၁။ “အခရာ” အမျိုးသမီးအဖွဲ့မှ ဦးဆောင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ပြည်သူ့ဥယျာဉ်၊ Cultural Valley တွင် ၈.၃.၂၀၁၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ တွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတွင် ဆယ်ကျော်သက် အမျိုးသမီးငယ်များ အတွက် အထူးအစီအစဉ်များ၊ တေးဂီတ၊ ပြဇာတ်၊ လူထူစာဖတ်ပွဲများနှင့် စိတ်လှုပ်ရှားဖွယ် အစီအစဉ်များစွာ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
၂။ Tales of the Cassette Tapes (အမျိုးသားပြတိုက်မှ ကတ်ဆက်တိတ်ခွေ ဇာတ်လမ်းများ) အနုပညာ ပွဲတော်ကို ပြည်လမ်း၊ အမျိုးသားပြတိုက်တွင် ၄.၃.၂၀၁၇ မှ ၁၂.၃.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပွဲတော်တွင် လာရောက်သည့်ပရိတ်များက မိမိတို့တွင် ရှိသော အသံသွင်းထားသည့် အမှတ်တရများ၊ ကတ်ဆက်တိတ်ခွေ များ ယူဆောင်လာနိုင်မည် ဖြစ်ပြီး ပွဲတာဝန်ရှိသူများမှ စုဆောင်း မှတ်တမ်းတင်ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ပွဲတော် အဆုံးသတ်ချိန်တွင် ဖိတ်ကြားခံ အနုပညာရှင်များက စုဆောင်းထားသည့် ထိုကက်ဆက် တိတ်ခွေများ ကို အသုံးပြုကာ ခေတ်ပြိုင်အနုပညာ လက်ရာ တခုအဖြစ် စိတ်လှုပ်ရှားစရာ ဖန်တီးကြမည် ဖြစ်သည်။
၃။ Yangon Collective Summer Market ဈေးရောင်းပွဲကို အမှတ် ၃၀၊ အင်းလျားလမ်းရှိ Yangon Bakehouse တွင် ၁၁.၃.၂၀၁၇ ရက်နေ့ နံနက် ၈ နာရီမှ ၁၂ နာရီအထိပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ဈေးရောင်းပွဲတွင် လူသုံးကုန်ပစ္စည်း၊ ဖက်ရှင်၊ အလှဆင်ပစ္စည်း စသည်များကို ရောင်းချပေး သွားမည် ဖြစ်ကြောင်းသိရသည်။
၄။ ၉ ကြိမ်မြောက် Yangon Photo Night and Exhibition Opening ဓာတ်ပုံ ပြပွဲကို ပြည်လမ်းရှိ Institut Francais de Birmanie တွင် ၁၁.၃.၂၀၁၇ ရက်နေ့ ညနေ ၅ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ဓာတ်ပုံပညာရှင်များက Photo Story Awards အတွက် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ဆွီဒင်ဓာတ်ပုံ ပညာရှင် Dominic Nahr ၏ SOUTH SUDAN FRATURED STATE ဓာတ်ပုံပြပွဲကိုလည်း ကြည့်ရှုနိုင်မည် ဖြစ် သည်။
၅။ My Yangon My Home အနုပညာ ပွဲတော်၏ အစိတ်အပိုင်းအခွဲပြပွဲ အဖြစ် Building Blocks Yangon ဗိသုကာလက်ရာများ ပြပွဲကို သခင်မြပန်းခြံတွင် ၁.၃.၂၀၁၇ ရက်မှ ၁၂.၃.၂၀၁၇ ရက်နေ့ အထိ ပြသထားသည်။ ယင်း ဗိသုကာ လက်ရာများမှာ သံလျင်မြို့ရှိ ပုဂ္ဂလိက အထက်တန်းကျောင်း တခုမှ ကလေးငယ် ၁၀ ဦး စိတ်ကူးပုံဖော်ထားသည့် ရန်ကုန်မြို့ပြ ပုံစံသစ်ကို ဗိသုကာရှင်များက ပုံစံရေးဆွဲ တည်ဆောက် ပြသထားခြင်း ဖြစ်သည်။
၆။ Jazz under the stars ဂီတပွဲကို စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်းရှိ Atlas Rooftop Bar & Lounge တွင် ၈.၃.၂၀၁၇ ရက်နေ့ည ၈ နာရီမှ စတင် ပြုလုပ်သွားမည် ဖြစ်သည်။ ပါဝင်ဆင်နွှဲမည့် သူများ [email protected] သို့ ဆက်သွယ် စာရင်း ပေးနိုင်ကြောင်း သိရသည်။
၇။ ပန်းချီအောင်ကြည်စိုး၏ ကျီးကန်းများနှင့်နေထိုင်ခြင်း (LIVING WITH CROWS) တကိုယ်တော် ပန်းချီပြပွဲကို ယောမင်းကြီး လမ်းရှိ နဝဒေးသာလာ ပြခန်းတွင် ၄.၃.၂၀၁၇ ရက်မှ ၁၀.၃.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် အခရိုင်းလစ်ပန်းချီကား ၁၀ ကားခန့်ပြသွားမည် ဖြစ်ပြီး ခေတ်ပြိုင် ခံစားမှု၊ ခေတ်ပြိုင်အတွေး (Concepts) ကို နိမိတ်ပုံများဖြင့် ဖန်တီးတင်ပြထားကြောင်း သိရသည်။
၈။ ပန်းချီဆရာကြီး ဦးဘဝင်း၏ ရေဆေးပန်းချီ ပြပွဲကို ပန်းဆိုးတန်းလမ်းရှိ လောကနတ် ပန်းချီပြခန်းတွင် ၉.၃.၂၀၁၇ ရက်မှ ၁၉.၃.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ရေဆေးပန်းချီကား ၅၀ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၉။ ပန်းချီ လှထွဏ်းအောင် ၏ ရန်ကုန်မြို့ဘူတာများ ရေဆေးပန်းချီ ပြပွဲကို နှင်းဆီကုန်းဘိုးဘွား ရိပ်သာရှိ နှင်းဆီမြိုင် ပန်းချီ ပြခန်းတွင် ၉.၃.၂၀၁၇ ရက်မှ ၁၃.၃.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ရန်ကုန်မြို့ရှိ ဘူတာရုံများကို ရှု့ထောင့်အမျိုးမျိုးမှ ရေးဆွဲထားသည့် ရေဆေးပန်းချီကား ၆၄ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀။ ပန်းချီဝင်းမြင့်၊ ဇော်လွင်၊ နန္ဒတို့၏ “TRI” ဟု အမည်ပေးထားသည့် အုပ်စုပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ၁၁.၃.၂၀၁၇ မှ ၁၄.၃.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ဆီဆေး၊ အခရိုင်းလစ် ပန်းချီကား ပေါင်း ၃၀ ခန့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ။