Lifestyle

မွန်ရိုးရာထည်များ Online မှ တဆင့်ရောင်းပေးနေတဲ့ လိမ္မော်သီး

Want create site? Find Free WordPress Themes and plugins.

မွန်ရိုးရာထဘီများကို ပရိသတ်တောင်းဆိုမှှုအရ Online မှတဆင့် တနိုင်တပိုင်ရောင်းချပေးနေတယ်လို့ မွန်တိုင်းရင်းသူ အဆိုတော် လိမ္မော်သီးက ဧရာဝတီကို ပြောပါတယ်။

မွန်ရိုးရာထည်များနဲ့ အဆိုတော် လိမ္မော်သီး

“J&W Clothing ဆိုတဲ့အမည်နဲ့ Online Shopping လည်း ဟုတ်တယ်၊ ဆိုင်လေးလည်း အိမ်မှာဖွင့်ထားတယ်။ မွန်ရိုးရာ ထည်လေးတွေ အဓိကရောင်းတာပေါ့။ ကျမတို့ ဝတ်နေတော့ တော်တော်များများက ဝတ်ချင်ကြတော့ ကျမတို့က လမ်းညွှန်ပြတယ်။

ဘယ်မှာသွားဝယ်ဆိုပြီးတော့ပေါ့။ နောက်တော့ ကျမတို့ကို ရောင်းပါလားလို့ ပြောလာကြတယ်။ ကျမတို့ကလည်း မွန်ထဘီ အရမ်းဝတ်တယ်ဆိုတော့ ကိုယ်လည်းဝတ်ရင်းနဲ့ ဒီဆိုင်လေး ဖွင့်ဖြစ်သွားတယ်” လို့ လိမ္မော်သီးက ပြောပါတယ်။

မွန်ရိုးရာထည်များနဲ့ အဆိုတော် လိမ္မော်သီး

အဆိုတော် လိမ္မော်သီးရဲ့ J&W Clothing ကို Online Shopping  နဲ့အတူ သူ့ရဲ့ အိမ်မှာလည်း ဆိုင်ဖွင့်ထားလျက်ရှိပြီး မွန်ရိုးရာထဘီများအပြင် ကြယ်သီးအလှများ၊ ပဝါများလည်းရောင်းချလျက်ရှိကာ နောက်ပိုင်းတွင် အခြားသောပစ္စည်း များလည်း ထည့်သွင်းရောင်းချဖို့ရှိတယ်လို့လည်း သိရပါတယ်။

အဆိုတော် လိမ္မော်သီးဟာ လက်ရှိအချိန်ထိ “လိမ္မော်ရောင် စိတ်ကူးများ”၊ “ဒဏ်ရာနှလုံးသား” စတဲ့ တေးစီးရီး ခွေ ၂ ခွေ ထွက်ရှိထားပြီး ယခုနှစ်ထဲမှာလည်း “အသက်ရှင်မယ့်သူ” အမည်ရှိ တေးစီးရီးအသစ် ထပ်မံထွက်ရှိမှာ ဖြစ်တယ်လု့ိလည်း သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading