လူသားတယောက်အတွက် မှတ်သားမှု၊ လေ့လာမှု၊ လုပ်ဆောင်မှုစတဲ့ ဆောင်ရွက်ချက်တွေကို ဦးနှောက် ကနေ မှတ်သားမှုပါတယ်။ ဒီနေရာမှာ အသက်အရွယ်အရဖြစ်စေ နေထိုင်မှု ပတ်ဝန်းကျင်အရ ဖြစ်စေ အလုပ်သဘောတ ရားအရ ဖြစ်စေ တဖြည်းဖြည်း သတိမေ့လျော့တတ်လာကြပါတယ်။
အဲဒီလို မေ့လျော့မှုတွေ ဘာကြောင့် ဖြစ်လာပါသလဲ၊ ဘယ်လိုမျိုး သတိမေ့လျော့ခြင်းကနေ အတတ်နိုင်ဆုံး ရှောင်ကြဉ် ကြပါမလဲ။
(၁) စိတ်ဖိစီးမှုကြောင့် သတိမေ့ခြင်း
စိတ်ဖိစီးမှုဟာ စိတ်ကျခြင်းကို ဖြစ်လာစေပါတယ်။ ဒီအတွက် ကာယကံရှင်ကိုယ်တိုင်က အကြောင်းအရာ တော်တော် များများကို မေ့ပစ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒီလိုနဲ့ ဒေါက်တာ Fotuhi ပြောသလို ကြွက်သားနဲ့ တူတဲ့ ဦးနှောက်က လေ့ ကျင့်ခန်း မလုပ်တော့တာကြောင့် သတိမေ့ခြင်းဖြစ်လာပါတယ်လို့ ဆိုပါတယ်။
ဒီအတွက် နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ဦးနှောက်အမြှေးရောင်ရောဂါမျိုး ခံစားရနိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှု အ တွက် သတိမေ့ခြင်းကို ပြန်လည်ကုစားဖို့ အတွက်တော့ နည်းလမ်းမရှိပါဘူး။ ဒါပေမယ့် တိုက်ရိုက်မဟုတ်ဘဲ အကောင်း ဆုံးလုပ်ဆောင်သင့်တဲ့ အချက်ကတော့ သင့်ကိုင်သင် အနိမ့်ဆုံး အဆင့်တခုအနေနဲ့ သတ်မှတ်နေထိုင်ပြီး ဖိအားတွေ လျှော့ချပစ်ဖိ့ု၊အလည်အပတ် ခရီးထွက်ဖို့၊ တရားထိုင်သလို စိတ်တည်ငြိမ်အောင် ကျင့်ကြံတာ အကောင်းဆုံးလို့ ဆိုပါ တယ်။
မနက်ဘက် လမ်းလျှောက်ခြင်းနဲ့အတူ အသက်ကို ပြင်းပြင်းနဲ့ ဝအောင် ရှူသွင်းမှုက စိတ်ဖိစီးမှုကို လျှော့ချစေနိုင်တယ်လို့ စမ်းသပ်ချက်တွေအရ သိရပါတယ်။
(၂) ဓမ္မတာ မမှန်ခြင်းကြောင်း သတိမေ့ခြင်း
ဒီအချက်ကတော့ အမျိုးသမီးတွေမှာပဲ ဖြစ်တတ်တဲ့ သတိမေ့ခြင်းမျိုးပါ။ ဓမ္မတာပုံမှန် လည်ပတ်စေတဲ့ ဟော်မုန်းထုတ် လွှတ်မှုဟာ အမျိုးသမီးတွေကို မှတ်ဉာဏ်ပိုမိုကောင်းမွန်စေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဓမ္မတာ မမှန်ရင်တော့ ဟော် မုန်းထုတ်လွှတ်မှု အားနည်းချက်ကြောင့် ဖြစ်နိုင်သလို အဆိုပါ Oestrogenဆိုတဲ့ ဟော်မုန်းထုတ်လွှတ်မှု မမှန်ရင်တော့ အမျိုးသမီးတွေမှာ သတိမြေ့ခင်းကို ပိုပြီး ဖြစ်လာစေနိုင်ပါတယ်။
