Lifestyle

ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို ပေးလို့ရမယ့် လက်ဆောင်များ

Want create site? Find Free WordPress Themes and plugins.

လူငယ်ချစ်သူတွေအကြား ဒီလိုအချိန်ကာလမျိုးတွေဟာဆိုရင် ရင်ခုန်စိတ်လှုပ်ရှားနေကြတဲ့ အချိန်ကာလတခုလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ချစ်သူများနေ့ဆိုတဲ့ Valentine နေ့က နီးကပ်လာပြီမို့ပါပဲ။

ချစ်သူတဦးနဲ့ တဦး ဗယ်လင်တိုင်းလက်ဆောင်တွေ အပြန်အလှန်ပေးကြဖို့ စိတ်ကူးကြ ရင်ခုန်ကြနဲ့ ရှော့ပင်းစင်တာတွေ ဈေးတွေမှာလည်း ချစ်သူများနေ့အတွက် စိတ်ဝင်စားစရာ လက်ဆောင်မျိုးစုံ လှလှလေးတွေကို ရောင်းချနေကြပါတယ်။

ဒီလိုနေ့မျိုးမှာ ချစ်သူခင်သူတွေအချင်းချင်း ပို့စ်ကဒ်တွေ၊ ပန်းစည်းတွေ၊ ချောကလက်နဲ့ တခြား အမှတ်တရဖြစ်စေမယ့် လက်ဆောင်တွေပေးဖို့အတွက် Shopping Centre တွေ၊ Gift Shop တွေ၊ Fancy Shop လို နေရာမျိုးတွေမှာ အလုအယက် ကြိတ်ကြိတ်တိုး ဝယ်ယူနေကြသူတွေကိုလည်း တွေ့မြင်နေကြရပါပြီ။

ချစ်သူမိန်းကလေးအတွေအနေနဲ့လည်း ကိုယ့်ချစ်သူကောင်လေးဆီကနေ ချစ်စရာကောင်းတဲ့ လက်ဆောင်တခုခုကို ရင်ခုန်စွာနဲ့ စောင့်စားနေကြတဲ့နေ့လို့လည်း ပြောလို့ရပါတယ်။ဒီလို ရင်ခုန်နေမယ့် ချစ်သူမိန်းကလေးကို စိတ်ကူးနဲ့လက်တွေ့ တထပ်တည်းကျစေနိုင်မယ့် လက်ဆောင်ပစ္စည်းတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဘက်နှစ်တွေမှာ Handmade ဒီဇိုင်းမျိုးတွေက ဟိုးအရင်နှစ်တွေကထက် ပိုပြီး ခေတ်စားလာတာကို အားလုံးလည်း သတိထားမိကြမယ် ထင်ပါတယ်။ ဓာတ်ပုံတွေ အများကြီးထည့်လို့ရတဲ့ Handmade ဘူးတွေ၊ Marimo လို့ ခေါ်တဲ့ သက်ရှိ ရေညှိအလုံးလေးတွေ၊ “သေအတူ ရှင်မကွာ” လို့ စာတန်းပါတဲ့ လက်ပတ်လေးတွေ စသည်ဖြင့် တွေ့လာရပါတယ်။

 

“Marimo ရေညှိအလုံးလေးတွေက သက်ရှိ ရေညှိအလုံးလေးတွေပါ။ သူက ရေထည့်ပြီး စိုက်ရုံပဲ။ ငါးမွေးကန်လေး လိုလည်း ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် သူ့အတွက်ကတော့ ရေပဲ လိုတာပေါ့နော်။ သူက အခုလက်ရှိမှာတော့ 8mm ရှိပါတယ်။ ပြီးတော့ တနှစ်ကို 5mm ကြီးတယ်ပေါ့။ အကြီးဆုံးဆိုရင် ဘောလုံးတလုံး အရွယ်လောက်အထိ ကြီးတတ်ပါတယ်။ သူတို့ချစ်သူကို လက်ဆောင်ပေးဖို့ ယောက်ျားလေးတွေ စိတ်ဝင်စားကြတယ်။ ဈေးနှုန်းက ၈၈၀၀ ကျပ်ပါ။ ပြင်ဆင်ထားတဲ့ အတိုင်းပေါ့နော်” လို့ Dreamy Fanies မှ မခင်ကောင်းစံက ပြောပြပါတယ်။

ဒီပစ္စည်းဟာ ယခုနှစ် ချစ်သူများနေ့ လက်ဆောင်တွေထဲမှာ ကဗျာဆန်ပြီး အထူးအဆန်းပစ္စည်းတခုလို့ ပြောလို့ရပါတယ်။ ကိုယ့်ချစ်သူကို အချိန်တွေအကြာကြီး ချစ်သွားမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့လူငယ်တွေကြားမှာ ခေတ်စားနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်စားပွဲ၊ ဧည့်ခန်းစားပွဲ၊ စာကြည့်စားပွဲ စတဲ့ နေရာတွေမှာလည်း အလှအနေနဲ့ တင်ထားလို့ ရပါတယ်။ နေရောင်ပြင်းပြင်းကျရောက်နိုင်မယ့် နေရာမျိုးတွေကိုတော့ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

သေအတူ နဲ့ ရှင်မကွာ ဆိုတဲ့ စာတမ်းပါ ဖန်စီလက်ပတ်များ

ချစ်သူတွေ နောက်ထပ်စိတ်ဝင်စားနိုင်မယ့် လက်ဆောင် ပစ္စည်းတခုကိုလည်း ထပ်မံဖော်ပြချင်ပါတယ်။ အဲ့ဒါကတော့ ချစ်သူနှစ်ဦး အတူတူ အလှပတ်လို့ရနိုင်မယ့် သေအတူနဲ့ ရှင်မကွာ လို့ စာတမ်းလေးတွေပါဝင်တဲ့ ဖန်စီ လက်ပတ်တွေပဲ ဖြစ်ပါတယ်။

“သေအတူ ရှင်မကွာ” လက်ပတ်လေးတွေကတော့ ပုံစံက ဒီအတိုင်း ခပ်ရိုးရိုး ရာဘာလက်ပတ်ပါပဲ။ သူရဲ့ စာသားလေးတွေကတော့ အဓိပ္ပာယ်အပြည့်ပဲပေါ့။ ပုံမှန်ဆိုရင် မြင်လိုက် ကြားလိုက်တာနဲ့ အနည်းငယ် ရယ်ချင်သလို ဖြစ်သွားကြနိုင်ပေမယ့် ဒီ လက်ပတ်တွေကို တော်တော်များများ စိတ်ဝင်စားကြပြီး အစုံ ၂၀၀၀ လောက် ရောင်းရပြီ လို့ ထုတ်လုပ်ရောင်းချနေတဲ့ So Fancy Online Shop မှ ကိုသူရဇော်ထက်က ပြောပြပါတယ်။

ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို ပေးလို့ရမယ့် လက်ဆောင်များ

“ဈေးနှုန်းကတော့ တစုံကို ၃၀၀၀ ပါ။ အရောင် (၆) ရောင် ရှိတယ်ဗျ။ မိန်းကလေးအတွက် သုံးရောင်၊ ယောက်ျားလေးအတွက် သုံးရောင်ပါ။ အနက်ရောင်၊ လိမ္မော်ရောင်နဲ့ အပြာရောင်က ယောက်ျားလေးတွေအတွက်ပေါ့။ မိန်းကလေးကတော့ ခဲရောင်၊ ပန်းဆီရောင်နဲ့ နို့စိမ်းရောင်ပေါ့။ တော်တော်လေးကို စိတ်ဝင်စားမှု ရှိကြပါတယ်” လို့ သူက ဆက်ပြောပြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading