Lifestyle

စိတ်လည်းပျို၊ ကိုယ်လည်းနုစေဖို့ အကြောင်းများ

အသက်နဲ့အရွယ်

လူမှန်ရင် ရှောင်လွှဲမရတဲ့ ဇရာနဲ့အသက်ကြီးကြရတာပါပဲ။ အသက်အရွယ်ကြီးတိုင်း စိတ်က အိုမင်းသွားရမယ်လို့တော့ မဟုတ်ပါဘူး။ အရွယ်တင်နုပျိုတယ် ပြောမလား၊ စိတ်ပျိုကိုယ်နု ဆိုမလား အသက်ကြီးပေမယ့် မပျက်စီးဘူးလို့ ဆိုရမယ့် နည်းနာလေးတွေ ရှိနေပါတယ်။ နာရီလေးတွေ ရပ်တန့်ပြီး လူငယ်စိတ်နဲ့ ရှိနေနိုင်မယ့်နည်းလမ်းတွေပေါ့။

သူငယ်ချင်း

မိတ်ဆွေအပေါင်းအသင်းဆိုတာက စိတ်နှလုံးနုပျိုရေးအတွက် အရေးပါကြပါတယ်။ အသက်ရှင်နေထိုင်နေရချိန်လေးမှာ တ ဦးနဲ့တဦး နားလည်ခင်မင်သူတွေ တခုခုကို အတူလုပ်ဆောင်ရင်း အချိန်ကုန်နေရတာက ဘဝအဓိပ္ပာယ်လည်း ရှိစေတာ ပေါ့။ လုပ်ငန်းခွင်မှာဖြစ်စေ၊ တခြား ပြင်ပမှာဖြစ်စေ မိတ်ဆွေတွေရှိနေတာ စိတ်ပျိုစေတဲ့အကြောင်းတခုပါ။

ဖန်တီးမှု အနုပညာ

အနုပညာဆန်တဲ့ ဖန်တီးမှုလေးတွေက လူကို ပျော်ရွှင်စေသလို အတွေးတွေ ကြည်လင်စေပြီး ဘဝကို နေပျော်စေပါတယ်။ လုပ်ဆောင်တာလေးတွေကနေ အကြံကောင်းလေးတွေလည်းရစေတာပေါ့။ အပျော်တမ်းဖန်တီးမှုလေးတွေ လုပ်ဆောင် တာကလည်း ဂီတ၊ ပန်းချီ စတာတွေကို အသက်မွေးဝမ်းကျောင်းလုပ်နေသူတွေထက် ပိုပြီး သက်တောင့်သက်သာရှိတာ လည်း ပါတာပေါ့။ အဲဒီလို လုပ်ဆောင်နေတာလေးတွေကလည်း လူကို နုပျိုလန်းဆန်းစေပါတယ်။

မိတ်ကပ်တွေလျှော့

အရွယ်ရလာရင် မိတ်ကပ်လို အပြင်အဆင်တွေလျှော့တာက ပိုပြီး စိတ်ဖိစီးမှုနည်းစေတာပါတဲ့။ တခြားသူတွေကို စွဲဆောင် ဖို့ အရမ်းကာရောပြင်ဆင်တာတွေက မထိရောက်တော့ဘဲ အိုစာမှုကို ဖုံးကွယ်တာနဲ့သာပိုပြီး တူလာတတ်တာမို့ မူရင်း အ နေအထားနဲ့ ခန့်ခန့်ထည်ထည်နေတတ် ကျေနပ်ဖို့က လူကို ပိုပြီး လန်းဆတ်စေပါတယ်။

ကိုယ်လက်လှုပ်ရှား

အထူးအဆန်း အားကစားပညာတွေလိုက်စားဖို့ မဟုတ်ပါဘူး။ အိမ်ခြံဝင်းမှာ ပန်းလေးတွေ၊ ဟင်းရွက်ပင်လေးတွေ စိုက် တာမျိုး၊ လမ်းလေး တပတ်လောက်လျှောက်တာမျိုးနဲ့ လုံလောက်ပါတယ်။ တပတ်လုံးမှာမှ ၃ နာရီလောက်လုပ်ရင်ကို အဆင်ပြေပါသတဲ့။ ထိုင်ထလေးလောက်လုပ်နေတာကိုပဲ ထိရောက်တယ်လို့လည်း ဆိုပါတယ်။

အဲသလိုလှုပ်ရှားနေတာက လူကို နေထိုင်ကောင်းစေသလို၊ ကြည့်ကောင်း စတိုင်ကျတာ၊ အကောင်းမြင်တွေးခေါ်စိတ်တွေ ရှိစေတာ စတဲ့ ကောင်းကျိုးတွေရစေပါတယ်။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေလည်း ကာကွယ်ရာရောက်ပါတယ်။

နေရောင်ခံလိမ်းဆေး

ကာလတာရှည် ထိတွေ့ရင် နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်က အရေပြားကို ၉၀ ရာခိုင်နှုန်းကျော်လောက် ထိခိုက် ပျက်စီးစေပါတယ်။ ပါးရေတွန့်တာ၊ အသားအရေတွေ တွန့်ကျ၊ တွဲကျတာ၊ အစက်အပြောက်တွေဖြစ်တာစတဲ့ ရုပ်ဆင်း ဆိုင်ရာနုပျိုမှုတွေ ထိခိုက်စေတာမို့ နေရောင်ခံလိမ်းဆေးသုံးတာက လုပ်သင့်တဲ့နည်းလမ်းအဖြစ် အကြံပြုကြပါတယ်။

အသစ်အဆန်းသင်ယူမှု

ဦးနှောက်ကို အရွယ်ရလာလို့ လုပ်ငန်းဆောင်တာတွေ ယိမ်းယိုင်မသွားအောင် အသစ်အဆန်းလေးတွေသင်ယူနေသင့် ပါ တယ်။ အဲဒါကလည်း ကိုယ်ခန္ဓာလှုပ်ရှားမှုပါ ပါဝင်တာမျိုးဖြစ်ရင် ပိုကောင်းပါသတဲ့။ အထူးသဖြင့် အကသင်တာမျိုးက လှုပ် ရှားမှုလည်းဖြစ်သလို လူမှုဆက်ဆံရေးပါ ဒွန်တွဲနေတာမို့ သင့်လျော်တယ်လို့ ဆိုလေရဲ့။

ခံတွင်းသန့်ရှင်းရေး

သွားတိုက်၊ သွားကြားထိုး၊ ပလုပ်ကျင်း စတာတွေ မလုပ်ရင် သွားတွေဝါပြီး ချေးတက်တာ၊ သွားဖုံးရောဂါတွေ ဖြစ်လာ တတ်ပါတယ်။ ဒါက အိုမင်းမှုကို ဖော်ပြနေရုံသာမက နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ပန်ကရိယကင်ဆာတွေ ဖြစ်စေတာနဲ့ ချိတ်ဆက်နေတတ်တာ သိထားရပါမယ်။

ဆေးလိပ်ဖြတ်

ဆေးလိပ်က ပါးရေတွန့်တေဲ့အကြောင်းတခုပါ။ သွေးကြောတွေ ကျဉ်းစေပြီး အရေပြားကို သွေးလုံလောက်အောင် မ ရောက်တာလည်း ဖြစ်စေပါတယ်။ ကင်ဆာ၊ အဆုတ်၊ နှလုံး ရောဂါတွေလည်း ဖြစ်စေတာမို့ အိုစာမှုကို ပိုစေပါတယ်။ လွယ်ကူလှတဲ့ ဒီနည်းလမ်းတွေနဲ့ ပျိုရွယ်မှုကို ထိန်းထားနိုင်ဖို့၊ စိတ်ရောလူပါ မအိုစာဖို့ ကြိုးစားလိုက်နာကြည့်ကြရအောင်ပါ။

Loading