၁။ သံစုံတီးဝိုင်းနှင့် ဂီတအမျိုးအစားများ ပေါင်းစပ် တင်ဆက်မည့် SHARK NUAC Orchestra Cinematic Music Show Case 2017 ကို မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ၂၆.၂.၂၀၁၇ ရက်နေ့ည ၇ တွင် ပြုလုပ်သွား မည် ဖြစ်ပြီး၊ ယင်း တင်ဆက်မှုကို ကျားပေါက်(Big Bag)၊ J-Me ၊ ဖြူဖြူကျော်သိန်း တို့လည်း အားဖြည့်ပါဝင်မည် ဖြစ်သည်။ အဆိုပါပွဲလက်မှတ် ၁ စောင်လျှင် ကျပ် ၁ သောင်းခွဲမှ ကျပ် ၄ သောင်း အထိ သတ်မှတ်ထားပြီး၊ ပွဲလက်မှတ်များကို 1876 Call Center နှင့် Innwa Book Store (Myanmar Plaza) သို့ ဆက်သွယ်ဝယ်ယူနိုင် ပါသည်။
၂။ ရန်ကုန်မြစ်၏ နေဝင်ချိန်ဆည်းဆာအလှကို ကြည့်ရှုကာ ဂီတသံစဉ်များ နားဆင်ခံစားရင်း အပန်းဖြေနိုင်မည့် The Sunset Boat Party ခရီးစဉ်ကို ၂၅.၂.၂၀၁၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ စတင်မည် ဖြစ်ကြောင်း သိရသည်။ The Royal Irrawaddy Boat ဖြင့် မြစ်တလျှောက် အပန်းဖြေသွားလာပြီး ည ၈ နာရီ ၁၅ မိနစ်တွင် ဗိုလ်တထောင်ဆိပ်ကမ်းသို့ ပြန်လည် ဆိုက်ရောက်မည် ဖြစ်သည်။ သင်္ဘောစီး တေးဂီတ နားထောင်ရင်း အပန်းဖြေနိုင်မည့် ယင်းခရီးစဉ် အတွက် တဦးလျှင် ၁၅၀၀၀ ကျပ် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။
၃။ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံး စာအုပ်ပလာဇာကြီး ဖြစ်သည့် Yangon Book Plaza ကို လမ်းမတော် မြို့နယ်၊ သံဈေးတွင် ၂၆.၂.၂၀၁၇ ရက်နေ့ နေ့လည် ၁ နာရီ၌ ဖွင့်လှစ်သွားမည် ဖြစ်သည်။ အဆိုပါ စာအုပ် ပလာဇာကြီးတွင် စာအုပ်အရောင်းဆိုင်များ၊ ရိုးရာကော်ဖီဆိုင်၊ အမှတ်တရပစ္စည်း အရောင်းဆိုင်၊ ကလေးကစားကွင်း၊ စာရေးဆရာ၊ ကဗျာဆရာကြီးများ၏ အမှတ်တရ ပြခန်းများ ပါဝင်ကြောင်း သိရသည်။
၄။ Yangon Career Fair ကို အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotel တွင် ၂၆.၂.၂၀၁၇ ရက်နေ့၌ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတွင် ထိပ်တန်း ကုမ္ပဏီပေါင်း ၄၀ ခန့်မှ လစ်လပ်နေသည့် အလုပ်အကိုင် နေရာများကို ခေါ်ယူသွားမှာ ဖြစ်ပြီး တိုက်ရိုက်အင်တာဗျူး အစီအစဉ်များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
၅။ Mikis ၊ Cyclone ၊ Ye Naung နှင့် အခြားအဆိုရှင်များ ပါဝင်သီဆိုဖျော်ဖြေသွားမည့် Hip Hop Cruise သင်္ဘောသည် ဝါးတန်းလမ်း ဆိပ်ခံမှ ၂၅.၂.၂၀၁၇ ရက်နေ့ ညနေ ၅ နာရီခွဲတွင် စတင်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ ပွဲလက်မှတ် ၁ စောင်လျှင် ၁ သောင်းကျပ်သတ်မှတ်ထားပြီး ၀၉၂၅၆၅၅၉၉၁၉ သို့ ဆက်သွယ်မှာ ယူနိုင်မည် ဖြစ်သည်။
၆။ နိုင်ငံတကာနှင့် ပြည်တွင်း ဒီဂျေပညာရှင်များ၏ MSS trinity edm festival ပွဲတော်ကို ရန်ကုန်မြို့၊ The One Entertainment Park တွင် ၂၄.၂.၂၉၁၇ ရက်နေ့ညနေ ၅ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက် ၁ စောင်လျှင် ၃၂၀၀၀ ကျပ်၊ ၆၈၀၀၀ ကျပ်စသည်ဖြင့် သတ်မှတ်ထားပြီး Myanmar Raver Gyi office: အမှတ်(၂၁)၊ အောင်သပြေလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။ အသေးစိပ်သိရှိလိုပါက Hotline – ၀၉၂၅၄၉၉၉၂၅၄ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
၇။ ရန်ကုန်၏ ပထမဆုံး Carnival Night ကို Novotel Yangon Max ၊ Time Out Sports Bar တွင် ၂၅ .၂.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်းကြေး အခမဲ့ဖြစ်ပြီး DJ Bay Tar ၏ ဖျော်ဖြေမှု၊ အခမဲ့ Face Painting နှင့် Best Costume Competition ဝတ်စုံပြိုင်ပွဲ များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
၈။ ပန်းချီဖေညွန့်ဝေ၏ The Heart of the 19th Century Rubbing ပန်းချီပြပွဲကို ၂၆.၂.၂၀၁၇ ရက်နေ့မှ ၇.၃.၂၀၁၇ ရက်နေ့အထိ လောကနတ် ပန်းချီပြခန်းတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ကုန်းဘောင်ခေတ် သင်္ကြန်၊ လယ်ထွန်မင်္ဂလာ၊ ရှင်ပြု၊ လက်ထပ် မင်္ဂလာပွဲ အစရှိသော မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ ပန်းချီကား ၁၅ ကား ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။
၉။ နယ်သာလန် အနုပညာရှင် Rabin Huissen နှင့် မြန်မာအနုပညာရှင် ပန်းချီအောင်မြင့်တို့၏ IN CONVERSATION အနုပညာပြပွဲကို အလံပြဘုရားလမ်းရှိ New Zero Art Space အနုပညာပြခန်းတွင် ၁၇.၂.၂၀၁၇ ရက်နေ့မှ ၂၇.၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် အင်စတော်လေးရှင်းများ၊ ဓာတ်ပုံများ၊ Video Art များ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀။ ပန်းချီလင်းဝဏ္ဏ၏ Mythical Spirit တကိုယ်တော် ပန်းချီပြပွဲကို တက္ကသိုလ်ရိပ်သာလမ်းဟောင်းရှိ အလှသစ် ပန်းချီပြခန်းတွင် ၂၄.၂.၂၀၁၇ ရက်နေ့မှ ၂၈.၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မြန်မှုကို အခြေခံသည့် မော်ဒန် ပန်းချီကားပေါင်း ၃၀ ခန့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။