သရုပ်ဆောင် ဝါဆိုမိုးဦးရဲ့ပထမဆုံး တကိုယ်တော် တေးစီးရီး “မိုက်လားပြောကြည့်” လို့ အမည်ပေးထားတဲ့ Audio CD နဲ့ Music Video (DVD) ဟာ မတ်လ ၂ ရက်နေ့မှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။
“အမှန်အတိုင်းပြောရရင် အခုလို အဆိုတော် ဖြစ်လာမယ်လို့ စဉ်းလည်းမစဉ်းစားမိဘူး။ တွေးလည်းမတွေးမိဘူး။ ပွဲတွေငှားရင် ဝါဆိုမှာ ပရိသတ်တောင်းဆိုလာရင် ကိုယ်ပိုင်သီချင်းမရှိတဲ့အတွက် အခုလို အခွေထုတ်ဖို့အတွက် ဖြစ်လာတာပါ။၂ နှစ်လောက် အချိန်ယူရတယ်။ မင်းသမီးတယောက်ဖြစ်တဲ့အတွက် MTV ပါ တွဲထုတ်မယ် ဆိုပြီးတော့ လုပ်ဖြစ်တာပါ”လို့ ဝါဆိုမိုးဦးက ပြောပါတယ်။
သရုပ်ဆောင်တယောက်ဖြစ်တဲ့အတွက် အဆိုဘက်မှာ ပြည့်စုံမှုမရှိသေးတဲ့အတွက် အများကြီး ကြိုးစားထားပါတယ် လို့လည်း ဆိုပါတယ်။
အဆိုပါတေးစီးရီးတွင် Featuring များအဖြစ် နှင်းဆီအငြိမ့်အဖွဲ့သားများဖြစ်ကြတဲ့ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း နဲ့ Snare အဖွဲ့မှ ဖြိုးလေး၊ စန္ဒီမြင့်လွင် တို့ပါဝင်သီဆိုပေးထားပါတယ်။
ဖန်တီးပေးထားတဲ့ တေးရေးဆရာတွေကတော့ ရွှေဂျော်ဂျော်၊ ဆလိုင်း၊ ယုန်လေး၊ နေဝင်း၊ ဖြိုးလေး၊ သားသား၊ ရွှေထူး၊ G-fatt နဲ့ ချမ်းဝင်းတို့ဖြစ်ပါတယ်။
ဒီ တေးစီးရီထဲမှာ တေးသီချင်းပေါင်း ၁၂ ပုဒ် ပါဝင်ပြီး Bo Bo Entertainment က ဖြန့်ချိမှာဖြစ်ကာ မတ်လ ၂ ရက် နေ့တွင် လှည်းတန်းစင်တာမှာ လက်မှတ်ရေးထိုး ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။