Lifestyle

ဒီတပတ်ဖတ်စရာ

Want create site? Find Free WordPress Themes and plugins.

စာရေးသူ            –  ဗိုလ်မှူးကြီး(ဟောင်း) တင်မောင်

စာအုပ်အမည်       –  မုန်တိုင်းဖြတ်ကျော်စစ်သည်တော်တစ်ဦး

အမျိုးအစား         –  ကိုယ်တွေ့မှတ်တမ်း

မုန်တိုင်းဖြတ်ကျော်စစ်သည်တော်တစ်ဦး စာအုပ်ဟာ ဗိုလ်မှူးကြီး(ဟောင်း) တင်မောင်ရဲ့အောင်မြင်ကျော်ကြား တဲ့ ဂျပန်ခေတ် စစ်ပညာတော်သင်တစ်ဦး၊ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်၊ မုန်တိုင်းလွန်သော် စတဲ့စာအုပ် ၃ အုပ်ကို စုစည်းထားတာဖြစ်ပါတယ်။

ဗိုလ်မှူးကြီး(ဟောင်း)တင်မောင်ရဲ့ဂျပန်ခေတ်စစ်ပညာတော်သင်တစ်ဦးဘဝကနေ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပိုင်းတပ်ရင်းပေါင်းများစွာကို ဦးစီးစစ်ဆင်ရတဲ့ တပ်မဟာမှူးဘဝအထိ ဖြတ်သန်းမှုအမျိုးမျိုးကို ဖတ်ရှုရမှာပါ။

ဗိုလ်မှူးကြီးဟာ သူရဲ့မင်္ဂလာဒုံဗိုလ်သင်တန်း ပထမပတ်အတွေ့အကြုံတွေ၊ ဂျပန်ဘုရင့်စစ်တက္ကသိုလ်မှာ ပညာဆည်းပူးခဲ့ တဲ့ အတွေ့အကြုံတွေ၊ ၁၉၄၆ ခုနှစ်ကနေ ၁၉၅၀ ခုနှစ်အတွင်း တိုင်းပြည်အခြေအနေ၊ စစ်သံမှူးအဖြစ်နဲ့ တိုင်းတပါးမှာ နိုင် ငံတာဝန် ထမ်းဆောင်ရတဲ့ ဘဝအတွေ့အကြုံအစုံစုံကို လူငယ်လူရွယ်တွေ၊ တပ်မတော်သားတွေကို သိစေချင်ပါတယ်။

သူ့ရဲ့ကိုယ်ရေးကိုယ်တာကို ဖယ်လိုက်ရင်တောင် မြန်မာ့တပ်မတော်သမိုင်းရဲ့အကြောင်းအရာတွေကိုတော့ သိကြရလိမ့် မယ်လို့ဆိုပါတယ်။

စိတ်ကူးချိုချိုက တန်ဖိုး ၈၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

စာရေးသူ            –  မောင်သန်းဆွေ(ထားဝယ်)

စာအုပ်အမည်       –  ကမ္ဘောဇမင်းသမီးလေး စဝ်စန္ဒာ

အမျိုးအစား         –  ဘာသာပြန်

မူရင်းစာရေးသူ စဝ်နန်းမြစန္ဒာဟာ မြန်မာနိုင်ငံရဲ့ပထမဆုံးသမ္မတကြီးစဝ်ရွှေသိုက်ရဲ့သမီးကြီးဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်အာ ဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာပြည်က ထွက်ခွာခဲ့ပြီး အင်္ဂလန်၊ ဂါနာ၊ စင်ကာပူ၊ ဟောင်ကောင်၊ အိုမန်၊ ပြင်သစ်စတဲ့နိုင်ငံ တွေမှာ နေထိုင်ခဲ့ပါတယ်။

ဒီစာအုပ်မှာ ရှမ်းစော်ဘွားတွေရဲ့သမိုင်းကြောင်း၊ စဝ်စန္ဒာရဲ့ညောင်ရွှေဟော်နန်းမှာ ဖြတ်သန်းခဲ့ရတဲ့ငယ်ဘဝ၊ ဖခင်စော်ဘွား ကြီးရဲ့အကြောင်း၊ ဒုတိယကမ္ဘာစစ်နဲ့ဂျပန်ခေတ်ကာလအတွေ့အကြုံများ၊ ကစ်စဘီခေတ်ကာလ၊ လွတ်လပ်ရေးရပြီး ခေတ် အခြေအနေ၊ ၁၉၆၂ ခုနှစ်အာဏာသိမ်းခြင်းနဲ့ နိုင်ငံတနိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေပါ အခွင့်အရေးတွေအတွက် ရှမ်း လူမျိုးတွေရဲ့ရုန်းကန်လှုပ်ရှားမှုတွေကို ရှားပါးဓာတ်ပုံတွေနဲ့အတူ ဖတ်ရှုမှာပါ။

နေရီရီစာအုပ်တိုက်က တန်ဖိုး ၇၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

စာရေးသူ            –  မောင်ကိုကို (အမရပူရ)

စာအုပ်အမည်       –  ကျွန်တော်၏မေမေနှင့်အခြားဝတ္ထုတိုများ

အမျိုးအစား         –  ဝတ္ထုတို

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ်နေအိမ်အကျယ်ချုပ်ကာလ၊ ကျောင်းသားတွေ ကြည့်မြင်တိုင် လမ်းပေါ် ကြွေးကြော်ချီတက်သွားကြချိန်မှာ ကျွန်တော်၏မေမေဝတ္ထု ကို ရေးသားခဲ့ပါတယ်။ ဒီစာအုပ်မှာ ၁၉၉၆ ခုနှစ်ကနေ ၂၀၁၇ အထိ ရေးသားခဲ့တဲ့ ဝတ္ထုတို ၂၇ ပုဒ်ပါဝင်ပါတယ်။

ရွှေမန်းတင်မောင်ဝတ္ထု၊ ဆရာတို့ဆီမှာ ပေါ်ဦးသက်လာသလား အစရှိတဲ့ သဘင်၊ ပန်းချီဝတ္ထုတွေကနေ စပယ်ယာက ဒရိုင်ဘာကို `ဆရာ` ခေါ်တယ် ၊ ခရီးသည်ကိုတော့ အော်ဟစ်တယ်ဆိုတဲ့ ခေတ်ပုံပြင် ဝတ္ထုအဆုံး ဆရာမောင်ကိုကိုရဲ့ ဝတ္ထုတိုအရသာတွေကို ခံစားဖတ်ရှုရမှာဖြစ်ပါတယ်။ ဆရာမောင်ကိုကိုက `မေမေ၏မျှော်လင့်ချက်အတိုင်း ကျွန်တော်တို့ အားလုံး ငြိမ်းချမ်းချင်ကြသည် မဟုတ်ပါလား `တဲ့ ။

ဆန်းစသော်တာစာပေက တန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

စာရေးသူ            –  ကျော်မျိုးကို

စာအုပ်အမည်       –  မြန်မာ့ရုပ်စုံသဘင်

အမျိုးအစား         –  ယဉ်ကျေးမှု

မြန်မာဇာတ်သဘင်သမိုင်း၊ မြန်မာ့ရုပ်စုံသဘင် စာအုပ်တွေကိုပြုစုခဲ့တဲ့ ဆရာကြီးဂုဏ်ထူးဦးသိန်းနိုင် ကိုယ်တိုင်က အချိုကို ရှာသကာကိုတွေ့ပြီလို့ ဆိုထားတဲ့စာအုပ်ပါ။ ပြုစုသူဆရာ ကျော်မျိုးကိုကလည်း ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဆိုင် ရာပညာရပ်တွေကို အီတလီနိုင်ငံ၊ ရောမမြို့မှာ သင်ယူခဲ့သူပါ။

ဒီစာအုပ်မှာ မြန်မာ့ရုပ်သေးသဘင်သမိုင်း၊ ရှေးမြန်မာ့ ရုပ်သေး ဖွဲ့စည်းပုံနှင့်ဆက်စပ်သော စည်းကမ်းသတ်မှတ်ချက်များ၊ ရုပ်သေးရုပ်များ၊ ရုပ်သေးရုပ်၏ စင်တည်ဆောက်ပုံနှင့် တင်ဆက်ကပြပုံ အစီအစဉ်များ၊ ရုပ်သေးသဘင်သုံး ဇာတ်စာ ဇာတ် စကားများ၊ ရုပ်သေးကြိုးဆွဲပုံ၊ အခြား(အထွေထွေ) စတာတွေကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ ဖတ်ရှုရမှာပါ။

ဒါအပြင် စာအုပ်မှာပါတဲ့ DVD ROM ကနေတဆင့် ရှားပါးရုပ်သေးဆိုင်းလက်သံတွေ၊ ရုပ်သေးပြော၊ ရုပ်သေးငိုဆိုတဲ့ ပညာရပ်ဆိုင်ရာ တန်ဖိုးကြီးမားလှတဲ့ အသံတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading