၁။ လင်းလင်း၏ ROCK FOR YANGON တကိုယ်တော်ဖျော်ဖြေပွဲကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ၁၂.၂.၂၀၁၇ ရက် ည ၇ တွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်မှာ ၇ ထောင်ကျပ် ဖြစ်ပြီး မန်းသီရိတေးသံသွင်း၊ City Mart ဆိုင်ခွဲများ၊ Nobody ဆိုင်ခွဲများ၊ မျှော်စင်ကျွန်း (ကန်တော်ကြီး)၊ Frolick ဆိုင်ခွဲများ၊ Mmtix Hotline – 09451010789 ၊ 09782097436 ၊ 09965010789 တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၂။ စိုင်းစိုင်းခမ်းလှိုင်၊ Snare ၊ လွှမ်းပိုင်၊ Bunny Phyo၊ ရဲရင့်အောင်၊ Bobby Soxer, Amera Hpone တို့ပါဝင်မည့် G-Shock Lover Day Show ကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ၁၄.၂.၂၀၁၇ ရက် ညနေ ၆ နာရီတွင် ပြုလုပ်မည် ဖြစ်သည်။ ပွဲလက်မှတ်မှာ တဦးလျှင် ၉ ထောင်ကျပ် ဖြစ်ပြီး ချစ်သူစုံတွဲများ အတွက် ၁ သောင်းခွဲ သတ်မှတ်ထားပြီး လက်မှတ်များကို Bo Bo Music Production ၊ City Mart ၊ Orange ၊ Nobody ၊ OMG ၊ Genius ၊ RUN YGN ၊ The Public ၊ 1876 ၊ Capital A ၊ Body Glove ၊ HOT_LINE : 09425557666, 018619029 များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်
၃။ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အကြို ရုပ်ရှင်ဇာတ်ဝင် တေးဂီတဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ၊ အမျိုးသား ကဇာတ်ရုံတွင် ၁၁.၂.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို တစောင်လျှင် ၁ သောင်း ၊ ၂ သောင်း ၊ ၃ သောင်း ၊ ၅ သောင်း ၊ ၇ သောင်းကျပ် စသည်ဖြင့် သတ်မှတ်ထားပြီး City mart ၊ Nobody Jeans၊ Tony Tun Tun မန်းသီရိ တေးသံသွင်းတို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၄။ FLEA MARKET (ဂျပန်စတိုင်လ် ဆယ်ပြားဈေး) ဈေးရောင်းပွဲတော်ကို ပြည်သူ့ရင်ပြင် (ပြည်လမ်းဝင်ပေါက် အနီး) တွင် ၁၂.၂.၂၀၁၇ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (SEDA) မှ ကြီးမှူးကျင်းပသည့် အဆိုပါ ဈေးရောင်းပွဲတော်တွင် ဂျပန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၅။ ဂျပန်ဓာတ်ပုံဆရာမ Ruru ၏ ကမ္ဘာအရပ်ရပ်တွင် ရိုက်ကူးခဲ့သော ဓာတ်ပုံများပြပွဲကို ဗိုလ်တထောင်မြို့နယ် ၄၃ လမ်းရှိ ၊ 43 Art Gallery ၌ ၂.၂.၂၀၁၇ ရက်နေ့မှ ၁၁.၂.၂၀၁၇ ရက်နေ့အထိ ပြသလျက် ရှိသည်။ ပြပွဲတွင် စပိန် ၊ ဂျပန် ၊ မြန်မာ ၊ အီသီယိုးပီးယား ၊ မက္ကစီကို အစရှိသော နိုင်ငံများတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံ ၄၈ ကားပြသထားပြီး တကားလျှင် ၅ သောင်းကျပ်နှုန်းဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။
၆။ Kids Fair 2017 ကို တပ်မတော်ခန်းမတွင် ၁၀.၂.၂၀၁၇ မှ ၁၂.၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပွဲတော်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် ကလေးများနေ့ (ဗိုလ်ချုပ်မွေးနေ့) ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး ကလေးများအတွက် ပန်းချီပြိုင်ပွဲများ၊ အဆိုအကပြိုင်ပွဲများ၊ မြန်မာ့ရိုးရာ ကစားနည်းများကို ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
၇။ ဓာတ်ပုံဆရာ Andre Malerba ၏ BUILT ON THEIR BACKS ဓာတ်ပုံပြပွဲကို ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း ၊ အမှတ် ၄၉ ၊ ၃ လွှာရှိ Myanmar Deitta တွင် ၁၂.၂.၂၀၁၇ မှ ၁၉.၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သည့် အလုပ်သမား မိသားစုဘဝကို မှတ်တမ်းတင် ရိုက်ကူးထားသော ဓာတ်ပုံများကို ပြသသွားမည် ဖြစ်သည်။
၈။ ၂၀၁၇ ခုနှစ်၊ ယုဇနကာတွန်းပြပွဲကို ယုဇနဥယျာဉ်မြို့တော်ရှိ Eternal Art Gallery တွင် ၁.၂.၂၀၁၇ ရက်နေ့မှ ၂၈.၂.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်လျက်ရှိသည်။ အဆိုပါ ကာတွန်းပြပွဲတွင် ကာတွန်းဆရာ ၁၉ ဦး၏ ကာတွန်း လက်ရာများကို ပြသထားပြီး စာအုပ်လက်ဆောင်ဘူဖေး၊ ဂီတဖျော်ဖြေပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
၉။ ပန်းချီအောင်ဇော်၏ တကိုယ်တော်ပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ နဝဒေးသာလာ ပန်းချီပြခန်းတွင် ၁၁.၂.၂၀၁၇ မှ ၁၇.၂.၂၀၁၇ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ခရိုင်းလစ်ပန်းချီကား ၁၅ ကားခန့်ပြသ သွားမည် ဖြစ်ပြီး ပန်းချီကားများသည် ဒြပ်မဲ့ ပန်းချီခေါ် Abstract ပန်းချီကားများ ဖြစ်သည်။ မြန်မာနိုင်ငံတွင် Abstract ပန်းချီကားများ ရေးဆွဲဖန်တီး တင်ပြမှုသည် ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်လာသည်။
၁၀။ ပန်းချီအမ်ပီပီရဲမြင့်၏ Playing with Squares ပန်းချီပြပွဲကို ပန်းပဲတန်းမြို့နယ်၊ ၃၁ လမ်းရှိ Cloud 31 ပန်းချီ ပြခန်းတွင် ၁၁.၂.၂၀၁၇ မှ ၁၅.၂.၂၀၁၇ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် အရိုင်းလစ်ပန်းချီကားပေါင်း ၂၀ ကျော်ပြသသွားမည် ဖြစ်သည်။ ။