိ၊ စပိန်၊ အီတလီ၊ ပြင်သစ်နဲ့ မြောက်အာဖရိနိုင်ငံများမှ အရသာရှိလှတဲ့ အစားအစာ ဟင်းလျာတွေကို တနေရာတည်းမှာ စုံစုံလင်လင် ရရှိနိုင်မှာဖြစ်ပြီး ဟင်းလျာများကိုလည်း သဘာ၀ သံလွင်ဆီစစ်စစ်နဲ့ စီမံချက်ပြုတ်ထားတယ်လို့ သိရပါတယ်။
ဆိုင်ရဲ့ အတွင်းပိုင်း အပြင်အဆင်ကို Classic ဆန်ဆန် ပြင်ဆင်ထားပြီး လူဦးရေ ၆၀ ခန့် စားသောက်နိုင်တဲ့ ဆိုင်အတွင်းမှာ ဝိုင်နဲ့ အရက်ကြိုက်တတ်သူတွေအတွက် Wine Cellar လည်း ပါဝင်ပြီး သီးသန့် စားသုံးလိုသူတွေ အတွက်လည်း Private Dining Area တွေ ပါဝင်ပါတယ်။
“Olea” စားသောက်ဆိုင်မှ ညဘက် Dinner ကို ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ နေ့စဉ် ဖွင့်လှစ်ထားပြီး အဖွဲ့လိုက် နေ့လည်စာအတွက်လည်း ကြိုတင် စီစဉ်ပေးတယ်လို့ သိရပါတယ်။
သောက်တတ်တဲ့သူတွေအတွက် Olea Bar ကိုလည်း အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ညနေ ၃ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ထားတယ်လို့ သိရှိရပါတယ်။ Olea Bar မှာဆိုရင် Wine, Cocktail နဲ့ အရက်များ မှာယူ သောက်သုံးလို့ ရပါတယ်။
“Olea” Wine Cellar မှာ ဝိုင်နှစ်သက်သူတွေအတွက် ကမ္ဘာ့မြေထဲပင်လယ်ဒေသ၊ နိုင်ငံပေါင်း ၉ နိုင်ငံမှ နှစ်ပေါင်း ၁၂၀ ကျော် နှစ်ချို့ သက်တမ်းရင့် အကောင်းစား အရက်ဝိုင်များကို အမေရိကန် ဒေါ်လာ ၃၂ မှ ၂၁၀၀ အထိ ဈေးနှုန်း အစားစားနဲ့ ဝယ်ယူ သောက်သုံးနိုင်တယ်လို့ သိရပါတယ်။
“Olea” Mediterranean စားသောက်ဆိုင်ရဲ့ လိပ်စာကတော့ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ Melia’ Yangon ဟိုတယ်၊ ပထမထပ် ဖြစ်ပါတယ်။