ဒီဘက်ခေတ်မှာ ခေတ်စားလာတဲ့ Water Dance Speaker နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Water Dance Speaker ဟာ Speaker၂ ခု တွဲလျက်ဖြစ်ပြီး ဖုန်းနဲ့ဖြစ်ဖြစ် ကွန်ပျူတာနဲ့ဖြစ်ဖြစ် တွဲဖွင့်လို့ရတဲ့ Speaker တခုလို့ သိရပါတယ်။ သီချင်းဖွင့်လိုက်ရင် ရောင်စုံရေပန်းတွေက စည်းချက်နဲ့အညီ ကခုန်နေမှာဖြစ်တဲ့အတွက် မျက်စိပသာဒ ဖြစ်စေပါတယ်။
သီချင်းဖွင့်ဖို့အတွက် USB ချိတ်ဆက်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ USB Stick, Memory Card တွေတော့ ထပ်ထည့်လို့ မရဘဲ ဖုန်း၊ ကွန်ပျူတာတို့နဲ့သာ ချိတ်ဆက်ပြီး သီချင်းဖွင့်လို့ ရနိုင်မှာပါ။
အားနည်းချက်ကတော့ တခြား MP3 player တွေလို အားသွင်းတာမျိုး ဓာတ်ခဲထည့်ရတာမျိုးလုပ်ပြီး ဖွင့်လို့မရဘဲ USB ချိတ်ဆက်ပြီးမှသာ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ USB ချိတ်ဆက်အသုံးပြုလို့ မရနိုင်တဲ့နေရာမျိုးတွေမှာ အသုံးပြုချင်တယ်ဆိုရင်တော့ Power Bank နဲ့ ချိတ်ဆက်အသုံးပြုလို့ ရနိုင်တယ်လို့ သိရပါတယ်။
“ဒီ Speaker လေးတွေက USB ချိတ်ပြီးမှ သုံးရတာပါ။ USB Stick, Memory Card တွေတော့ ထပ်ချိတ်လို့ မရဘူး။ ဒီအတိုင်း သုံးချင်တယ်ဆိုရင်တော့ Power Bank လေးနဲ့ ချိတ်သုံးရင် အဆင်ပြေပါတယ်။ တော်တော်များများတော့ စိတ်ဝင်စားကြပါတယ်။ ဒီရက်ထဲမှာကို တော်တော်လေး ရောင်းရတယ်” လို့ Matrix ကွန်ပျူတာဆိုင်မှ ကိုရာဇာက ဧရာဝတီကို ပြောပါတယ်။
ဈေးနှုန်းအနေနဲ့ ၁၈၀၀၀ ကျပ်ဖြစ်ပြီး အွန်လိုင်းရှော့ပင်းများနဲ့ လျှပ်စပ်ပစ္စည်းဆိုင်တွေမှာ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။