Lifestyle

ကင်ဆာရောဂါ ကုသမှု ခံယူပြီးတဲ့အခါ

Want create site? Find Free WordPress Themes and plugins.

ယခင် အစဉ်အဆက်ကတော့ ကင်ဆာရောဂါ ရှိသူတွေကို ကုသမှုတွေပေးပြီးရင် နားနေခိုင်းခဲ့ကြပါတယ်။ အခု နောက်ပိုင်းမှာတော့ ကင်ဆာရောဂါ ပါရဂူတွေနဲ့ဆေးပညာရှင်တွေက ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ဖို့ အကြံပြုလာကြပါပြီ။

အဲဒီလိုလုပ်တာက ကင်ဆာရောဂါ ကုသမှုရဲ့ဘေးထွက်ဆိုးကျိုးတွေ သက်သာစေသလို အချိန်တိုမှာ နာလန်ပြန်ထဖို့နဲ့ လူ သာမန်လို နေနိုင်ဖို့ နည်းလမ်းတခုလို့ ဆိုကြပါတယ်။

ကိုယ်လက်လှုပ်ရှား လုပ်တာတွေက ကင်ဆာကုသမှုကြောင့်ဖြစ်ရတဲ့ စိုးရိမ်သောကတွေ၊ စိတ်ကျတာတွေ၊ မောပန်းနုံးချိ တာတွေ၊ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး ကိုယ်အလေးချိန် တက်တာတွေကို လျော့ပြေစေတယ်လို့ ဆိုပါတယ်။

ကင်ဆာကုသမှုခံယူပြီး လုပ်သင့်တာမျိုး

စိတ်ပျော်စရာလှုပ်ရှားမှု ယောဂသင်တန်းမျိုး၊ ပန်းခြံထဲ လမ်းလျှောက်တာမျိုးတွေ လုပ်သင့်ပါတယ်။

အားနည်းနည်းစိုက်ထုတ်ရတာမျိုး

လွယ်ကူပြီး အားစိုက်မှုပါဝင်တဲ့ လက်မောင်းကွေးဆန့်ညှစ်ထုတ်တာတွေ၊ ထိုင်ထလုပ်တာတွေ၊ အသက်ပြင်းပြင်းရှူ တာတွေက ကောင်းတဲ့အကျိုးတွေ ရစေပါတယ်။

ကိုယ်ကာယ တက်ကြွဖို့

အစပိုင်းမှာ သိပ်အားမစိုက်ရတဲ့လမ်းရိုးရိုးလျှောက်တာ၊ အိမ်အလုပ်တွေ လုပ်တာမျိုးကို တပတ်မှာ မိနစ် ၁၅၀ လောက် လုပ်စေပြီး တဖြည်းဖြည်းမှ အားစိုက်ထုတ်ရတာတွေ လေ့ကျင့်စေရပါမယ်။

အကျင့်ဖြစ်စေဖို့

အကြိမ်ရေ မှန်မှန်နဲ့ လုပ်ဖို့ မပျက်ကွက်ဖို့လည်း အရေးကြီးပါတယ်။

ဓာတ်ရောင်ခြည် ကုသပြီးတဲ့အခါ

ရေမကူးဖို့ အရေးကြီးပါတယ်။ အရေပြားတွေကို ထိခိုက်စေလို့ပါပဲ။

သက်တောင့်သက်သာလေးတွေ လုပ်ပါ

ကင်ဆာ ကုသမှုခံယူနေစဉ်အတွင်းမှာ အားစိုက်ထုတ်ရလွန်းတာတွေလုပ်ရင် ကိုယ်ခံအားစနစ်ကို ဖိနှိပ်မှု ပိုစေပါတယ်။ ယောဂကျင့်တာနဲ့ လမ်းလျှောက်တာမျိုးကိုသာ ပိုပြီး ညွှန်းကြပါတယ်။

စိတ်ဖိစီးမှုလျော့စေဖို့

သဲအိတ်ကို လက်ဝှေ့ထိုးလက်အိတ်တွေနဲ့ ထိုးတာမျိုးကလည်း စိတ်ဖိစီးမှုလျော့ပြေစေပါသတဲ့။ အားအရမ်းမစိုက်ဖို့တော့ သတိထားရပါမယ်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်တော့မယ်ဆိုရင် ကိုယ့်အခြေအနေက အဆင်ပြေရဲ့လားဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်လျော်တာကို ရွေးဖို့တော့ အရေးကြီးပါတယ်။

ကင်ဆာလို ဝေဒနာမျိုးကုသမှုခံယူရပြီး စိတ်ရော၊ လူရော ကျမနေအောင် ကိုယ်လက်လှုပ်ရှား ပေါ့ပေါ့ပါးပါးလေးတွေနဲ့ သက်သာဖြေလျှော့နိုင်ကြပါပြီ။

Did you find apk for android? You can find new Free Android Games and apps.
Loading