ဒီလို ဓမ္မတာ မမှန်ခြင်းနဲ့ နောက်ဆက်တွဲ သတိမေ့ခြင်းအတွက်ကတော့ ပထမအဆင့် အနေနဲ့ဓမ္မတာမှန်ဖိ့ု ဆရာဝန်နဲ့ပြ သပြီး ဆေးညွှန်းအတိုင်း သောက်သုံးဖိ့ု လိုအပ်သလို သတိမေ့ခြင်းပါ ဖြစ်လာရင်တော့ ဦးနှောက်နဲ့ အာရုံကြော ဆရာဝန်နဲ့ ပြသဖို့ သင့်ပါတယ်။
(၃) အိပ်ချိန်နဲ့ ကိုယ်အလေးချိန်ကြောင့် သတိမေ့ခြင်း
ဒီတချက် အအိပ်များသူတွေ အတွက်၊ အဝလွန်သူတွေအတွက် သတိထားရမယ့် အချက်ပါ။ စစ်တမ်းတွေ အရ BMIလို့ ဆို တဲ့ မိမိရဲ့ အရပ်နဲ့ အလေးချိန်ကို အချိုးအဆ တွက်ချက်မှုနှုန်းမှာ ကိုယ်အလေးချိန် ၁ ပွိုင့်တက်လာတိုင်း မှတ်ဉာဏ် ၁ ပွိုင့် လျော့ကျသွားတာ တွေ့ရပါတယ်။
ဆိုလိုရင်းကတော့ သင့် အနေနဲ့ ဝ,လာ လေလေ သတိမေ့ခြင်း ဖြစ်နိုင်ဖို့ များလေလေပါပဲ။ ဒါပေမယ့် အဝလွန်ရုံနဲ့တင် သ တိမြေ့ခင်းဖြစ်နိုင်ဖို့ ရာခိုင်နှုန်းများတာ မဟုတ်ပါဘူး၊ ပိန်လွန်းရင်လည်း သွေးလည်ပတ်မှု မမှန်တာကြောင့် သတိမေ့ခြင်း ဖြစ်လာနိုင်ပါတယ်။
ဒီအတွက် လုပ်ဆောင်ရမယ့် လေ့ကျင့်ခန်းကတော့ သင့် အနေနဲ့ အဝလွန်နေပါသလား၊ အစားလျှော့ပါ၊ လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ၊ မနက်ဘက် လမ်းလျှောက်ပေးပါ၊ တကယ်လို့ သင့်အနေနဲ့ ပိန်လွန်းနေပါသလား၊ အိပ်ချိန်ကို ပိုသုံးပေးပါ၊ အိပ်ရေး ဝ,ပါစေ။
(၄) အရက်အလွန်အကျွံ သောက်ခြင်းကြောင့် သတိမေ့ခြင်း
ဒီအချက်ကတော့ အမျိုးသမီးတွေမှာပါ အရက်သောက်သုံးမယ် ဆိုရင် ခံစားရနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရက်သောက် သုံးသူတိုင်း သတိ မမေ့ပါဘူး။ အလွန်အကျွံသောက်သုံးသူတွေ အနေနဲ့ အရွယ်မတိုင်မီ သေဆုံးခြင်း အပါ အဝင် သတိမေ့လျော့တတ်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါအပြင် သွေးတိုး၊ အာရုံကြော အားနည်းသူတွေနဲ့ မျက်မှန်တပ်ဆင်ရသူတွေ အနေနဲ့ အရက်အလွန်အကျွံသောက်သုံး မှုဟာ သတိမေ့ခြင်းအပြင် ကာလတို အတိတ်မေ့ခြင်းမျိုး အထိပါ ဖြစ်နိုင်ပါတယ်။ နားလည်လွယ်အောင် ပြောရရင်တော့ အမူးလွန်နေတဲ့ ကာလအတွင်း မိမိ ဖြစ်ပျက်သမျှကို လုံး၀ မမှတ်မိတော့အောင် မေ့ခြင်းမျိုးပါ။
သတိမေ့ခြင်းက လူတယောက်ရဲ့နာမည်ကို မေ့လျော့နေခြင်း၊ မိမိ ဝယ်ယူရမယ့် ဈေးဝယ်စာရင်းကို မေ့လျော့တတ် ခြင်း၊ ချိန်းဆိုမှု တခုခုကို မေ့လျော့နေတတ်ခြင်းလောက်ပဲ ဖြစ်ပြီး မှတ်သားချက်ရေးထားတဲ့ အကျင့်ကို မွေးထားမယ်ဆိုရင် ပြန် သတိရနိုင်ပေမယ့် ဘယ်လိုမှ ပြန်စဉ်းစားလို့ မရအောင် မေ့သွားတတ်တဲ့ ကာလတို အတိတ်မေ့ခြင်းအတွက်ကတော့ ကြိုတင်ပြင်ဆင်မှုထက် အရက်ကို အလွန်အကျွံမသောက်ဖြစ်အောင် ထိန်းတာ အကောင်းဆုံး ဖြစ်ပါတယ်။
(၅) စိတ်ခံစားမှု မြင့်မားခြင်းကြောင့် သတိမေ့ခြင်း
ဒီအချက်က အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကလည်း သဘာဝအရ အမျိုးသမီးတွေဟာ အမျိုးသားတွေ ထက် စိတ်ခံစားမှု ပိုမို မြင့်မားတာကြောင့် ဖြစ်ပါတယ်။ ပျော်ရွှင်မှု ပိုမိုခြင်း၊ ဝမ်းနည်းမှု ပိုမိုခြင်းစတဲ့ စိတ်ခံစားမှု မြင့်မား ခြင်းက အခြားသော အလုပ်ချိန်၊ အိပ်ချိန်၊ အနားယူချိန်တွေ အထိပါ ခံစားတတ်လာပြီး လုပ်ကိုင်ဆောင်ရွက် စရာတွေကို မေ့ လာတတ်တာ ဖြစ်ပါတယ်။
ဆိုလိုရင်းအနေနဲ့ကတော့ မိသားစုဝင် တဦးဦး ဆုံးပါးမှုကြောင့် စိတ်ဆင်းရဲမှု ဖြစ်နေချိန်မှာ အလုပ်ကို ခွင့်ယူပြီး ခွင့်ရက် အတွင်း အကောင်းဆုံး စိတ်ဖြေသိမ့်နေထိုင်လိုက်ဖို့ သင့်ပေမယ့် တချို့ကတော့ အဆိုပါ ကာလ ကျော်လွန်လာသည့် တိုင် အောင် စိတ်ခံစားမှု မြင့်မားပြီး မေ့မရနိုင်အောင်၊ အလုပ်ချိန်အထိအောင်ပါ ဝမ်းနည်းနေတတ်တာတွေက မိမိ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်မှု လျော့ကျလာတတ်သလို နံပတ် ၁၊ ၂နဲ့ ၃အချက်တွေကိုပါ နောက်ဆက်တွဲ ဖြစ်လာနိုင်စေ ပါတယ်။
ဒီအတွက် အကောင်းဆုံး လုပ်ဆောင်သင့်တာကတော့ မိမိ လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားတွေကို အပိုင်းခွဲပြီး လုပ်ဆောင် တတ်တဲ့ အကျင့်ကို မွေးဖို့ပါပဲ။
အလုပ်ချိန်အတွင်း ဘယ်လို အကြောင်းအရာပဲ ဖြစ်ဖြစ် မေ့ထား၊ ဖယ်ထားပြီး အလုပ်ကို ဆက်လက် လုပ်ကိုင်မှု၊ အနားယူ ချိန်အတွင်း ကိုယ်၊ စိတ် အားလုံး တွေးတောမှု၊ စိတ်ဖိစီးမှု မရှိစေဘဲ အနားယူမှု၊ အိပ်ချိန်အတွင်း အလုပ်၊ စိတ်ဖိစီးမှုများကို ဖယ်ထားပြီး ပုံမှန်အိပ်စက်မှု၊ အရက်နဲ့ မူးယစ်ဆေးနွယ်သောဆေးများ သုံးစွဲခြင်း မပြုလုပ်ခြင်းများ လုပ်ဆောင်သင့်ပါ တယ်။