Lifestyle

MPT မှ မကြာခင် စတင်မယ့် Mobile Money ဝန်ဆောင်မှု

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာတခုဖြစ်တဲ့ MPT မှ မြန်မာနိုင်ငံမှာ MPT Mobile Money မိုဘိုင်းငွေကြေး ဝန်ဆောင်မှု (Mobile Financial Services) ကို မကြာခင် အချိန်အတွင်း ပေးအပ်နိုင်ရန် အကောင်အထည် ဖော်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

Mobile Money အစီအစဉ်နဲ့ ပတ်သက်ပြီး MPT Mobile Money မှ တာဝန်ရှိသူများက ၈ ကြိမ်မြောက် Mobile Money & Agent Banking အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ Mobile ဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများနဲ့ ပညာရှင်များ တက်ရောက်ခဲ့ကြပြီး Mobile ငွေကြေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

“ကျနော်တို့ MPT Mobile Money လုပ်ငန်းကို ဒီနှစ်အတွင်းမှာ စတင်ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။ MPT ရဲ့ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုကို အသုံးပြုသူ ၂၂ သန်းကျော် ရှိနေတဲ့အတွက် MPT Mobile Money အနေနဲ့ MPT ရဲ့ရှိရင်းစွဲ နည်းပညာများနဲ့ ဝန်ဆောင်မှုများကို အခြေခံ အသုံးပြုပြီး မြန်မာနိုင်ငံတဝန်းက ပြည်သူတွေအတွက် ယုံကြည်စိတ်ချရပြီး ရိုးရှင်းလွယ်ကူတဲ့ Mobile ငွေကြေး ဝန်ဆောင်မှုများကို အခြား လုပ်ငန်းတွေထက် ပိုမို ကျယ်ကျယ်ကျယ်ပြန့်နဲ့ ထိထိရောက်ရောက် ပေးအပ်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ MPT Mobile Money ရဲ့ CEO, Mr. Rozano Planta က ပြောပါတယ်။

MPT Mobile Money ဝန်ဆောင်မှုများကို အသုံးပြုပြီး မြန်မာနိုင်ငံပြည်သူများအနေနဲ့ ငွေကြေးသုံးစွဲမှုများနဲ့ စီမံခန့်ခွဲမှုများကို မိမိတို့ရဲ့ Mobile ဖုန်းများမှတဆင့် အချိန်မရွေး၊ နေရာမရွေး လျင်မြန်စွာ လုပ်ဆောင် အသုံးပြု နိုင်မယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading